မကွေးတိုင်း ဩဂုတ်လ ၂၀ ရက်မှ ဩဂုတ်လ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ
- ဩဂုတ်လ ၂၄ ရက်နေ့မှ စတင်၍ ဖိလစ်ပိုင်နိုင်ငံအနောက်ဘက်၊ တောင်တရုတ်ပင်လယ်အတွင်းတွင် လေဖိအားနည်းတခု စတင်ဖြစ်ပေါ်ပြီးအနောက်ဘက်သို့ ဆက်လက်ရွေ့လျားကာ ပိုမိုအားကောင်းလာနိုင်ကြောင်း သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များတွင် တွေ့နေရပါတယ်။ - ဩဂုတ်လ ၂၀ ရက် မှ ၂၆ ရက်အထိ(၇ ရက်အတွင်း)ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် - မကွေးတိုင်းမြောက်ပိုင်း ထီးလင်း၊ ဂန့်ဂေါ၊ ပခုက္ကူ၊ မကွေးတိုင်းတောင်ပိုင်းနှင့်အလယ်ပိုင်းမှ မကွေး၊ မင်းဘူး၊ စကု၊ အောင်လံ၊ တောင်တွင်းကြီး၊ စေတုတ္တရာ၊ ငဖဲ၊ ကျောက်ထု စသည့်မြို့နယ်/ခရိုင်များတွင် ၇ ရက်မိုးရေချိန် ၁.၅ လက်မ မှ ၃ လက်မ ခန့် ရွာသွန်းရရှိနိုင်ပြီး၊ မကွေးတိုင်းဒေသတွင်းမှ ကျန်ရှိသည့်မြို့နယ်/ခရိုင်များတွင် ၇ ရက် မိုးရေချိန် ၁ လက်အောက်သာ ရွာသွန်းရရှိနိုင်ပါသည်။ - မကွေးတိုင်းအတွင်း နေ့စဉ်ပျမ်းမျှမိုးရေချိန်ရရှိနိုင်သည့်အခြေအနေမှာ ၂၄ နာရီအတွင်း ၀.၂ လက်မ မှ ၀.၅ လက်မခန့်ရှိနိုင်ပြီး မိုးရွာရန်ရာခိုင်နှုန်း အမြင့်ဆုံး ၉၀% ရှိနိုင်ပါတယ်။ - အပူချိန်၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်း အမြင့်ဆုံးနေအပူချိန် ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ပြီး၊ လေထုစိုထိုင်းဆ ၇၅% မှ ၉၀% အတွင်း နေရာဒေသအလိုက် ပြောင်းလဲမှုရှိနိုင်ပါမယ်။ လေထုစိုထိုင်းမြင့်မားချိန် ခံစားရတဲ့အပူချိန်က ၃၈°C အထိရှိနိုင်ပါတယ်။ လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value က 25 သာရှိမှာမို့ အန္တရာယ်မရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မကွေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မကွေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်ပျိုးရာတွင် ငရုတ်မှည့်ပျောက်စွန်းရောဂါ ကျရောက် တတ်၍ အကြံပြုဖော်ပြပေးလိုက်ပါသည်။ ငရုတ်အထွက်နှုန်းကို ၁၀-၈၀ ရာခိုင်နှုန်း အထိ ထိခိုက်စေတတ်သော ငရုတ်မှည့်ပျောက်စွန်းရောဂါမှာ ငရုတ်သီးတောင့်၊ အရွက် နှင့် ပင်စည်တွေ ပေါ်တွင် အနာချိုင့်ကွက်ပုံစံ အမဲစက်လေးများပါသော အရစ်များအားတွေ့ရခြင်း၊ အကိုင်းများ ညိုးပြီး ခြောက်သွားခြင်း၊ အပင်ငယ်အဆင့်မှာ ခါးရိပြီးသေဆုံးသွားခြင်း နှင့် အပင်မပေါက်မီမှာ သေဆုံးသွားခြင်းများ တွေ့ရနိုင်ပါတယ်။ - ငရုတ်မှည့်ပြောက်စွန်းရောဂါကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- - ခံနိုင်ရည်ရှိသော မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးပါ။
- ရောဂါကျနေသောအပင်အစိတ်အပိုင်းများကို ဖယ်ရှားဖျက်စီးပေးပါ။
- ပေါင်းပင်များအား ရှင်းလင်းပေးပါ။
- မျိုးရင်းမတူသော သီးနှံနှင့် သီးလှည့်စိုက်ပျိုးပေးပါ။
- ပိုတက်ရှ်အချိုးမြင့်သော မြေသြဇာကို ကျွေးပေးပါ။
- Propiconazole, Hexaconazole, Chlorothalonil, Thiophanate-methyl စတဲ့မှိုသတ်ဆေးများအသုံးပြု နိုင်ပါတယ်။
 - ငါးသားပေါက် (ငါးမှုံ) သန့်စင်မှု နည်းစဉ်အဆင့်ဆင့် - - ငါးသားပေါက် (ငါးမှုံ) များအား ထည့်သွင်းမွေးမြူခြင်းမပြုမီ (၂၀ ဂရမ်/လက်တစ်ဆုပ် စာ ဆားကို ၁၀ လီတာ ရှိသော ရေဖြင့် ရောဖျော်ထားသော) ဆားရည် အပြည့်ဖြည့်ထား သော လက်ဆွဲပုံးတစ်လုံးအတွင်း၌ တစ်မိနစ် (သို့) ငါးခံနိုင်ရည်ရှိသလောက် ခေတ္တထည့် ထားပြီးမှ ငါးကန်ထဲသို့ ထည့်ပေးရမည်။ သို့မဟုတ် (၁၀ လီတာ ရှိသော ရေတွင် ပိုတက် ဆီယမ် ပါမင်းဂနိတ် ၅ ဂရမ် သို့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းစာနှင့် ရောဖျော်ထားသော) ပျော်ရည်အပြည့်ပါသော ပုံးတစ်လုံးအတွင်း၌ ခေတ္တ ကူးခတ်သန့်စင်စေပြီးမှ ငါးကန်ထဲ သို့ ထည့်ပေးရမည်။ - - ရေစစ်ဇကာပိုက်အထူတစ်ခုကို ပုံးထဲ ထည့်ထားခြင်းဖြင့် ငါးမှုံများ ကို ထိုပိုက်အတွင်း ကူးခတ်စေပြီး၊ ထိုပိုက်ဖြင့်ပင် ပြန်ဆယ်ယူရွှေ့ပြောင်းပေးခြင်းပြုလုပ် ရမည်။ ဤလုပ်ငန်းစဉ်ကို ငါးမှုံများအား ကန်တွင်းသို့ မပြောင်းရွှေ့မီ ပြုလုပ်လျှင် ပိုကောင်းသည်။ - - အထက်တွင် ဖော်ပြခဲ့သော ပျော်ရည်ထဲသို့ ငါးမှုံ ကောင်ရေ ၃၀၀ မှ ၅၀၀ အထိအား ၅ ကြိမ်နီးပါး ထည့်သွင်းကူးခတ်သန့်စင်စေနိုင်သည်။ - စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ - ---------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
