ပဲခူးတိုင်း မေလ ၁၃ ရက် မှ မေလ ၁၉ ရက်အထိ မိုးလေဝသအခြေအနေ
- လက်ရှိဖြစ်ပေါ်နေတဲ့ပင်လယ်ပြင်အခြေအနေတွေနဲ့ အနောက်တောင်မုတ်သုံလေဝင်ရောက်လာနိုင်မဲ့အခြေအနေများအရ - - မေလ ၁၅-၁၆-၁၇ ရက်တွေမှာ ဘင်္ဂလားပင်လယ်အော်အတွင်း လေဖိအားနည်းရပ်ဝန်းတစ်ခု အစပျိုးဖြစ်ပေါ်လာနိုင်ပြီး၊ အနောက်တောင်မုတ်သုံလေကလဲ မြစ်ဝကျွန်းပေါ်ဒေသများမှ အလယ်ပိုင်းဒေသများဆီသို့ ဆက်လက်ဝင်ရောက်ရန်တာစူနေတဲ့အချိန်ဖြစ်ပါမယ်။ - မေလ ၁၅-၁၆-၁၇ ရက်များအတွင်းမှာ- - ပဲခူးတိုင်းအရှေ့ခြမ်း မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်၊ - ပဲခူးတိုင်းအနောက်ခြမ်းဒေသတော်တော်များများမှာတော့ မေလ ၁၅ ရက် ၁ ရက်မှာသာ မိုးများနိုင်ပြီး ကျန်ရက်တွေမှာတော့ မိုးအသင့်အတင့်မှ မိုးနည်းနေနိုင်ပါမယ်။ ပဲခူးတိုင်းတစ်ခုလုံးအနေနဲ့ခြုံပြောရရင်တော့ ဒီ ၁ ပတ်က မိုးများနိုင်မဲ့ ရက်သတ္တပတ် ၁ ပတ်ဖြစ်ပါမယ်။ - ပဲခူးတိုင်းအတွင်း လေထုစိုထိုင်းဆ ၈၀% ဝန်းကျင်မှာရှိနေပြီး အမြင့်ဆုံးအပူချိန် ၃၃°C နဲ့ အနိမ့်ဆုံးအပူချိန် ၂၄°C အထိ ကျဆင်းနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ မြေပဲစိုက်တောင်သူများနှင့် မိုးစပါးစိုက်ရန် ပြင်ဆင်ကြမည့် တောင်သူများထံသို့ - စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက် - မြေပဲပေါင်းသတ်ဆေးအတွက် ပေါင်းပင်နုစဥ် (အရွက် ၂-၄ရွက်ထွက်ချိန်) Imazethapyr ကိုရွေးချယ်ဖျန်းနိုင်ပါတယ်။
- Imazethapyr အသုံးပြုချိန်တွင် မြေကြီးအစိုဓာတ်ကောင်းကောင်းရှိဖို့တော့လိုပါတယ်။
- မိုးစပါးအတွက် မိုးရာသီတွင် ပေါင်းများနှိမ်နင်းရခက်တာဟာ အဓိကပြဿနာ ဖြစ်သောကြောင့် လယ်မြေကိုထယ်နက်နက်ထိုး၍ ကြိုတင်ပြင်ဆင်ထားပါ။
- တစ်ခုသတိပြုရမှာက ရွေးချယ်မဲ့ပေါင်းသတ်ဆေးကို ရာသီတိုင်းအသုံးမပြုသင့်ပါဘူး။
- နှစ်စဥ်အသုံးပြုတတ်သော အလေ့အထရှိပါက ယခုနှစ်မိုးစပါးတွင် ရွေးချယ်မဲ့ပေါင်းသတ်ဆေးကိုအသုံးမပြုဘဲ ပေါင်းပေါက်လာမှဖျန်းရသော ရွေးချယ်ပေါင်းသတ်ဆေးကိုသာရွေးချယ်ပါ။
- ပေါင်းအုပ်ဆေးအတွက် ရွေးချယ်လိုပါက အစို၊ အခြောက်ကြဲခင်းများအတွက် Pendimethalin ကိုရွေးချယ်နိုင်ပါတယ်။
 - ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက် - "မိုးရာသီတွင် ငါးကန်များ၌ ဖြစ်တတ်သောအခြေအနေများ" သတိပြုရန် - မိုးအဆက်မပြတ်ရွာသွန်းပြီး မိုးအုံ့နေသောကြောင့် ကန်ရေ၏အပူချိန်သည်လည်း ကျဆင်းနေတတ်ပါသည်။
- အပူချိန်ကျဆင်းမှုသည် ၂၅ဒီဂရီင်တီဂရိတ်အောက် ရောက်နေပါက ငါးများသွားလာလှုပ်ရှားမှုနည်း ခြင်းအပြင် အစာစားနှုန်းလည်း ကျဆင်းတတ်ပါသည်။
- ငါးမွေးကန်သည် မိုးအုံ့နေသောအချိန်တွင် နေရောင်ခြည် မရရှိသဖြင့် အလင်းမှီ အစာစုဖွဲ့ခြင်းအလုပ်ကို မလုပ်နိုင်ပါ။
- ထို့ကြောင့် ကန်အတွင်း ပျော်ဝင်အောက်စီဂျင် မထွက်ရှိနိုင်ပါ။ ကန်အတွင်း ပျော်ဝင်အောက်စီဂျင် နည်းပါးပြီး ငါးများအသက်ရှူနှုန်း အပြည့်အဝမရရှိနိုင်ပါ။
 - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
