cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ကြက်သွန်ဖြူ ဇီဝပိုးသတ်ဆေးရည်ပြုလုပ်နည်း

. တန်ဖိုးမြှင့် ထုတ်ကုန်များ
ကြက်သွန်ဖြူ ဇီဝပိုးသတ်ဆေးရည်ပြုလုပ်နည်း
  • article

  • ဒီနေ့မှာတော့ အိမ်တွင်းတစ်နိုင်တစ်ပိုင် ဟင်းသီးဟင်းရွက်စိုက်ခင်းတွေမှာ အန္တရာယ်ကင်းကင်းနဲ့ လွယ်လွယ်ကူကူပြုလုပ်အသုံးပြုနိုင်မယ့် ကြက်သွန်ဖြူပိုးသတ်ဆေးပြုလုပ်နည်းကို ဖော်ပြပေးလိုက်ပါတယ်။

    (၁) ကြက်သွန်ဖြူ ၆၀ ကျပ်သားကို ကြေညက်အောင် ကြိတ်စက်နဲ့ ကြိတ်ပါ။(၂) အရက်ဖြူနှစ်လီတာ၊ ရေ ၁၀ လီတာ၊ ရှာလကာရည် လီတာဝက်ကို အိုးတစ်အိုးမှာထည့်ပါ။(၃) သမအောင်မွှေပြီးရင် အဲဒီ့အရည်ထဲကို ကြက်သွန်ဖြူ ကြိတ်ဖတ်ထည့်ပြီးကောင်း ကောင်းသမအောင်မွှေပေးပါ။(၄) အိုးအပေါ်ကနေလုံအောင် အဖုံးတစ်ခုခုနဲ့ဖုံးထားပါ။ ၇-၁၀ ရက်ကြာထားပါ။(၅) သတ်မှတ်ရက်ပြည့်ပါက ကြက်သွန်ဖြူကြိတ်ဖက်အရည် တစ်လီတာ၊ ရေ ၂၀ လီတာနဲ့ရောမွှေ၊ ဆေးဖျန်းပုံးနဲ့ တစ်ဧက (၅)ပုံးနှုန်း ဖျန်းပေးနိုင်ပါပြီ။


    အဲ့ဒါဆိုရင် ဟင်းသီး ဟင်းရွက်တွေကို ဖျက်ဆီးတဲ့ ပျ၊ ပိုးတုံးလုံး၊ ပင့်ကူနီ၊ ဗိုင်းရပ်(စ်) ရောဂါ၊ ငမြှောင်တောင်ပိုးများ မဖျက်ဆီးနိုင်တော့ပါဘူး။ဓာတုဓာတ်ကြွင်းလည်း မကျန်တော့လို့ အစားအစာလည်း အဆိပ်မသင့်နိုင်တော့ဘူးပေါ့ဗျာ။


    အောင်ဆန်း (စိုက်ပျိုးရေး)မြန်မာတောင်သူကြီးများ ဂျာနယ်


likes
6
comments
1
views
29