cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်ပတင်ပို့ရန် အခက်အခဲရှိသဖြင့် ဂျင်းစျေးကျလာ

. ဈေးကွက်သတင်းများ
အောင်ပန်းမြို့ တွင် ယခင် အပတ်က ဂျင်းဥမကြီး တစ်ပိဿာလျှင် ၃၈၀၀ကျပ် နှင့် ဂျင်းဥမ အလတ် တစ်ပိဿာလျှင် ၂၀၀၀ မှ ၃၀၀၀ ကျပ် ထိ ရှိခဲ့ပြီး ဂျင်း ဥမကြီး တစ်ပိဿာလျှင် ၂၅၀၀ ကျပ် နှင် ဂျင်းဥမ အလတ် တစ်ပိဿာလျှင် ၁၀၀၀ မှ ၂၀၀၀ ကျပ် အထိ စျေးကျ သွားကြောင်း သိရသည်။
  • အကြောင်း အမျိုးမျိုးကြောင့် ပြည်ပတင်ပို့မှု မရှိသေးသည့်အတွက် ပြည်တွင်း ဂျင်းစျေးနှုန်းများ ကျဆင်းနေကြောင်း သိရပါသည်။

    ထို့အပြင် စျေးကွက်တွင် ဂျင်း အသစ်များဖြစ်သည့် ဂျင်းဥမ အမျိုးအစားများ ဝင်ရောက်နေခြင်း ကြောင့် ဂျင်းက ပြည်တွင်းစျေးကွက် လိုအပ်ချက်ထက် ထုတ်လုပ်စိုက်ပျိုးမှုက ကျော်လွန်နေခြင်း ဖြစ်ကာ စျေးများ ကျလာခြင်းဖြစ်ကြောင်း သုံးသပ်ထားကြပါသည်။ 

    “ရှမ်းပြည်နယ်ကနေ ရခိုင်ကို အရင်သွားပြီးမှ ဘင်္ဂလာဒေ့ကို တင်ပို့ကြတာ။ အခု ရခိုင်ပြည်နယ် တောင်ဂုတ်ကနေ သွားရတာ တောင်ဂုတ်မှာ ပိတ်သွားတော့ ဘာမှ လုပ်မရ။ အောင်ပန်းမှာ ဝယ်မဲ့သူမရှိဖြစ်သွားတယ်။ Export မရှိတော့တဲ့ ကာလတစ်ခုဆိုတော့ ဝယ်လိုအားလျော့နေတဲ့ သဘောပါပဲ။ တချို့နေရာတွေကြတော့ ဝယ်ချင်တာ ဝယ်ခွင့်မရနေတဲ့ မြို့နယ်တွေရှိနေတော့ ဖြုန်းအားနည်းသွားတဲ့ သဘောပါ။” ဟု ရှမ်းပြည်နယ် အောင်ပန်း မှ ကုန်သည်တစ်ဦးက ပြောသည်။

    အောင်ပန်းမြို့ တွင် ယခင် အပတ်က ဂျင်းဥမကြီး တစ်ပိဿာလျှင် ၃၈၀၀ကျပ် နှင့် ဂျင်းဥမ အလတ် တစ်ပိဿာလျှင် ၂၀၀၀ မှ ၃၀၀၀ ကျပ် ထိ ရှိခဲ့ပြီး ဂျင်း ဥမကြီး တစ်ပိဿာလျှင် ၂၅၀၀ ကျပ် နှင် ဂျင်းဥမ အလတ် တစ်ပိဿာလျှင် ၁၀၀၀ မှ ၂၀၀၀ ကျပ် အထိ စျေးကျ သွားကြောင်း သိရသည်။

    စျေးကွက်တွင် ဂျင်းအသစ်များဖြစ်သည့် ဂျင်း ဥမ အမျိုးစားများသာ အရောင်းဝယ်ပြုလုပ်နေကြကြောင်း သိရသည်။ 

    “ကြက်သွန် ဖြူ နဲ့ ဂျင်း ကုန်စည်နှစ်မျိုးက Export မရှိသေးတော့ ဝယ်လိုအားနည်းပြီး စျေးကျတဲ့ဘက်ကို ရောက်ရှိနေပါတယ်။ အခုက ပြည်တွင်း ဝယ်လိုအားလဲ မကောင်းဘူး။ ပြည်တွင်းကောင်းရင်ကို စျေးအဲ့လောက်မဆိုးသေးဘူး။ အခုက ဂျင်းဥမ ပေါ်ချိန်ဆိုတော့ စျေးကွက် ဂျင်းအဝင်များနေတယ်” ဟု exporter တစ်ဦးက ဆိုသည်။ 

    လက်ရှိ ကာလမှာ ဂျင်းပေါ်ချိန် ဖြစ်ပြီး နှစ်စဉ်ဘင်္ဂလာဒေ့ မှ ဂျင်းဝယ်ချိန် အများဆုံးဖြစ်ကာ အများဆုံး တင်ပို့ ရသည့် ကာလဖြစ် ဖြစ်ကြောင်း သိရသည်။

    ပြည်တွင်း ဂျင်းကို ဘင်္ဂလားဒေ့နိုင်ငံသို့ အဓိက တက်ပို့နေရခြင်းဖြစ်ပြီး အဆိုပါ နိုင်ငံသို့ တင်ပို့နေသည့် အဓိက လမ်းကြောင်းများတွင် တင်ပို့ရန် ခက်ခဲနေခြင်း၊ Export Order မရှိနိုင်ခြင်းတို့ကြောင့် စျေးကျသွားခြင်း ဖြစ်ကြောင်းလည်း သိရသည်။

    မြန်မာနိုင်ငံတွင် ဂျင်းအား ရှမ်းပြည်နယ် တောင်ပိုင်းတွင် အဓိကထား စိုက်ပျိုးကြကြောင်း သိရပြီး ယခုနှစ်တွင် အထွက်နှုန်းများကြောင်းလည်း သိရသည်။

    အဆိုပါ ဖြစ်စဉ်များကြောင့် ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ထားဦးမည်ဆိုပါက စျေးများ ထပ်မံ ကျဆင်းသွားနိုင်ကြောင်း သုံးသပ်ကြသည်။

    ဖိုးချဲ(AMIA)

    ------  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
1
views
2116