cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပျပိုးကျရောက် ဖျက်ဆီးမှု

. ပိုးမွှား
ပျပိုးကျရောက် ဖျက်ဆီးမှု
  • article
  • ဖျက်ဆီးမှု လက္ခဏာများ
    ပျငယ်များရော ပျအကောင်ကြီးများပါ ကြီးထွားဖွံ့ဖြိုးဆဲ အရွက်များ၊ အပွင့်များနဲ့ စွယ်များဆီက အရည်များကို စုပ်ယူကာ အရွက်များကို လိပ်ကပ်သွားစေတတ်ပါတယ်။ ဒီပိုးများဟာ ဗိုင်းရပ်စ်တွေကို သယ်ဆောင်ကူးစက်စေတာမို့ အပင်အထွက်နှုန်းကို လျှော့ကျစေပါတယ်။ ပျများဟာ စစ်ထုတ်ရည်များကို ထုတ်ပေးပြီး အနက်ရောင် အဖြစ်ပြောင်းကာ ကြပ်ခိုးမှိုများ ဖြစ်ပေါ်လာစေပါတယ်။ ပျက်စီးမှု လက္ခဏာများမှာတော့ အဝါရောင်သန်းလာခြင်း၊ ခြောက်သွေ့သွားခြင်းနဲ့ အပင်သေဆုံးအထိ ပါဝင်ပါတယ်။ အရွယ်ရောက် ပျပိုးများဟာ အနက်ရောင်တောက်တောက် ဖြစ်ပြီး ပျငယ်များကတော့ အညိုရင့်ရောင် ရှိတတ်ပါတယ်။ ပျပိုးကျခဲ့ပြီဆိုရင် အရွက်ငယ်များ၊ ပင်စည်များ၊ အပွင့်များနဲ့ စွယ်များပေါ်မှာ အပင်မှ ပင်ရည်များကို ပျပိုးများ စုပ်ယူနေတာ ဦးကြီးတို့ တွေ့ရနိုင်ပါတယ်။
    ပိုးဘဝစက်ဝန်း
    * ပျပိုးကောင်ငယ်များဟာ (၂) မီလီမီတာ အလျားရှိပြီး လုံးရှည်ရှည် ကိုယ်ထည်ရှိကာ၊ အစိမ်းရောင်၊ အစိမ်းပုပ်ရောင် များ ရှိတတ်ပါတယ်။
    * ပျပိုးကောင်ငယ်များဟာ အညိုရင့်ရောင် ဖြစ်ပြီး အရွယ်ရောက်လာတဲ့အခါ အနက်ရောင် အဖြစ် ပြောင်းသွားတတ်ပါတယ်။
    * တစ်ခါတရံ အတောင်ပံများနှင့် တွေ့ရနိုင်ပေမယ့် အရွယ်ရောက်ကောင် အများစုမှာ အတောင်မပါပါ။
    * တစ်နှစ်မှာ မျိုးဆက် ၁၂-၁၄ ဆက်အထိ ရှိတတ်ပြီး တစ်ပင်မှာ အကောင် ၅၀-၁၀၀ အထိ ရှိနေတတ်ပါတယ်။
    htwettoeimg
    ပျပိုးကာကွယ်နှိမ်နှင်းခြင်း
    စိုက်ပျိုးနည်းစနစ်များဖြင့် ကာကွယ်နှိမ်နှင်းခြင်း
    * အချိန်မှန် မျိုးချ စိုက်ပျိုးပါ။
    * ပိုမိုသန်စွမ်းတဲ့ အပင်များ ပေါက်ရောက်နိုင်ဖို့ ကျန်းမာသန့်စင်တဲ့ မျိုးစေ့တွေကို ရွေးချယ်စိုက်ပျိုးပါ။
    * ပိုးကျရောက်တတ်တဲ့ ဒေသများမှတော့ ဆင်းပဒေသာ-၅ လို ခံနိုင်ရည်ရှိတဲ့ မျိုးတွေကို ရွေးချယ်စိုက်ပျိုးပေးခြင်းဖြင့် ပျပိုးရန်မှ ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
    ဇီဝသက်ရှိများဖြင့် ကာကွယ်နှိမ်နှင်းခြင်း
    * ဖြစ်နိုင်ပါက ရုံးပတီသီး၊ နေကြာကလေး၊ နှမ်း စတဲ့ အဝါရောင်နဲ့ အဖြူရောင်ရှိတဲ့ အပင်များကို ရွေးချယ်စိုက်ပျိုးပြီး အကျိုးပြုမိတ်ဆွေပိုးများ စိုက်ခင်းဆီ လာရောက်နိုင်ရန်ဖို့ အားပေးကူညီပါ။
    * လိပ်ခုံးကျိုင်း၊ ရှိခိုးကောင်၊ ခြစားယင်ကောင်၊ ဇာတောင်ပိုးနဲ့ ဦးမျှင်ရှည်နှံကောင်စတဲ့ မိတ်ဆွေပိုးများကို ထိန်းသိမ်းထားခြင်းဖြင့်လည်း ပျပိုးရန်မှ ကာကွယ်နိုင်ပါတယ်။
    ဘက်စုံနည်းစနစ်များဖြင့် ကာကွယ်နှိမ်နှင်းခြင်း
    * ပျပိုးပြန့်ပွားမှုကို ထိန်းချုပ်ဖို့ စိုက်ခင်းပတ်ဝန်းကျင်မှ ပေါင်းပင်များကို ဖယ်ရှားရှင်းလင်းထားနိုင်ပါတယ်။
    * ပျပိုးကျထားသော မြေပဲရွက်များကို ခူးယူဖျက်ဆီးပစ်ပါ။
    * ပြောင်း၊ ဒါမှမဟုတ် အခြားနှံစားသီးနှံများနဲ့ မြေပဲကို အလှည့်ကျ၊ ဒါမှမဟုတ် ရောယှက်စိုက်ပျိုးနိုင်ပါတယ်။
    * စိုက်ပျိုးပြီး နှစ်ပတ်နောကင်ပိုင်း စိုက်ခင်းကို လှည့်ပတ်ကြည့်ရှု့ကာ ပျပိုး ရှိမရှိ၊ အရွက်များ ဝါခြောက်နေခြင်း ရှိမရှိ ပုံမှန်စစ်ဆေးပေးပါ။


    ဓာတုနည်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း
    မြေပဲပင်များကို ပျပိုးရန်မှ ကာကွယ်ဖို့ အောက်ပါ ပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါတယ်။
    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးမှာ ကာဘိုဆူလ်ဖန် ၃% အီးစီ စားပွဲတင်ဇွန်း ၄-၆ ဇွန်းနှုန်း
    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးမှာ အစီဖိတ် ၇၅% အက်စ်ပီ စားပွဲတင်ဇွန်း ၄-၆ ဇွန်းနှုန်း
    ၃။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးမှာ ပရိုဖီနိုဖောစ့် ၅၀% အီးစီ စားပွဲတင်ဇွန်း ၄-၆ ဇွန်းနှုန်း
    ၄။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အီမီဒီကလိုပရစ်ဒ် ၇၀% ဒဗလျူပီ စားပွဲတင်ဇွန်း ဇွန်းတဝက်-၁ ဇွန်းနှုန်း
    ၅။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အစီတမီပရစ်ဒ် ၁.၈% အီးစီ စားပွဲတင်ဇွန်း ၂-၄ ဇွန်းနှုန်း
    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ ပိုးသတ်ဆေးထုတ်များတွင် ပါရှိသည့် မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)


likes4comments0
views1001