စပါးရွက်ဖုံးခြောက်ရောဂါ ကင်းဝေးဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်မလဲ?
. ရောဂါ
စပါးရွက်ဖုံးခြောက်ရောဂါ ကင်းဝေးဖို့ ဘာတွေလုပ်ဆောင်ဖို့ လိုအပ်မလဲ?
- ရောဂါပင်ပြလက္ခဏာ
ပုံသဏ္ဍာန်မမှန်သော (မြွေပွေးကွက်) ကဲ့သို့သော ဘဲဥပုံစံ ရေစိုနာကွက်များကို စပါးပင်၏ ရွက်ဖုံးပေါ်တွင်တွေ့ရသည်။ စိမ်းညိုရောင်ရှိသည့် ရေစိုနာကွက် စတင်ဖြစ်ပေါ်လာပြီး နောက်ပိုင်းတွင် တဖြည်းဖြည်းကျယ်ပြန့်လာပြီး ညိုနက်ရောင်အနားရှိသော မီးခိုးရောင် ရေစိုနာကွက်များ ဖြစ်ပေါ်လာသည်။
ပတ်ဝန်းကျင်အခြေအနေပေးပါက ရွက်ဖုံးပေါ်ရှိ ရေစိုနာကွက်လေးများသည် အရွက်နှင့် ကူးစက်ပျံ့နှံ့သွားသည်။ ပင်ပွားများဆီသို့ ကတွင် ရောဂါဖြစ်စေသည့် သက်ရှိမှ ထုတ်သည့် sclerotia ခေါ် မှိုသီးလုံးများကို တွေ့ရသည်။
ရောဂါကူးစက်ခံရသော အရွက်များသည် ခြောက်ပြီးသေသွားသည်။
ပင်ပွားများကိုလည်း ကူးစက်ပျံ့နှံ့သွားသည်။
ရောဂါဖြစ်စေသော သက်ရှိမှထုတ်ည့် မှိုသီးလုံးလေးသည် ရွက်ဖုံးမှ တစ်ဆင့် တခြားသော အရွက်နှင့် ပင်ပွားများဆီသို့ ကူးစက်ပျံ့နှံ့ခြင်းသည် အထွက်နှုန်းကို လျော့ကျစေသည်။
htwettoeimg
စပါးရွက်ဖုံးခြောက်ရောဂါကို ကာကွယ်နှိမ်နင်းခြင်းနည်းလမ်းများ
စပါးခင်းမှာ ကျရောက်လေံရှိတဲ့ စပါးရွက်ဖုံးခြောက်ရောဂါကျရောက်မှုကို ကာကွယ်ဖို့ အတွက် အောက်ပါနည်းလမ်းများကို လိုက်နာသင့်ပါသည်။
စပါးစိုက်တဲ့ရာသီမှာ ဓါတ်မြေသြဇာကို သင့်တင့်မျှတမှုရှိအောင် ထည့်သုံးပေးရပါမယ်။
တိုက်ရိုက်အစေ့ချစိုက်တာဖြစ်ဖြစ် ရွှေ့ပြောင်းစိုက်ပျိုးတာဖြစ်ဖြစ် သတ်မှတ်ထားတဲ့ ပင်ကြားတန်းကြား အကွာအဝေးအတိုင်း လိုက်နာ စိုက်ပျိုးပေးပါ။ အပင်စိပ်ပါက လေဝင်လေထွက်နည်း ပြီးရောဂါကျနိုင်ချေ ပိုများသောကြောင့် ဖြစ်ပါတယ်။
ပေါင်းမြက်များကိုလည်း နှိမ်နင်းပေးပါ။
စပါးရွက်ဖုံးခြောက်ရောဂါကို ကာကွယ် နှိမ်နှင်းရန်အတွက် လယ်ယာစိုက်ပျိုးရေး မွေးမြူ ရေးနှင့် ဆည်မြောင်း ဝန်ကြီး ဌာနမှ ထောက်ခံထားပြီး မြန်မာဘာသာအညွှန်းပါသည့် မှိုသတ်ဆေး များကို ဝယ်ယူ အသုံးပြုပါ။ မြန်မာ ဘာသာဖြင့် ရေးထားသော အညွှန်း တွင်ပါရှိသည့် လမ်းညွှန်ချက်များအတိုင်း ဂရုတစိုက် လိုက်နာဖို့ လိုအပ်ပါသည်။
ဥပမာ
- ရေ(၄)ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် ကာဗန်ဒိုင်ဇင် (Carbendazim 50% WP) စားပွဲတင်ဇွန်း (၁-၃) ဇွန်း၊ -
- ရေ(၄)ဂါလံ ဆေးဖျန်းပုံးတစ်ပုံးလျှင် ဟတ်ဇာကိုနာဇိုး (Hexaconazole 5% SC) စားပွဲတင်ဇွန်း (၆-8)ဇွန်း
70
934