ရှမ်းပြည်နယ် ဇူလိုင်လ ၅ ရက် မှ ဇူလိုင်လ ၁၁ ရက်အထိ မိုးလေဝသအခြေအနေ
- ဇူလိုင်လ ၅ ရက် မှ ၁၁ ရက်အထိ ၇ ရက်တာကာလအတွင်း၊ အိန္ဒိယနိုင်ငံမြောက်ပိုင်းမှ အားပျော့သောကုန်းတွင်းလေဖိအားနည်းရပ်ဝန်းဆက်လက်တည်ရှိနေနိုင်သောကြောင့် အနောက်တောင်မုတ်သုံလေအားဆက်လက်ကောင်းနေနိုင်ခြင်းမှအပ ပင်လယ်ပြင်တွင် ထူးခြားသောမိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ခြင်းမရှိပါ။ - · ရှမ်းပြည်နယ်တောင်ပိုင်းတွင် ၇ ရက်အတွင်းရွာသွန်းနိုင်သည့်မိုးရေချိန် ၃ လက်မနှင့်အထက်ရှိနိုင်ပြီး၊ ၂၄ နာရီအတွင်းမိုးရွာသွန်းခြင်း ၀.၁ လက်မခန့် - အနည်းငယ်သာရှိနိုင်ပါမယ်။ - · ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ၇ ရက်အတွင်းရွာသွန်းသည့်မိုးရေချိန် ၆ လက်မနှင့်အထက်ရှိနိုင်ပြီး၊ ၂၄ နာရီအတွင်းမိုးရွာသွန်းခြင်း ၁.၅ လက်မ ခန့်ရှိနိုင်ပါမယ်။ (တာမိုးညဲ/နမ့်ဖက်ကာဒေသ) - · ရှမ်းပြည်နယ်အရှေ့ပိုင်းတွင် ၇ ရက်အတွင်းရွာသွန်းသည့်မိုးရေချိန် ၇ လက်မနှင့်အထက်ရှိနိုင်ပြီး၊ ၂၄ နာရီအတွင်း မိုးရွာသွန်းခြင်း ၀.၈ လက်မ မှ ၂.၂ လက်မခန့်ရှိနိုင်ပါမယ်။ (မိုင်းပေါက်/ဟိုတောင်း/မိုင်းယန်းဒေသ) - ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်အတွင်း အမြင့်ဆုံးလေတိုက်နှုန်း တစ်နာရီ မိုင် ၃၀ ခန့်အထိ ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့် ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း အမြင့်ဆုံးလေတိုက်နှုန်းတစ်နာရီ ၂၅ မိုင်အထိရှိနိုင်ပါသည်။ - ယခုရက်သတ္တပါတ်တစ်ပါတ်အတွင်း ရှမ်းပြည်နယ်တစ်ခုလုံး၏ လေထုစိုထိုင်းဆ ၉၅% မှ ၁၀၀% ရှိနေမှာဖြစ်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၀°C ခန့် ရှိနိုင်ပါမယ်။ - ရှမ်းပြည်နယ်၏ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI) အမြင့်ဆုံး “၂၀” ရှိပြီး အန္တရာယ်မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ရှမ်းပြည်နယ်အတွင်း အာလူးစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - ရှမ်းပြည်နယ်အတွင်း အာလူးစိုက်ပျိုးရာတွင် နှောင်းပင်နာကျရောဂါမှာ အာလူးပင်၏ အစိတ် အပိုင်းများအားလုံးနှင့် မြေအောက်အာလူးသီးအထိပါ ရောဂါလက္ခဏာတွေ့ရသည်။ အောက်ရွက်၏ အနား(သို့မဟုတ်) အဖျားတွင် ရေနာကွက်စတင်ဖြစ်ပေါပြီး ရက်အနည်းငယ်အတွင်း အညိုမည်း (သို့မဟုတ်) ခရမ်းမည်းရောင်အကွက်များ ဖြစ်ပေါ်လာတတ်ပါသည်။ နှောင်းပင်နာကျရောဂါ မြင်ရမှ ဆေးစဖျန်းလျှင် ကာကွယ်နိုင်ရန် မလွယ်ကူပါ။ - ကာကွယ်နိုင်ရန်လိုက်နာရမည့် အချက်များမှာ - - ခံနိုင်ရည်ရှိမျိုးများ ပြောင်းလဲစိုက်ပျိုးပါ။
- မျိုးရင်းဝင်မတူညီသော သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။
- မှိုသတ်ဆေးကို အာလူးစိုက်ပြီး မိုးဖြိုင်ဖြိုင်စရွာသည့်ကာလတွင် (#မိုးမရွာသည့် မနက်ပိုင်း၌ အချိန်လု၍) စတင်ပက်ဖျန်းပါ။
- မိုးအုံ့မှိုင်းခြင်း၊ မိုးဆက်တိုက်ရွာခြင်းများ ရက်ဆက်ဆိုသလို ဖြစ်ပေါ်နေပါက မိုး အခြေအနေကို ကြည့်၍ ၅ ရက်ခြားမှ ၁၀ရက်ခြားထပ်မံဖျန်းပါ။
- ဓာတုဆေးအနေနဲ့ အသုံးပြုရမည့်မှိုသတ်ဆေးများမှာ ပင်လုံးပြန့်အာနိသင်ရှိသည့် Metalaxyl၊Cymoxanil၊ Propamocarb hydrochloride တို့အားသုံးနိုင်ပါသည်။
 - ငါးသားပေါက်ကန်ပြုစုခြင်း အကြံပြုချက် - ငါးသားပေါက်ပြုစုရာတွင် ကန်ပြင်ဆင်ခြင်းလုပ်ငန်းစတင်ချိန်တွင် တစ်ဧက ထုံး ၂၄၈ပိဿာ ပက်သင့်ပါသည်။ - ကန်အတွင်းသို့ ရေစသွင်းလျှင် သဲရေစစ်ကို အသုံပြုပြီး ထည့်သွင်းပါ။ - ရေအနက်သည် ငါးမှုန် ဘဝ တွင် (၂)ပေသာ ထားရှိရပါမည်။ - ရက် ၂၀ ကျော်ပါက ၆လက်မခန့်ထပ်မံဖြည့်သွင်းပေးပါ။ - ကန်အတွင်း ငါးရိုင်းများနှင့် သားစားငါးများကင်းရှင်းစေရန်သည် အဓိကကျပါသည်။ ငါးသားပေါက်မွေးရာတွင် ငါးမျိုးစိတ် တစ်မျိုးတည်းသာ ထည့်သွင်းပါ၊ ရေနှော မွေးမြူခြင်းမျိုး မဖြစ်စေသင့်ပါ။ - --------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
