ပဲခူးတိုင်း ဩဂုတ်လ ၁၉ ရက် မှ ဩဂုတ်လ ၂၅ ရက်အထိ မိုးလေဝသအခြေအနေ
- ဘင်္ဂလားပင်လယ်အော်နှင့်တောင်တရုတ်ပင်လယ်တို့တွင် ဖြစ်ပေါ်ခဲ့သည့် လေဖိအားနည်းရပ်ဝန်းများ(ဘင်္ဂလားပင်လယ်အော်မှ လေဖိအားနည်းရပ်ဝန်းက Well-Marked LPA ဖြစ်ခဲ့ပြီး၊ တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်းက အားကောင်းသောလေဖိအားနည်းရပ်ဝန်း - Tropical DEPRESSION)အဆင့်များအထိရောက်ရှိခဲ့ကာ၊ မုန်တိုင်းအဆင့်သို့ မရောက်ခဲ့ပေ။ မြန်မာနိုင်ငံတွင် ကြိုတင်ခန့်မှန်းခဲ့သည်လောက် မိုးများနိုင်မည့်အခြေအနေမရှိတော့တာကြောင့်၊ ရေကြီးနေသည့်ဒေသများအတွက် သက်သာရာရသွားပါတယ်။ သို့ရာတွင် - ပဲခူးတိုင်းအရှေ့ဘက်ခြမ်းမှ စစ်တောင်းမြစ်ဝှမ်းဒေသ(ရွှေကျင်-မဒေါက်ဒေသ)နှင့် ကရင်ပြည်နယ် ဘားအံမြို့နှင့် သံလွင်မြစ်ဝှမ်းတလျှောက် သံလွင်မြစ်ရေ စိုးရိမ်ရေမှတ်သို့ ပြန်လည်ရောက်ရှိလာနိုင်သည့်အခြေအနေအတွက် စိုးရိမ်နေရဆဲဖြစ်ပါတယ်။ - ပဲခူးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေကြိုတင်ခန့်မှန်း - · ပဲခူးတိုင်း၏မြို့တော် ပဲခူးမြို့မှာ - ဩဂုတ်လ ၁၈-၁၉ ရက်များတွင် ၂၄ နာရီအတွင်းမိုးရေချိန် ၁.၅ လက်မအထက်၊ ၂ လက်မနီပါးခန့်အထိ မိုးရွာနိုင်ပြီး၊ ဩဂုတ်လ လကုန်ရက်အထိ မိုးအားလျော့နည်းနိုင်ပါမယ်။ (၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက်မခန့်သာရွာသွန်းနိုင်) - · ပဲခူးတိုင်းအနောက်ခြမ်းက ပြည်မြို့မှာတော့ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၀.၅ လက်မခန့် မိုးရွာနိုင်ပြီး ဩဂုတ်လကုန်၊ မိုးလယ်ကာလကုန်သည်အထိ ၂၄ နာရီ မိုးရေချိန် ၁ လက်မကျော်အောင် ရွာနိုင်မည့်အခြေအနေမတွေ့ရပါ။ - · ပဲခူးတိုင်းအရှေ့ခြမ်းမှာ ၇ ရက်အတွင်းရွာသွန်းရရှိနိုင်သည့် မိုးရေချိန်ပမာဏသည် ပဲခူးတိုင်းအနောက်ခြမ်းထက်ပိုမိုနေဆဲဖြစ်ပြီး၊ ၇ ရက်အတွင်း မိုးရေချိန် ၆ လက်မအထက် ၇ လက်မနီးပါးအထိ ရွာသွန်းရရှိနိုင်ပါမယ်။ - · ပဲခူးတိုင်းအရှေ့ခြမ်းမှာ နေ့စဉ်ပျမ်းမျှမိုးရွာသွန်းမှုအသင့်အတင့်(၁.၂ လက်မအထက်)ဆက်လက်ရွာနေနိုင်ပြီး၊ ပဲခူးတိုင်အနောက်ခြမ်း ဧရာဝတီမြစ်အလယ်ပိုင်းနှင့် တောင်ပိုင်းတွေမှာ မိုးအနည်းငယ်(၀.၅ လက်မခန့်မှ ၁ လက်မအောက်)ဆက်လက်ရွာသွန်းရရှိနေနိုင်ပါမယ်။ - အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - ဩဂုတ်လ ၁၉ ရက်နေ့မှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C ရှိနိုင်ပြီး၊ ဩဂုတ် ၂၅ ရက်နေ့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၅°C အထိကျဆင်းနိုင်ကာ အနိမ့်ဆုံးညအပူချိန်တွေက ၂၅°C မှာ ရှိနေနိုင်ပါတယ်။ ပဲခူးတိုင်းရဲ့ နေ့စဉ်အမြင့်ဆုံးလေတိုက်နှုန်း အရှေ့တောင်ဘက်နှင့်တောင်ဘက်အရပ်များမှ တနာရီ မိုင် ၂၀ ကျော်ခန့်ရှိနိုင်ပြီး၊ နေ့စဉ်ပျမ်းမျှလေထုစိုထိုင်းဆ ၇၀% မှ ၉၀% ရှိနေပါမယ်။ လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value – 40)ရှိနိုင်ပါမယ်။ - ပဲခူးတိုင်းတောင်ဘက်က မုတ္တမကွေ့ကမ်းနီးပင်လယ်ပြင်မှာ တောင်ဘက်မှ လေတိုက်နှုန်း တနာရီ ၂၅ မိုင်ခန့်နဲ့ လှိုင်းအမြင့် ၂ ပေ မှ ၃ ပေခန့်အထိ ရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးမွေးမြူရေး အကြံပြုချက် - ငါးမွေးတောင်သူများအနေဖြင့် ကန်အတွင်း ငါးသားပေါက်များမထည့်မှီ ကန်အတွင်းရှိ သားစားငါး နှင့် ငါးရိုင်းများကို ဖယ်ရှားပေးရန် အထူးလိုအပ်ပါသည်။ သို့မှသာ မွေးမြူထားသော ငါးများ ရှင်သန်နှုန်းကောင်းပြီး အစာဝလင်စွာ စားနိုင်ပါမည်။ - - ငါးမွေးမြူရေးကန် တစ်ဧက မွေးမြူလိုပါက ရေစစ်ကန်ကို တစ်ဧက၏ သုံးပုံတစ်ပုံထားရှိပြီး အဆိုပါရေစစ်ကန်မှ အပေါ်ယံရေကို ရေစစ်ဖြင့် တဖြည်းဖြည်းခြင်း မွေးမြူမည့်ကန်သို့ ပြောင်းထည့်ပေးပါ။ - - ရေစစ်ကန်ဆောင်ရွက်ရန်အတွက် မြေနေရာ မရှိခြင်း နှင့် ကန်တူးရန်ကုန်ကျစရိတ်များ မတတ်နိုင်ပါက မိုက်ခရွန် (၅၀) သို့မဟုတ် (၁၀၀) ရှိသော ရေစစ်ကို အသုံးပြုပေးပါ။ - - ထို့အပြင် ကန်အတွင်း ပိုက်စိတ်ဖြင့် အကြိမ်ကြိမ် အဖန်ဖန်ဖမ်းဆီးခြင်း လုပ်ဆောင်နိုင်ပါသည်။ - - ကန်အတွင်းသို့ လက်ဖက်စေ့ကြိတ်ဖတ် (သို့မဟုတ်) ဟုမ်းမြစ်တို့ကို သုံးခြင်းဖြင့်လည်း ဖယ်ရှားနိုင်ပါသည်။ နောက်ဆုံးအဆင့်အနေဖြင့် ရိုတီနှုန်း ငါးသတ်ဆေးကို အသုံးပြုနိုင်ပါသည်။ - - စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - --------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
