လေထဲရှိနိုက်ထရိုဂျင်ကိုဖမ်းယူပေးနိုင်သော ပဲမြစ်ဖုဇီဝမြေသြဇာအကြောင်းသိကောင်းစရာ
- ပဲပင်စိုက်ပျိုးအပြီးတွင် စိုက်ပျိုးမည့်သီးနှံအတွက် နိုက်ထရိုဂျင်လိုအပ်မှုတစ်စိတ်တစ်ဒေသကို ဖြည့်ဆည်းပေးပါသည် (ဥပမာ - ပဲသီးနှံ နှင့် စပါးကိုသီးလှည့်စိုက်ခြင်း)။ - ပဲပင်အမျိုးအစားကိုလိုက်၍ ဖမ်းယူပေးနိုင်သော နိုက်ထရိုဂျင်ပမာဏများမှာ - - ၁။ မြေပဲ (၆၅ - ၁၁၂) ပေါင် - ၂။ ကုလားပဲ (၉၃) ပေါင် - ၃။ ပဲစင်းငုံ (၁၅၂ - ၂၅၄) ပေါင် - ၄။ မတ်ပဲ (၅၇ - ၃၁၀) ပေါင် - ၅။ ပဲတီစိမ်း (၅၇ - ၃၁၀) ပေါင် - ၆။ ပဲလွမ်း (၆၆ - ၃၂၁) ပေါင် - ၇။ ပဲရာဇာ/ပဲနီလေး (၈၀ - ၁၀၃) ပေါင် - ၈။ ညံပင် (၄၉၂) ပေါင် စသည်တို့ဖြစ်ပါသည်။ - ပဲမြစ်ဖုမြေသြဇာကိုအသုံးပြုနည်း - မြေသြဇာတစ်ထုပ်ကို တစ်ဧကအသုံးပြုနိုင်သည်။ အသုံးပြုရန်အတွက် အရိပ်တစ်ခုခုအောက် တွင် ဇီဝမြေသြဇာတစ်ထုပ်ကို တစ်ဧကစာမျိုးစေ့များပေါ်သို့လောင်းချပြီး ရေစိုစွတ်ရုံထည့်ကာ မွှေပေးပါ။ ထိုသို့ပြုလုပ်ထားသောမျိုးစေ့များကို မစိုက်ပျိုးသေးဘူးဆိုပါက အရိပ်အောက်တွင်ထားပေး ရပါမည်။ မျိုးစေ့ကိုစိုက်ပျိုးပြီးပါကလည်း မြေကိုချက်ချင်းဖုံးအုပ်ပေးရပါမည်။ - ပဲမြစ်ဖုမြေသြဇာသုံးပါက ပုလဲဓါတ်မြေသြဇာကို လျှော့ချသုံးစွဲနိုင်သဖြင့် ကုန်ကျစရိတ်ကို သက်သာစေပါသည်။ တခြားမြေသြဇာများအဖြစ် ဖော့စဖိတ်မြေသြဇာနှင့် ပိုတက်မြေသြဇာများကို အသုံးပြုပေးနိုင်ပါသည်။ နွားချေး၊ မြေဆွေးစသည့်သဘာဝမြေသြဇာများကိုလဲ ထည့်သွင်းအသုံးပြုနိုင် ပါသည်။ - မြေသြဇာကိုထားသိုနည်း - ၁။ အေး၍ခြောက်သွေ့သော၊ လေဝင်လေထွက်ကောင်းသောနေရာများတွင် သိုလှောင်ထားရမည်။ - ၂။ နေရောင်တိုက်ရိုက်ထိသောနေရာတွင်မထားသင့်ပါ။ - ၃။ အထုပ်များကိုလဲ မပေါက်ပြဲစေရန်ဂရုစိုက်ရပါမည်။သတိပြုလိုက်နာရမည့်အချက်များ - ၁။ ပဲမျိုးအလိုက် သတ်မှတ်ထားသည့် ပဲမြစ်ဖုဇီဝမြေသြဇာကိုသာသုံးရမည်။ - ၂။ မျိုးစေ့ချပြီးလျှင် ချက်ချင်းမြေဖုံးပေးရမည်။ - ၃။ အပင်ခြေတွင် ရေမဝပ်စေရန်နှင့် ရေမငတ်စေရန် ဂရုစိုက်ရမည်။ - ၄။ မျိုးစေ့လူးနယ်ရာတွင် ရေအစား ထမင်းရည်အေး၊ သကာရည် တို့ကိုသုံးပါက ပိုမိုအကျိုးရှိပါသည်။ - Source : Department of Agricultural Research. - စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ---------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
