cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ


ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

လှေးပိုးကာကွယ်နှိမ်နင်းနည်း ၁၂ နည်း

. ပိုးမွှား
လှေးပိုးကာကွယ်နှိမ်နင်းနည်း ၁၂ နည်း
  • လှေးပိုး
    htwettoeimg ပဲတီစိမ်းစိုက်ခင်းမှာ လှေးပိုးကျရောက်ဖျက်ဆီးပုံ
    htwettoeimg ပဲတီစိမ်းအပင်ငယ်များတွင် လှေးပိုးကျရောက်ပုံ


    လှေးပိုး၏ သွင်ပြင် လက္ခဏာ


    - အရွယ်ရောက် လှေးပိုးများသည် အလွန်သေးငယ်ပြီး အဝါဖျော့ရောင်မှ အညိုရင့်ရောင် တောင်ပံများ ပါရှိပါသည်။


    - ရာသီဥတု ပူနွေးသည့်အချိန်တွင် ဥအဆင့်မှ အရွယ်ရောက် အဆင့်အထိ ဘဝသံသရာမှာ ၂ပတ်ခန့်သာ ကြာမြင့်လေ့ ရှိပါသည်။


    လှေးပိုးအား ကာကွယ်နှိမ်နှင်းခြင်း
    ဘက်စုံနည်းလမ်းဖြင့် ကာကွယ်နှိမ်နှင်းခြင်း


    - သီးနှံများကို ပုံမှန်စောင့်ကြည့်စစ်ဆေးပါ။


    - ပိုးဒဏ်ခံနိုင်ရည်ရှိသော မျိုးများကို အသုံးပြုပါ။


    - အစိုဓာတ်များသော စိုက်ခင်းရှိအပင်များတွင် လှေးပိုးကျရောက်မှု များလေ့ရှိပါသည်။


    - သီးညှပ်စိုက်စနစ်သည် လှေးပိုး ကျရောက်မှုကို လျော့ပါးစေပါသည်။


    - လိပ်ခုံးကျိုင်း၊ ပုစဉ်း၊ ပင့်ကူ၊ ကျိုင်းကောင် စသည့် မိတ်ဆွေပိုးများ စိုက်ခင်းသို့ လာရောက်နိူင်ရန်အတွက် ထောက်ချောက်သီးနှံ(နေကြာ)ကိုစိုက်ပျိုးပေးခြင်းဖြင့် မိတ်ဆွေပိုးများသည် လှေးပိုးများနှင့် ဥများကို စားသောက် ဖျက်ဆီးပစ်လေ့ရှိပါသည်။


    - လှေးပိုးများရန်မှ လျှော့ချနိုင်ရန် ပေါင်းပင်များနှင့် မြက်ပင်များကို ရှင်းလင်း ဖယ်ရှားပေးပါ။


    - လှေးပိုး ကျရောက်မှု လက္ခဏာများ သို့မဟုတ် ဖျက်ဆီးမှုများ ရှိ မရှိ စိုက်ခင်းအတွင်းရှိ အပင်များအားလုံးကို လိုက်လံစစ်ဆေးပါ။ တွေ့ရှိပါက ဖယ်ရှားဖျက်ဆီးပစ်ပါ။


    - သဘာဝ မြေဆွေးနှင့် ဓာတ်မြေသြဇာများကို သတ်မှတ် နှုန်းထားအတိုင်း အလုံအလောက် အသုံးပြုပါ။


    - စိုက်ပျိုးပြီး ပထမ ရက် ၃ဝအတွင်း တစ်ပတ်လျှင် ၃ကြိမ်ခန့် စိုက်ခင်းအတွင်း ပုံမှန် ကြည့်ရှုစစ်ဆေးပါ။


    - စစ်ဆေးကြည့်ရှုသည့်အခါ လှေးပိုးကျရောက်မှု ရှိ မရှိ သိနိုင်ရန် အပင်၏ ထိပ်ပိုင်းနေရာများကို ရေစိုလက်ဖြင့် ပွတ်သတ်ကြည့်ပါ။ လှေးပိုးများ ပါလာပါက ပြာများ ဖြန်းပက်ပေးရပါမည်။


    - လယ်နီးနားချင်းများနှင့် အပြိုင် စိုက်ပျိုးပါ။


    - အရည်အသွေးကောင်းသည့် မျိုးကောင်း မျိုးသန့်ရရှိရန် နီးစပ်ရာ စိုက်ပျိုးရေး ရုံးများနှင့် ဆက်သွယ်ပါ။


    - စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက ထောက်ခံထားသော အထွက်နှုန်း ကောင်းသည့် မျိုး ရေဆင်း (၁၁) သက်တမ်း (၆၀-၆၅) ရက်ရှိပြီး အဝါရောင် မိုစေ့ရောဂါကို ခံနိုင်ရည်ရှိသည့်မျိုး နှင့် ရေဆင်း (၁၄)- သက်တမ်း (၆၅-၇၀) ရက်သား ( အဝါရောင် မှိုစေ့ ရောဂါနှင့် ရွက်ပြောက်ရောဂါ) ခံနိုင်ရည် ရှိသည့် မျိုး စသည့် တို့ကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။


    - စိုက်ခင်းကို သဘာဝမြေသြဇာကို လုံလောက်စွာ ထည့်ပေးရမည်။ သဘာမြေသြဇာ ထည့်ပေးခြင်းဖြင့် စိုက်ပျိုးမြေသည် ကောင်းစွာ ဆွေးမြေ့ပြီး အကျိုးပြုသက်ရှိများ ပေါက်ပွားနိုင်တဲ့ အခွင့်အရေးကို ပိုရရှိစေပါတယ်။


    လှေးပိုးရန်မှ ကာကွယ်ရန် ဖော်ပြပါ ပိုးသတ်ဆေးများကို အသုံးပြုနိုင်ပါသည်။


    ၁။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် အီမီဒါကလိုပရစ် ၇၀% ဒဗလျူပီ စားပွဲတင်ဇွန်းဝက်-၁ ဇွန်းနှုန်း


    ၂။ ရေ ၄ ဂါလံဝင် ဆေးဖြန်းပုံးတစ်ပုံးလျှင် ကာဘိုဆာဖန် ၃% အီးစီ စားပွဲတင်ဇွန်း ၄-၆ ဇွန်းနှုန်း
    သို့မဟုတ် ဈေးကွက်အတွင်း ဝယ်ယူရရှိနိုင်သာ ပိုးသတ်ဆေးထုတ်များတွင် ပါရှိသည့် မြန်မာစာအညွှန်းအတိုင်း အသုံးပြုနိုင်ပါသည်။ (မြန်မာစာဆေးညွှန်းကို သေချာဖတ်ပြီး လိုက်နာဆောင်ရွက်ပါ)


  • article
likes15comments1
views1079