ရှမ်းပြည်နယ် မေလ ၃၁ ရက်မှ ဇွန်လ ၆ ရက်အထိ မိုးလေဝသအခြေအနေ
- ဇွန်လ ၃ ရက်နေ့အထိ ကုန်းတွင်းကိုဝင်သွားတဲ့ လေဖိအားနည်းရပ်ဝန်းရဲ့ သက်ရောက်မှုက အနောက်တောင်မုတ်သုံလေ အားကိုပိုကောင်းလာစေတယ်၊ မုန်တိုင်းအရှိန်လက်ကျန်နဲ့ မုတ်သုံမိုး ၂ ခုပေါင်းတဲ့အားက ရှမ်းပြည်နယ်အတွင်းမှာ မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် - ၂၀ မီလီမီတာဝန်းကျင် = ၁ လက်မ ဝန်းကျင်)ခန့်သာ ရွာနိုင်ချေရှိပါတယ်။ - ဒီ ရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာတော့ နေသာချိန်ရှိပြီး မိုးပြတ်တောင်းထစ်ချုန်းရွာနိုင်မဲ့အခြေအနေတွေကတော့ ဆက်ရှိနေပြီး ပြည်နယ်တစ်ခုလုံးရရဲ့ မြေဆီလွှာစိုထိုင်းဆ ၁၀၀% ရှိနေပါမယ်။ - ရှမ်းပြည်နယ်အတွင်း အနောက်-အနောက်တောင်အရပ်မှ လေတိုက်နှုန်း တစ်နာရီ ၁၀ မိုင် မှ အများဆုံး ၁၅ မိုင်နှုန်းခန့်သာရှိနေနိုင်ပါမယ်။ - ယခု သီတင်းပတ်အတွင်း မိုး၍ရေကြီးရေလျှံဖြစ်ပေါ်နိုင်သောအခြေအနေလည်းမရှိပါ။ - ရှမ်းပြည်နယ်တခုလုံးအတွက် ၄ ရက်ကြိုတင် မိုးလေဝသခန့်မှန်းချက်တွေကို ကြည့်ရန် MMWeather မှာ တင်ပေးထားပါတယ် - https://www.mmweather.org/divisional-cities-weather/shan-state - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးကန်များအတွက် အကြံပြုချက် - ငါးကန် ရေဩဇာအရမ်းတက်ပြီး ငါးများ အနာဝင်(အစက်ပျောက်) ဖြစ်ပြီး သေနေပါက - - ကန်ထဲရေအစိမ်းရင့်ရောင်ဖြစ်ပြီး ရေချဥ်ဖန်နှုန်းလည်း (၈အထက်) ရှိပါက ညအချိန်တွင် ကန်အတွင်းပျော်ဝင်အောက်စီဂျင်အတော်နည်းပြီး ညနက်ပိုင်းတွင်ကန်အောက်ခြေတွင် အောက်စီဂျင်ပြတ်ပြီး ငါးတွေသေနိုင်ပါတယ်။ ထို့ကြောင့် ကန်အပေေါ်ရေ ၆ လက်မလောက်ထုတ်ပါ၊ ပြီးမှ အပြင်ရေပြန်သွင်းပါ။ ရေအရောင်ကိုအစိမ်းနုရောင်ဖြစ်အောင်လုပ်ပေးလိုက်ပါ။ ငါးအသေရပ်သွားပါလိမ့်မယ်။ - အနီစက်ကျရောဂါအတွက် တစ်ဧကလျှင် ထုံး၁၅ပိသာနှင့်ဆား၁၅ပိသာ ရောပြီးပက်ရပါမယ်။ နောက်တစ်နည်းက ရေတစ်လီတာတွင် ပိုတက်စီယမ်ပါမင်းဂနိတ်၅ဂရမ် (၀.၃ကျပ်သား)ဖျော်ပြီး ရောဂါဖြစ်သော ငါးကို၁၀စက္ကန့်စိမ်ပေးရပါမယ်။ နောက်ထပ်တစ်နည်းက တစ်ဧကကန်ရေအနက်၃ပေရှိပါက ဘက်တီးရီယားပိုးသတ်ဆေး ၁၆ပိသာ ထည့်ပေးရပါမယ်။ - ------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
