cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပေါင်းနှိမ်နှင်းခြင်း

. ပေါင်းမြက်
ပေါင်းနှိမ်နှင်းခြင်း
  • article
  • htwettoeimgမြေပဲပင်များကြား ရောနှောပေါက်ရောက်ကာ မြေအစိုဓာတ်၊ မြေဆီသြဇာ၊ အလင်းရောင်၊ နေရာ စတဲ့ရင်းမြစ်တွေကို မြေပဲပင်များနဲ့အပြိုင် ရယူနေတဲ့ ပေါင်းမြက်များဟာ ရောဂါလက်ခံပင်များလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် ထယ်ထိုးထွန်မွှေပြီးပါက ပေါင်းကို ပြောင်စင်အောင် ကောက်ပေးပါ။ ပေါင်းပင်များဟာ အထွက်နှုန်းလျှော့ကျစေပြီး မြေပဲစေ့များ၏ အရည်အသွေးကို ညံ့ဖျင်းစေကာ ရိတ်သိမ်းရာမှာလည်း အခက်အခဲ ဖြစ်စေတတ်ပါတယ်။ ဒါကြောင့် ကိုယ်တိုင် လက်နဲ့ ပေါင်းလိုက်ခြင်းမှ ဓာတုဆေးဝါးများဖြင့် ပေါင်းသတ်ခြင်းအထိ အဆင့်လိုက် စနစ်တကျပြုလုပ်ကာ ပေါင်းပင်များကို နှိမ်နင်းသင့်ပါတယ်။


    လက်ပေါင်းလိုက်ခြင်း
    အပင်ကြီးထွားမှုအဆင့်တွင် ပေါင်းပင်များကို ထိရောက်စွာ ကာကွယ်နှိမ်နင်းရပါမယ်။ မြေညက်အောင် ပြုလုပ်ထားခြင်းဖြင့်လည်း ပေါင်းပင်ကြီးထွားမှုကို လျှော့ချပေးနိုင်ပါတယ်။ စိုက်ခင်းထဲမှာ ပေါင်းပင်များ တွေ့ရှိတာနဲ့ ချက်ချင်းဖယ်ရှားပစ်သင့်ပါတယ်။
    လက်ပေါင်းလိုက်တဲ့ အဆင့် ၃ ဆင့်စလုံးဟာ အရေးကြီးလှပါတယ်။ ပထမအဆင့်ကို စိုက်ပျိုးပြီး (၇) ရက်ခန့်မှာ ပြုလုပ်လေ့ရှိပြီး၊ ဒုတိယအဆင့်ကိုတော့ စိုက်ပျိုးပြီး ၂၁-၂၈ ရက်အတွင်း ပြုလုပ်ရမှာ ဖြစ်ပါတယ်။ နောက်ဆုံး ပေါင်းသင်အဆင့်မှာတော့ ပေါင်းကြီးထွားမှုပေါ် မူတည်ပြီး၊ စိုက်ပျိုးပြီး ရက် ၆၀ ထက် နောက်မကျဘဲ ပြုလုပ်ရပါမယ်။ ပေါင်းသင်နေစဉ်အတွင်း မြေပဲပင်များ ပျက်စီးမှုမရှိစေရန် သတိပြုသင့်ပါတယ်။
    မြေပဲပင်များ ငယ်စဉ်မှာ ဓာတု ပေါင်းသတ်ဆေးများ အသုံးပြုခြင်းဟာ အပင်ငယ်လေးများကို သေစေနိုင်တာကြောင့် တတ်နိုင်သလောက် ရှောင်ရှားသင့်ပါတယ်။ မြေပဲခင်းကို အမြဲမပြတ် လေ့လာစောင့်ကြည့်ကာ ပေါင်းသင်ပေးခြင်းဖြင့် ပေါင်းကင်းတဲ့ စိုက်ခင်းများကို ပိုင်ဆိုင်နိုင်ကြပါစေ။


    ဓာတုနည်းဖြင့် ပေါင်းနှိမ်နှင်းခြင်း
    မြေပဲပေါင်းသတ်ဆေးကို အပင်မပေါက်ခင်နဲ့ အပင်ပေါက်ပြီးအချိန်နှစ်ခုစလုံးမှာ သုံးစွဲနိုင်ပါတယ်။ မျိုးစေ့ချပြီး ၁-၃ ရက်အတွင်း “ကြိုတင်ပေါင်းသတ်ဆေး” (မျိုးညှောင့်မပေါက်မီသုံးသောဆေး) ကို သုံးစွဲနိုင်ပါတယ်။
    ပေါင်းပင်ပေါက်ရောက်မှု အခြေအနေ အလွန်များပြားနေပါက “ရွေးချယ်ပေါင်းသတ်ဆေး” ကို မြေပဲပင်များ မစိုက်ပျိုးမီ အသုံးပြုရပါမယ်။ ဒီပေါင်းသတ်ဆေးများနဲ့ ဈေးကွက်အတွင်း အလွယ်တကူ ရရှိနိုင်တဲ့ အခြားပေါင်းသတ်ဆေးများကို အသုံးပြုရာမှာ မြန်မာစာအညွှန်းကို သေချာစစ်ဆေးပြီး အသုံးပြုသင့်ပါတယ်။
    ပေါင်းသတ်ဆေးများ သုံးပြီးပြီးချင်း မြေပဲကို ချက်ချင်းစိုက်ပျိုးခြင်းကို ဦးကြီးတို့ ရှောင်ကြဉ်သင့်ပါတယ်။ ပေါင်းသတ်ဆေးသုံးရာမှာ သတိလွတ်ခဲ့ပါက မြေပဲပင်ငယ်လေးများကို သေစေနိုင်တဲ့အထိ ဆိုးကျိုးပေးနိုင်တာကို သတိပြုသင့်ပါတယ်။
    ပေါင်းသတ်ဆေးပါ မြန်မာစာအညွှန်းကို သေချာဖတ်ပြီး ဖော်ပြပါ အချက်များကို လိုက်နာသင့်ပါတယ် -
    * သီးနှံစောင့်ဆိုင်းရက်
    * ဆေးသုံးရမည့် အချိန်၊ အခြေအနေ


    စိုက်ပျိုးပြီးနောက်ပိုင်း ပေါင်းပင်များကို ရေ (၄) ဂါလံမှာ ဟာလိုဇီဖော့ပ်-အာရ်-မီသိုင်း စားပွဲတင်ဇွန်း ၂-၃ ဇွန်း နှုန်းဖြင့် ထိရောက်စွာ နှိမ်နင်းနိုင်ပါတယ်။
    မြေပဲစိုက်ပြီးနောက်ပိုင်း ပေါင်းသတ်ဆေး အသုံးပြုရန် လိုအပ်လာပါက မြေပဲပင်ငယ်လေးများကို ထိခိုက်မှု မရှိစေဖို့ အရှိန်မပြင်းတဲ့ စပရေးခေါင်းကိုသာ ရွေးချယ်အသုံးပြုသင့်ပါတယ်။ MOAI ဝန်ထမ်းများ ဒါမှမဟုတ်၊ ပေါင်းသတ်ဆေး အရောင်းကိုယ်စားလှယ်များနှင့်လည်း တိုင်ပင်ဆွေးနွေးနိုင်ပါတယ်။


likes9comments0
views1356