cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

အိန္ဒိယနိုင်ငံတွင် မတ်ပဲလိုအပ်ချက်ရှိနေခြင်းကြောင့် စျေးပြန်တက်လာ

. ဈေးကွက်သတင်းများ
အိန္ဒိယနိုင်ငံတွင် မတ်ပဲလိုအပ်ချက်ရှိနေခြင်းကြောင့် ကျဆင်းသွားသည့် ပြည်တွင်းမတ်ပဲစျေး ပြန်တက်ရိပ် ပြလာကြောင်း ပဲကုန်သည်များထံမှ သိရသည်။
  • မြန်မာ့မတ်ပဲအား အဓိက ဝယ်နေသည့် အိန္ဒိယနိုင်ငံတွင် မိုးများပြီး ပဲအပျက်အစီးရှိတဲ့အတွက် ယခုနှစ်တွင် ပဲစိုက်ပျိုးမှု လျော့ကျနေခြင်းကြောင့် စျေးတက်ရပ်ပြလာခြင်း ဖြစ်သည်။

    “အိန္ဒိယဘက်မှာလဲ အထွက်လျော့တယ်။ အဓိက အိန္ဒိယ လိုအပ်ချက်ပါပဲ။ “ဟု အောင်လံမြို့မှ ပဲကုန်သည် 

    တစ်ဦးက ပြောသည်။

    ယခင်က ဘုရင့်နောင် ကုန်စည်ဒိုင်တွင် ဇူလိုင်လ ၂၂ရက်နေ့က မတ်ပဲ  FAQ စျေးတစ်တန်လျှင် ၂၉၉၃၀၀၀ ကျပ် ထိ ကျဆင်းသွားခဲ့ခြင်းဖြစ်ပြီး လက်ရှိလျှင် မတ်ပဲ တစ်တန်လျှင် ၃၀၃၀၀၀၀ ကျပ် အထိပြန်တက်လာခြင်း ဖြစ်ကြောင်းသိရသည်။

    “အိန္ဒိယက ပဲတင်သွင်းကို အခွန်ကင်းလွတ်ခွင့်ပေးထားတယ်။ လက်ရှိ မတ်ပဲ FOB စျေးက ဒေါ်လာ ၇၂၀ကနေ ၇၃၀ ထိ ရှိတယ်။ အခုတက်လာပေမဲ့ အများကြီးတော့ မကိုက်သေး မရှိသေးဘူး“ ဟု ပဲ ပြည်ပ တင်ပို့သူတစ်ဦး ကပြောသည်။ 

    ပြည်ပ ပေါက်စျေး FOB အနေဖြင့် မတ် ပဲ တစ်တန်လျှင် ဒေါ်လာ ၉၀၀ ထိ ရှိပြီး ပဲစိမ်းငုံ တစ်တန်လျှင် ဒေါ်လာ ၁၀၀၀ ခန့်ထိရှိကြောင်း သိရသည်။

    ပြည်တွင်းမှာ ပဲစိုက်ပျိုးမှုလျော့ကျနေပြီး ပြည်တွင်းပဲအထွက်နှုန်းမှာလည်း သွင်းအားစုစျေးနှုန်းတွေ မြင့်တက်နေမူ နှင့် အခြား ပြည်တွင်းအခက်အခဲများကြောင့် စိုက်ဧကများ လျော့ကျလျက်ရှိကြောင်းလည်း သိရသည်။ 

    မြန်မာနိုင်ငံမှာအဓိကစိုက်ပျိုးသည့်ပဲအမျိုးအစားတွေဖြစ်သည့် မတ်ပဲ၊ ပဲစင်းငုံ တို့၏ စျေးနှုန်း အပြောင်းအလဲမှာ အဓိက ၀ယ်လက်နိုင်ငံဖြစ်သည့် အိန္ဒိယနိုင်ငံ ၏ ပဲတင်သွင်းမှုမူဝါဒအပေါ်မှာ လည်း အများကြီး သက်ဆိုင်သည်။

    ပြည်ပသို့ ပဲတန်ချိန် တစ်နှစ်လျှင် ပျမ်းမျှ တစ်သိန်းခွဲ ခန့်ထိ တင်ပို့လျှက်ရှိရာ ယခုနှစ်တွင် တင်ပို့မူ ကျဆင်းနိုင်ကြောင်း သိရသည်။ 

    မြန်မာနိုင်ငံ မှ ပဲများကို အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းထိ တင်ပို့နေ ပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံများ ကို လည်း ပဲမျိုးစုံ တင်ပို့နေကြောင်းသိရသည်။ 

    အိန္ဒိယအစိုးရ အနေနဲ့ မတ်ပဲ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားကြောင်းလည်း သိရသည်။

    ဖိုးချဲ(AMIA)

    ----  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
7
comments
0
views
2233