cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လျှော်ဖြူပင်(ခေါ်) ဆေးကုလားမကို စိုက်ပျိုးပါ

. ရာသီဥတု သတင်းများ
လျှော်ဖြူပင်(ခေါ်) ဆေးကုလားမကို စိုက်ပျိုးပါ
  • သစ်တောသစ်ပင်များ ရှိခြင်း တို့ကြောင့် စိုက်ပျိုးရေး သီးနှံများအတွက် အရွက်ကြွေများမှလည်း သဘာဝ မြေဩဇာများကို ရရှိစေပါသည်။ သစ်ပင်သစ်တောများ ရှိနေခြင်းသည် စိုက်ပျိုးသီးနှံများ အောင်မြင် ဖြစ်ထွန်းစေရေးတို့ အတွက် အထောက်အကူ ဖြစ်စေပါသည်။ ထို့ကြောင့် သစ်တောများ အနီးတွင် စားပင်၊ သီးပင်များကို စိုက်ပျိုးကြသည်။ ထိုသို့ စိုက်ပျိုးခြင်းကို (သီးနှံသစ်တော ရောနှောစိုက်ခြင်း) ဟု ခေါ်ပါသည်။ အကြောင်းမှာ စိုက်ပျိုးသီးနှံများ အောင်မြင်စေရေးတို့ အတွက်သစ်ပင် သစ်တောများက စိုက်ပျိုး သီးနှံများကို အထောက်အကူ ဖြစ်စေသော ရေချိုများ၊ သဘာဝမြေဩဇာများ၊ ပတ်ဝန်းကျင် စိမ်းလန်းမှုများကို ရရှိစေပါသည်။ ယခု အချိန်အခါတွင် မြန်မာနိုင်ငံ အပူပိုင်းဇုန် ဒေသများနှင့် ကိုက်ညီပြီး ရာသီဥတု ပြောင်းလဲပေးနိုင်မှုများ ဖြစ်စေမည့်အပြင် ပြည်ပပို့ကုန်အဖြစ် ဈေးကွက်ဝင်ပြီး နိုင်ငံခြား ဝင်ငွေများကို ရှာဖွေပေးမည်။ အထူးသဖြင့် မိသားစုဝင်ငွေ တိုးတက်ရရှိနိုင်မည့်လျှော်ဖြူပင်(ခေါ်) ဆေးကုလားမပင်များကိုရောနှောစိုက်ခင်းများအဖြစ် တိုးချဲ့စိုက်ပျိုးသွားရန် လိုအပ်လှပါသည်။ လျှော်ဖြူပင်(ခေါ်)ဆေးကုလားမပင် သည် မြန်မာနိုင်ငံအလယ်ပိုင်း အပူပိုင်းဇုန် မိုးခေါင်ရေရှား ရပ်ဝန်းဒေသများတွင် ရာသီဥတုကောင်းမွန်ရေးတို့အတွက် တစ်အုပ်တစ် မစိုက်ခင်းများ၊ အမြဲစိမ်းတောကြီးများ အဖြစ် စိုက်ပျိုးသွားကြရန် လိုအပ်ပါသည်။ လျှော်ဖြူပင်(ခေါ်) ဆေးကုလားမ ပင်သည်နှစ်ရှည်သီးနှံပင် ဖြစ်သဖြင့် နိုင်ငံတော်၏ တောရိုင်းမြေများ၊ တောင်သူလယ်သမား ကြီးများ၏ လယ်မြေ၊ ယာမြေများ၏ ဘေးဝဲယာတွင် လေကာပင်များအဖြစ်လည်း ကောင်း၊ နေအိမ်ခြံဝန်း၊ စည်းရိုးများနှင့် သင့်အိမ်တွင် မြေပိုနေလျှင် လျှော်ဖြူပင်ကိုတိုးချဲ့စိုက်ပျိုးသင့်ပါသည်။ လျှော်ဖြူပင် (ခေါ်) ဆေးကုလားမပင်ကို စိုက်ပျိုးရန်အတွက် ပထမဦးစွာ တောရှင်းခြုံခုတ်ခြင်း၊ မြေနေရာရှင်းလင်းခြင်း များကို ကြိုတင် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။ လျှော်ဖြူပင်ကို စိုက်ပျိုးရာတွင် မိုးဦးကျသည်နှင့် မေလ၊ ဇွန်လ၊ ဇူလိုင်လများတွင် စတင်စိုက်ပျိုးနိုင်ပါသည်။ လျှော်ဖြူပင် အကြိုက်ဆုံးမြေမှာ နုန်းမြေများ ဖြစ်ပြီး မြေနီခံသဲဝန်း၊ မြေနီခံသဲနုန်း၊ ကျောက်စရစ်မြေများ၊ စနယ်မြေနက်များတွင်လည်း စိုက်ပျိုးနိုင်ပါသည်။ လျှော်ဖြူပင်များကို စိုက်ပျိုးရန် အတွက်၊ ပင်ကြား ၁၂ ပေ၊ တန်ကြား ၁၂ ပေ၊ နှစ်ပေအနက်၊ နှစ်ပေအကျယ် မြေကျင်းများကိုတူးပြီး တစ်ကျင်းလျှင် မြေဆွေးနှစ်ပြည် သာ ထည့်ကျွေးပြီး အိတ်ထည့်ပြီးပျိုးထား သော ပျိုးပင်ပေါက်များကို စိုက်ပျိုးနိုင်ပါ သည်။ လျှော်ဖြူပင်များကို အပင်ပြုစု စောင့်ရှောက်ပေးခြင်း အနေဖြင့် စိုက်ခင်းများ အကြား နွားထယ်၊ နွားထွန်ဝင်ပေးခြင်း၊ ပေါင်းမြက် ရှင်းလင်းပေးခြင်းများကို နှစ်လ လျှင်တစ်ကြိမ်ခန့် ဆောင်ရွက်ခြင်းများနှင့် အတူ မြေဆွေးနှင့်ဓာတ်မြေဩဇာများကို လည်း ကျွေးပေးပြီးပြုစု စောင့်ရှောက် သွားရန်လိုအပ်ပါသည်။ လျှော်ဖြူပင်များအကြားတွင် Cropping patten သီးနှံပုံစံများအဖြစ် ဥပမာလျှော်ဖြူပင် (မူရင်းသီးနှံ) + ခရမ်းချဉ်သီး (သီးညှပ်သီးနှံ)၊ လျှော်ဖြူပင် (မူရင်းသီးနှံ) + ပဲတောင့်ရှည် (သီးညှပ်သီးနှံ) များအဖြစ် လျှော်ဖြူ+ရုံးပတီ လျှော်ဖြူ+ခရမ်း။ လျှော်ဖြူ+ နှမ်း၊ လျှော်ဖြူ+မြေပဲ။ လျှော်ဖြူ+ ပဲတီစိမ်း၊ လျှော်ဖြူ+နေကြာ။ လျှော်ဖြူ+ ဟင်းသီးဟင်းရွက်။ လျှော်ဖြူ+သစ်သီးဝလံ၊ မာလကာ၊ သံပရာအပါအဝင် သီးနှံသစ်တော ရောနှောစိုက်ခင်းများ အဖြစ် စိုက်ပျိုးနိုင်ပါသည်။ လက်တွေ့လည်းစိုက်ပျိုးလျက် ရှိနေပါသည်။ မြန်မာနိုင်ငံ အလယ်ပိုင်းရှိ မြို့နယ်များတွင် ယခုအခါ လျှော်ဖြူပင်ကို စီးပွားဖြစ်စိုက်ပျိုး လျက်ရှိနေကြပါသည်။ လျှော်ဖြူပင်များမှာ ငါးနှစ်၊ ခြောက်နှစ်မှစတင်၍ လျှော်ဖြူအစေးများကို စတင်ရယူနိုင်ပါသည်။ လျှော်ဖြူပင်သည် နှစ်ပေါင်း ၃၀ အထိ လျှော်ဖြူစေးများကို ထုတ်ယူနိုင်ပါသည်။ လျှော်ဖြူစေးများကို ဆေးကုလားမ အဖြစ် ရယူစားသုံးနိုင်ပါသည်။ အထူးသဖြင့် လျှော်ဖြူစေးများမှာ ကားမှန်များပြု လုပ်ရာတွင် အသုံးဝင်ပါသည်။ လျှော်ဖြူ စေးများဖြင့်လည်း လူတို့၏ အသုံးအဆောင် ပစ္စည်းများကို ပြုလုပ်သုံးစွဲလျှက် ရှိနေကြောင်း သိရပါသည်။ လျှော်ဖြူစေးများကို မြန်မာနိုင်ငံတွင်လည်း ဈေးကောင်းပေး၍ ဝယ်ယူလျက်ရှိနေပါသည်။ လျှော်ဖြူစေး သည် ယခုအခါ နိုင်ငံတကာဈေးကွက်တွင် ထိပ်ဆုံးမှပါဝင်နေပြီး နိုင်ငံခြားဝင်ငွေကို လည်း ရရှိစေနိုင်ပါသည်။ လျှော်ဖြူပင်များသည် သဘာဝပတ်ဝန်းကျင်များကို စိမ်းလန်းစေပြီး ထိန်းသိမ်းပေးနိုင်ပါသည်။ လျှော်ဖြူပင်များမှ ကာဗွန်ဓာတ်များကို အများဆုံးစုပ်ယူပြီး အောက်စီဂျင်ဓာတ်များကို ထုတ်ပေးပါသည်။ လျှော်ဖြူပင်များသည် အပူဒဏ်နှင့် မိုးခေါင်ဒဏ်များကို ခံနိုင်ပြီး၊ အရွက်များမှာလည်း တစ်နှစ်ပတ်လုံး အမြဲစိမ်းစေနိုင်သဖြင့် အမြဲစိမ်းတောကြီးများ အဖြစ် တည်ထောင်စိုက်ပျိုးနိုင်ပါသည်။ မြန်မာတောင်သူကြီးများ မိသားစု ဝင်ငွေတိုး ရရှိစေရေးနှင့် တောတောင်သာယာရေး၊ တစ်အုပ်တစ်မစိုက်ခင်းများ ဖြစ်ပေါ်စေရေးတို့အတွက် အဖိုးတန်လှသော လျှော်ဖြူပင်(ခေါ်) ဆေးကုလားမပင်များကိုတိုးချဲ့ စိုက်ပျိုးပေးကြပါရန် တိုက်တွန်းရေးသား အပ်ပါသည်။ - ရွှေမင်းအောင် (ကျောက်ပန်းတောင်) မြန်မာတောင်သူကြီးများ ဂျာနယ်

    -----------   

    ထွက်တိုး Telegram Channel ဝင်ရန် နှိပ်ပါ - https://t.me/htwettoe 

    စိုက်ပျိုးရေးနှင့် ပတ်သတ်သော အခက်အခဲများကို တိုင်ပင်ဆွေးနွေး အကြံဥာဏ်ရယူလိုပါက ထွက်တိုး တောင်သူအကြံပေးဖုန်း- ၀၉၉၇၇၉၁၀၀၀၀ ကို ဆက်သွယ်နိုင်ပါတယ် သို့မဟုတ် ထွက်တိုးကို follow, Like, Share နှင့် Download လုပ်ထားပြီး - http://download.htwettoe.com/ ထွက်တိုးမေးဖြေကဏ္ဍတွင်ဝင်ရောက်မေးမြန်းနိုင်ပါကြောင်းသတင်းကောင်းပါလိုက်ပါတယ်။ 


  • article
likes
29
comments
0
views
6262