မန္တလေးတိုင်း ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၀ ရက်အထိ မိုးလေဝသအခြေအနေ နှင့် မွေးမြူရေးအကြံပြုချက်
- အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ်အားလျော့သွားသော်လည်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းတွင် အားအသင့်အတင့်ရှိသည့် ကုန်းတွင်းလေဖိအားနည်းရပ်ဝန်းအဖြစ် ဇူလိုင်လ ၁၀ ရက် အထိဆက်လက်တည်ရှိနိုင်ကာ အနောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များဖြစ်သည့် ECMWF, ICON နှင့် GFS တို့က ခန့်မှန်းထားပါတယ်။ - မန္တလေးတိုင်း ဇူလိုင် ၄ ရက် မှ ဇူလိုင် ၁၀ ရက်အထိ၊ ၇ ရက်(၁၆၈ နာရီ)အတွင်း ရရှိနိုင်မည့် မိုးရေချိန် ကြိုတင်ခန့်မှန်း(ICON MODEL FORECAST)အရ - - ကျောက်ဆည်မြို့မြောက်ဘက် - စဉ့်ကိုင်၊ တံတားဦး၊ မန္တလေး၊ ပြင်ဦးလွင်၊ မတ္တရာ၊ စဉ့်ကူး၊ သပိတ်ကျင်း၊ မိုးကုတ်၊ တကောင်း စသည့်မြို့နယ်များနှင့် - ကျောက်ဆည်မြို့တောင်ဘက် - မိတ္ထီလာ၊ သာစည်၊ မလှိုင်၊ ကျောက်ပန်းတောင်၊ ပုပ္ပါး၊ ပျော်ဘွယ်၊ ရမည်းသင်း၊ တပ်ကုန်း၊ နေပြည်တော်နယ်မြေ၊ ပျဉ်းမနား၊ လယ်ဝေး စသည့်မြို့နယ်များတွင် ၇ ရက်အတွင်းရရှိနိုင်သည့်မိုးရေချိန် ၂ လက်မ မှ ၃ လက်မအထိ ရှိနိုင်/မိုးအနည်းငယ်မှ မိုးအသင့်အတင့်ရွာနိုင်ပြီး၊ - မလှိုင်မြို့အနောက်ဘက်၊ ကျောက်ပန်းတောင်းနှင့် ပုပ္ပါးမြောက်ဘက်ရှိ - ပုဂံ-ညောင်ဦး၊ မြင်းခြံ၊ ငသရောက် စသည့် မြို့နယ်များနှင့်၊ မြစ်သားမြို့အရှေ့ဘက်မှ မြို့နယ်/ကျေးရွာများတွင် ၇ ရက်အတွင်းရရှိနိုင်သည့်မိုးရေချိန် ၀.၃ လက်မ မှ ၁ လက်မအထိသာ ရှိနိုင်ပြီး မိုးနည်းရာမှမိုးအလွန်နည်းနေနိုင်ပါမယ်။ - မန္တလေးတိုင်းအတွင်းမှာ တောင်ဘက်၊ အနောက်တောင်ဘက်တို့မှ လေတိုက်နှုန်း တစ်နာရီ မိုင် ၂၀ မှ ၂၅ မိုင်အထိရှိနိုင်ပြီး မွန်းလွဲညနေပိုင်းနှင့် နံနက်အစောပိုင်းအချိန်များတွင် မိုးထစ်ချုန်းရွာနိုင်မည့်အခြေအနေများဖြစ်ပေါ်နေနိုင်ပါမယ်။ - လေထုစိုထိုင်းဆ ၄၀% မှ ၆၀% အထိရှိနေပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၆°C နှင့် အနိမ့်ဆုံး ည အပူချိန် ၂၅°C ရှိနိုင်ပါတယ်။ - မန္တလေးမြို့ပေါ်တွင် လေထုစိုထိုင်းဆ ၆၀% မှ ၇၀% အထိ ရှိနေနိုင်ပြီး ခံစားရသည့်အပူချိန်(Temperature Feels Like) ၄၀°C အထိရှိနေနိုင်ပါတယ်။ - လေထုညစ်ညမ်းမှုအညွှန်းကိန်း - AQI က မန္တလေးတိုင်းတောင်ဘက်၊ နေပြည်တော်နယ်မြေအတွင်းမှာ ၄၀ အထိရှိနိုင်ပြီး အန္တရာယ်မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး၊ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက် - ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။ - ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။ - အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။ - ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။ - ---------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
