ရှမ်းပြည်နယ် ဩဂုတ်လ ၂ ရက် မှ ဩဂုတ်လ ၈ ရက်အထိ မိုးလေဝသအခြေအနေ
- ယခု တပါတ်အတွင်း ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်များနှင့် တောင်တရုတ်ပင်လယ်တို့တွင် ထူးခြားသောမိုးလေဝသဖြစ်စဉ်များ(လေဖိအားနည်းရပ်ဝန်း မုန်တိုင်းဖြစ်ပေါ်နိုင်ခြင်းမရှိပါ)။ မိုးလယ်ကာလပြီးဆုံးသည့် ဩဂုတ်လ ၃၁ ရက်နေ့အထိ၊ နေရာကျဲကျဲ ပုံမှန်မုတ်သုံမိုးရွာသွန်းခြင်းသာ ရှိနေနိုင်ပါမယ်။ - ရှမ်းပြည်နယ်အရှေ့မြောက်ပိုင်းဒေသများတွင် ဩဂုတ်လ ၅ ရက်နေ့အထိ မိုးအနည်းငယ်သာရွာနိုင်ပြီး ဩဂုတ်လ ၆ ရက်နှင့် ၇ ရက်နေ့များတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပြီး ၂၄ နာရီအတွင်းမိုးရေချိန် ၂.၄၄ လက်အထိရွာသွန်းနိုင်ပါတယ်။ - ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုးမြို့နယ်နှင့်အနီးတဝိုက်မှ ဒေသတွေမှာ ဩဂုတ်လ ၃ ရက်နေ့အထိ မိုးနည်းနေနိုင်ပြီး၊ ဩဂုတ်လ ၄/၅/၆/၇ ရက်နေ့တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်(၂၄ နာရီ မိုးရေချိန် ၁ လက်မ ဝန်းကျင်မှ ၂.၅၆ လက်မအထိ ရွာသွန်းနိုင်)ပါတယ်။ - ရှမ်းပြည်နယ်တောင်ပိုင်းဒေသတွေမှာ - နေသာချိန်များလာပြီး မိုးအနည်းငယ်သာရွာသွန်းနိုင်မည့် အခြေအနေရှိပါတယ်။ - ရှမ်းပြည်နယ်တောင်ပိုင်းနှင့် အရှေ့ပိုင်းဒေသတွေမှာ တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်းအများဆုံး တနာရီ ၂၀ မိုင်ခန့် ရှိနိုင်ပြီး၊ ရှမ်းပြည်နယ်မြောက်ပိုင်းမှာ အရှေ့မြောက်အရပ်၊ တောင်အရပ်နှင့် အနောက်တောင်ဘက်အရပ်များမှ လေတိုက်နှုန်း တနာရီ ၂၅ မိုင်နှင့်အထက်အထိ ရှိနိုင်ပါတယ်။ - ရှမ်းပြည်နယ်တခုလုံးမှာ လေထုစိုထိုင်းဆ ၁၀၀% ရှိနေနိုင်ပြီး သာမန်အားဖြင့် အမြင့်ဆုံးနေ့အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၉°C ရှိနိုင်ပြီး၊ ကျိုင်းတုံမြို့မှာ ခံစားရသည့်အပူချိန် ၃၄°C အထိရှိနိုင်ပါမယ်။ ရှမ်းပြည်နယ်ရဲ့ အခြားဒေသတွေမှာ လေထုစိုထိုင်းဆမြင့်မားမှုကြောင့် ဖြစ်ပေါ်တဲ့ ခံစားရသည့်အပူချိန်မြင့်မားခြင်းနှင့် ပုံမှန်အမြင့်ဆုံးအပူချိန်တို့ သိသာသောကွာခြားမှု မရှိပါ။ - ယခုတပါတ်အတွင်း ရှမ်းပြည်နယ်၏ လေထုညစ်ညမ်းမှုအခြေအနေ(AQI Value)များလည်း ကောင်းမွန်နေပါတယ်။ - ---------- - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ရှမ်းပြည်နယ်အတွင်း ပြောင်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - ရှမ်းပြည်နယ်တွင် ပြောင်းစိုက်တောင်သူမေးမြန်းလာသောငမြောင်တောင်ဖျက်ပိုးမှာ သားလောင်းများသည် အရွက်များကို ရိုးပြတ်ငုတ်တိုများဖြစ်အောင် ဖျက်ဆီးတတ်သည်။ အရွက်များကို အပေါက်များဖြစ်အောင် စားပြီး နောက်ပိုင်းတွင် အရွက်တစ်ရွက်လုံး ကုန်အောင် စားသောက်ဖျက်ဆီးသည်။ ငမြှောင်တောင်သည် မြက်များနှင့် အစေ့အဆန်အပင်များကို ပို၍ စားသောက်ဖျက်ဆီးတတ်သည်။ - ကာကွယ်နှိမ်နင်းနည်းများ - စိုက်ခင်းဝန်းကျင်ရှိ ပေါင်းမြက်များကို နှိမ်နင်းပေးပါ။
- သီးလှည့်စိုက်ပျိုးပါ။
- ဥမြှုံများကို ကောက်ယူဖျက်ဆီးပေးပါ။
- ငမြှောင်တောင် အရေအတွက်ကို စစ်ဆေးနိုင်ရန် မီးထောင်ချောက်များနှင့် ဖီရယ်မုန်းများကို အသုံးပြုပေးပါ။
- ပိုတက်ရှ်မြေဩဇာကျွေးပေးပါ။
- ပိုးသတ်ဆေးများအား မနက်စောစောနှင့် ညနေပိုင်းတွင် ဖျန်းပေးပါ။
- ပိုးသတ်ဆေး အသုံးပြုလိုပါက Emamectin Benzoate၊ Lambda Cyhalothrin၊ Indoxacarb တို့အားတစ်လှည့်စီ အလှည့်ကျ သုံးပေးပါ
 - ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် - မိုးရွာသွန်းမှုများသော ကာလဖြစ်သောကြောင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန် အကြံပြုအပ်ပါသည်။ ငါးမွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားသင့်ပါသည်။ ကန်ဘောင်ပေါ်မှ ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကို ကြိုတင်ကာကွယ်နိုင်ပါသည်။ - ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် (သို့မဟုတ်) အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
