cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

နှမ်းစေ့တွေ အမြောက်အများ အညှောက်ပေါက်နိုင်ဖို့ ဘာကအရေးကြီးသလဲ။

. စိုက်ပျိုးနည်းစနစ်များ
နှမ်းစေ့တွေ အမြောက်အများ အညှောက်ပေါက်နိုင်ဖို့ ဘာကအရေးကြီးသလဲ။
  • အတန်းလိုက် နှမ်းစိုက်ပျိုးနည်းစနစ်


    နှမ်းမျိုးစေ့ နှုန်းထားသည် မျိုးစေ့ချနည်းစနစ်နှင့် မျိုးစေ့အမျိုးအစားပေါ်တွင် မူတည်ပါတယ်။ မျိုးကြဲ စိုက်ပျိုးနည်း စနစ်တွင် တစ်ဧကလျှင် မျိုးစေ့ ၄ပြည်နှုန်း စိုက်ပျိုးရမှာဖြစ်ပြီး အတန်းလိုက် စိုက်ပျိုးနည်းစနစ်တွင်မူ ရေသွင်းရေထုတ်ပေါ်မူတည်ပြီး တစ်ဧကလျှင် ၂ပြည်နှုန်း စိုက်ပျိုးရပါမယ်။


    မြန်မာနိုင်ငံရှိ အထွက်နှုန်းတိုး နှမ်းမျိုးများမှာ ၃လသက်တမ်းရှိ ဆင်းရတနာ ၃၊ ဆင်းရတနာ ၄ နှင့် နှမ်းနီ ၂၅/၈၀ တို့ဖြစ်ပါပြီး နာမည်ကျော် ဒေသမျိုးများမှာ (၄-၅)လသက်တမ်းရှိ မယ်သီလနှင့် ကြဲ့မရှောင် မျိုးများဖြစ်ပါတယ်။


    နှမ်းမျိုးစေ့ ပျိုးခြင်းအတွက် ဖော်ပြပါ နည်းစနစ်များအတိုင်း လိုက်နာပါ။


     * ဦးစွာပထမ ပျိုးထောင်ရန်အတွက် မြေသားအား စိုစွတ်အောင် ပြုလုပ်ပါ။ ခြောက်သွေ့သော မြေပေါ်တွင် မည်သည့်အခါမှ ပျိုးမထောင်သင့်ပါ။


    * နှမ်းမျိုးစေ့ အညှောက်ပေါက်ရန် ပျိုးခင်း စိုစွတ်မှုရှိဖို့ (၃)ရက်ဝန်းကျင်ခန့် အစိုဓာတ်ထိန်းပေးရပါမယ်။


    * နှမ်းမျိုးစေ့များအား အတန်းလိုက် ပျိုးပေးပါ။


    * နှမ်းမျိုးစေ့များအား အနက် (၂)လက်မခန့်တွင် ပျိုးကာ မြေကြီးဖြင့် ပြန်ဖုံးပေးပါ။


  • article
likes6comments0
views1892