ရန်ကုန်တိုင်း မေလ ၁၉ ရက် မှ မေလ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ
- အနောက်တောင်မုတ်သုံလေက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတွေကို မေလ ၁၇ ရက်နေ့မှာဝင်ရောက်ခဲ့ပြီးဖြစ်တာကြောင့် ရန်ကုန်တိုင်းမှာလဲ မုတ်သုံမိုးတွေ နေရာကွက်ကျားမှနေရာစိပ်စိပ် စတင်ရွာသွန်းနေပြီဖြစ်ပါတယ်၊ ပင်လယ်ဘက်ကဝင်လာတဲ့ မိုးတိမ်တွေ၊ ကုန်းမြေပေါ်မှာဖြစ်လာတဲ့ မိုးတိမ်တောင်တွေကြောင့် သူတို့ရွေ့လျားဝင်ရောက်ရာ လမ်းတစ်လျှောက် နေရာကွက်ပြီး မိုးများတာတွေလဲ ဖြစ်လာနိုင်ပါမယ်။ - မိုးမှန်မှန်နဲ့ မိုးတွင်းလိုမိုးတွေစွေပြီးရွာနေနိုင်မဲ့ အခြေအနေတွေက “မေလ ၂၄-၂၅ ရက်နေ့နောက်ပိုင်းမှာမှ ပင်လယ်ပြင်မှာဖြစ်ပေါ်တဲ့ မိုးလေဝသအခြေအနေတွေအရ ဖြစ်လာနိုင်ပါမယ်။ - လက်ရှိနောက်ဆုံးရခန့်မှန်းချက်တွေအရ မေလ ၂၄ ရက်ဝန်းကျင်မှ မေလ ၂၈ ရက်အတွင်း ၂၄ နာရီ-မိုးရေချိန် ၄၀ မီလီမီတာအထက်(၁ လက်မခွဲကျော်)ရွာသွန်းပြီး မိုးများနိုင်ပါမယ်။ - ⚠️ မေလ ၂၆ ရက်ကျော်ရင်တော့ ဘင်္ဂလားပင်လယ်အော်အရှေ့အလယ်ပိုင်းနဲ့ အနောက်မြောက်ပိုင်းမှာ ဖြစ်ပေါ်လာနိုင်တဲ့ မုန်တိုင်းအရှိန်သက်ရောက်မှုကြောင့် မိုးသက်လေပြင်းကျနိုင်တဲ့ အခြေအနေတွေဖြစ်လာနိုင်ပါတယ်။ မိုးသက်လေပြင်းကျစဉ် လေတိုက်နှန်ုး တစ်နာရီ မိုင် ၄၀ ခန့်အထိ ရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် - မေလမှစတင်ပြီး ငါးခုံးမ နှင့်ငါးမြစ်ချင်းငါးများ ဆေးထိုးသားဖောက်ပြုလုပ်နိုင်ကြပါသည်။ ဆေးထိုးသားဖောက်ခြင်းမှ ရရှိလာသော သားလောင်းများ(ငါးမှုန်) ကို ငါးသန် နှင့်ငါးဖျန်းအထိပြုစုမွေးမြူခြင်းကာလသည် အချိန်တိုအတွင်း ဝင်ငွေကောင်းသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။ - ငါးသားပေါက်ပြုစုရာတွင် ငါးမှုန်ကန်အရွယ်အစားသည် (၀.၂၅)ဧကမှ (၀.၅)ဧကအရွယ်သာရှိသင့်ပါသည်။ - ကန်ကိုပတ်ကြားအက်အောင် အခြောက်ခံပြီး တစ်ဧကလျှင် အနည်းဆုံး ထုံး(၂၀၀)ပိဿာခန့် ဖြူးပေးပါ၊ ကန်အောက်ခြေအပြင် ကန်ဘောင်အတွင်းပိုင်းနံရံများကိုပါ ထုံးအနှံ့ပက်ပေးရန် လိုအပ်ပါသည်။ - ထို့နောက် ရေကို ရေစစ်ဖြင့် ရေသွင်းခြင်းကို ဆောင်ရွက်ပေးပါ။ သွင်းသောရေတွင် အနယ်အနှစ်များမပါဝင်စေရန်၊ ငါးရိုင်းနှင့်သားစားငါးများ မပါရှိစေရန် အထူး ဂရုစိုက်ပါ။ - ငါးမှုန်ပြုစုကန်၏ ကန်ရေအနက်သည် အနည်းဆုံး (၁)ပေခွဲမှ အများဆုံး(၂)ပေသာ ထားသင့်ပါသည်။ - ငါးမှုန်ကန်ပတ်ပတ်လည်ကို အခြားသောသတ္တဝါများနှင့် အင်းဆက်ပိုးများမဝင်ရောက်နိုင်စေရန် ပိုက်စိမ်းဖြင့် ကာရန်ပေးထားဖို့ လိုအပ်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်။ - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/5043 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
