တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်
- မတ်ပဲ - အရင်တစ်ပတ်က စျေးကျခဲ့တဲ့ မတ်ပဲက အခုတစ်ပတ်မှာ စျေးပြန်တက်လာပြီး တစ်တန်ကို သိန်း ၃၀ အထက်ကိုပြန်ရောက်လာပါတယ်။ ဒါကြောင့် နယ်စျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၂၀ တစ်တင်းကို အရင်တပတ်က ၉၈၀၀၀ မှ ၁၀၆၀၀၀ ကျပ်အထိ ရှိလာပါတယ်။ မတ်ပဲကတော့ အိန္ဒိယဘက် ဝယ်လိုအားအပေါ်လိုက်ပြီး စျေးတန်းက တက်လိုက်ကျလိုက်ဖြစ်နေတာ ဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၉၀၀၀၀ မှ ၃၂၁၀၀၀၀ ကျပ်အတွင်း စျေးတန်းရှိပါတယ်။ အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကိုတနင်္လာ မှ သောကြာနေ့အတွင်း ၂၉၅၅၀၀၀ မှ ၂၉၉၁၀၀၀ ကျပ် ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ တစ်တန်ကို ၃၀၀၀၀ ကျော်လောက်ပြန်တက်လာပါတယ်။ - ပဲစင်းငုံ - ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ အရင်တစ်ပတ်ကထက် စျေးတက်ရိပ်ပြလာပါတယ်။ ပဲစဥ်းငုံးကလည်း အိန္ဒိယဝယ်လိုအား ပေါ်လိုက်ပြီး စျေးတန်း အတက်အကျ ပြောင်းလဲမှုရှိနေတာဖြစ်ပါတယ် ။ - နယ်စျေးကွက်မှာတော့ ပဲစဥ်းငုံ တစ်တင်းကို ၈၀၀၀၀ ကျော်သာရှိပြီး အရောင်းအဝယ် အေးနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၉၈၀၀၀ မှ ၂၈၂၀၀၀၀ ကျပ်ရှိပါတယ်။ - အရင်အပတ်တုန်းက တနင်္လာကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၇၆၂၀၀၀ မှ ၂၈၁၈၀၀၀ ကျပ်ရှိခဲ့တာကြောင့် ၂၀၀၀ မှ ၃၀၀၀၀ ကျော်လောက်စျေးတက်ပါတယ်။ - ပြောင်း - ပြောင်းကတော့ အခုတစ်ပတ်မှာလည်း စျေးထပ်ကျလာပါတယ်။ ပြောင်းကိုအဓိကတင်ပို့တဲ့ ထိုင်းက ပြောင်းပေးစျေးနည်းတဲ့အပြင် ကမ္ဘာ့ပြောင်းစျေးကလည်းကျနေပါတယ်။ - ဒါကြောင့် မြန်မာ့ပြောင်းစျေးလည်း ဆက်တိုက်ကျလာနေပါတယ်။ လက်ရှိ ပြည်တွင်းမှာက ပြောင်းလက်ကျန်နည်းနေပြီး အရောင်းအဝယ် အေးနေပါတယ်။ - ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ခုတစ်ပတ် ပြောင်းတစ်ပိဿာကို ၁၆၇၀ မှ ၁၆၉၀ ကျပ်သာရှိပါတယ်။ အရင်တစ်ပတ်ကထက် တစ်ပိဿာ ၂၀ ကျပ်ထပ်ကျလာတာဖြစ်ပါတယ်။ - ကြက်သွန်ဖြူ - ပြည်တွင်းစျေးကွက်မှာ တရုတ်ကနေ တင်သွင်းတဲ့ ကြူကုတ်ကြက်သွန်ဖြူ စျေးနှုန်းမြင့်တက်လာပြီး ပြည်တွင်းထွက် ရှမ်းကြက်သွန်ဖြူတွေက စျေးကျလာနေတယ်လို့ ပွဲရုံတွေကသိရပါတယ်။ - ကြူကုတ်ကြက်သွန်က ကုန်အဝင်နည်းလာတာကြောင့် လက်ကျန်ကို စျေးနှုန်းမြင့်ရောင်းချနေတဲ့သဘောရှိပြီး ရှမ်းကြက်သွန်ကတော့ စျေးကွက်ထဲ ဝင်ရောက်မှုများနေတဲ့အတွက် စျေးကျလာနေတာဖြစ်ပါတယ်။ - ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်စျေးကွက်မှာ ကြူကုတ် ကြက်သွန်ဖြူ ကတစ်ပိဿာ ကို ၁၀၀၀၀ မှ ၁၀၅၀၀ ကျပ်ရှိပြီး ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ အောင်ပန်းထူး ၂ တစ်ပိဿာကို ၄၁၀၀ ကျပ်၊ အောင်ပန်းထူး ၃ က ၅၅၀၀ ကျပ်၊အောင်ပန်းထူး ၄က ၆၁၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆၃၀၀ ကျပ်ရှိ ပါတယ်။ - ဂျင်း - ဂျင်းတက်ကလည်း ပြည်ပဝယ်လိုအားမရှိတဲ့အပြင် ပြည်တွင်းမှာ ဂျင်းဥမအသစ်တွေပေါ်ချိန်ဖြစ်တာကြောင့် စျေးကျလာပါတယ်။ - ပြည်တွင်းရှိ ဂျင်းတက် အထွက်နှုန်းနဲ့ စားသုံးမှုကမမျှဘဲ ရောင်းလိုအားကများပြီး ဝယ်လိုအားနည်းတဲ့အတွက် ဂျင်းတက်စျေးကျလာတာဖြစ်ပါတယ်။ - အောင်ပန်းကုန်စည်ဒိုင်စျေးကွက်မှာ ဂျင်းဥမ အကြီးတစ်ပိဿာကိုမှ ၂၅၀၀ ကျပ် ၊ ဂျင်းဥမ အလတ်က တစ်ပိဿာကို ၁၀၀၀ မှ ၂၀၀၀ ကျပ်သာရှိပါတယ်။ - AMIA - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
