ပွေးကိုင်းစိုက်ပျိုးနည်း
ပွေးကိုင်းသည် မြန်မာ့ဆေးဝါးတွင် အများဆုံးပါဝင်သော ဆေးဖက်ဝင်ပင်ဖြစ်ပါသည်။ အထူးသဖြင့် ဝမ်းနုတ်ဆေးများတွင် အသုံးပြုသည်။ ပွေးကိုင်းသည် ဝမ်းကို မရစ်နာစေဘဲ ကုန်စင်အောင်သွားစေသည်။ ပွေးကိုင်းဝမ်းနုတ်ဆေးကို ကလေးငယ်များ၊ လူအိုများ ကိုတိုက်ကျွေးနိုင်သည်ဟု ဆေးကျမ်းအချိုတွင် ဖော်ပြထားသည်။ ထို့အပြင် ဘတ်တီးရီးယားနှင့် မှိုကြောင်ဖြစ်သော ယားယံဝေဒနာများကိုလည်း သက်သာပျောက်ကင်စေပါသည်။ ထို့အတွက် မိသားစုတစ်နိုင်တစ်ပိုင် အဖြစ် စိုက်ပျိုးလာကြပါသည်။ မြေအမျိုးအစားသဲဆန်သော မြေမှလွဲ၍ အခြားသောမြေ အမျိုးအစားတွင် ကောင်းစွာဖြစ်ထွန်းတတ်ပါသည်။ ရာသီဥတုအပူပိုင်းဒေသများတွင်သာ စိုက်ပျိုးဖြစ်ထွန်းသည်။ အအေးပိုင်းဒေသများတွင် စိုက်ပျိုူးရန် မသင့်တော်ပါ။ စိုက်ပျိုးချိန်ပွေးကိုင်းကို မိုးဦးကျစအချိန်တွင် စိုက်ပျိူးနိုင်သည်။ မိုးနှေုာင်းစက်တင်ဘာလတွင်လည်း စိုက်ပျိူးနိုသည်။ စိုက်ပျိုးပုံထယ်ရေး အတော်အသင့် ညက်လျှင် စိုက်ပျိုးနိုင်ပါသည်။ ထို့နောက် တစ်ပင်နှင့်တစ်ပင် ၁၈×၁၈ လက်မခွာ၍ မျိုးချစိုက်ပါ။ ဆွတ်ခူးချိန်ပွေးကိုင်းစိုက်ပြီး (၄) လရလျင် ဆွတ်ခူးနိုင်သည်။ အာနိသင်ပြည့်ရန်ပွေးကိုင်းရွက်များကို ခူးပြီးနေလှန်းလျင် အရောင်ပျက်သည်။ တန်ခိုးအာနိသင်လည်းလျော့သည်။ နေ ရိပ်တွင် နေပူမမိစေဘဲ ခြောက်စေလျင် အရောင်ကောင်း၍ ဆေးတန်ခိုးအာနိသင်လည်း ပိုမိုပြည့်ဝစေသည်။နှစ်ရှည်ခံသလား စိုက်ပြီး (၅)နှစ်အထိ ထားနိုင်သည်။ အရွက်များကောင်းကောင်းခူးနိုင်သည်။အခြားအပင်များအကြား ကြားသီးနှံ အဖြစ်လည်းစိုက်ပျိူးနိုင်သည်။ မျိုးရနိုင်သည့်နေရာနီးစပ်ရာ ပရဆေးဥယျာဉ်နှင့် အမျိူးသားဆေးဥယျာဉ် များတွင်မျိုးရရှိနိုင်ပါသည်။ အထွက်နှုန်းပွေးကိုင်းကို စနစ်တကျ စိုက်ပျိုးလျှင် တစ်ဧက ပိသာ ၅၀ မှ ၇၅ အထိထွက်သည်။ Source- စိုက်ပျိုးရေးဦးစီးဌာန