cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း ဩဂုတ်လ ၂၂ ရက်မှ ဩဂုတ်လ ၂၈ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
နေ့စဉ်(၂၄ နာရီအတွင်း)ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏမှာ ၀.၅ လက်မဝန်းကျင်ခန့်ရှိနိုင်ပါမယ်။ ဩဂုတ်လ ၂၄ ရက် မှာ မန္တလေးတိုင်းမြောက်ပိုင်းမှ တကောင်းမြို့နယ်တွင်မိုးအများဆုံး(၂၄ နာရီအတွင်း ၃၀ မမ - ၁.၂ လက်မခန့်) ရွာနိုင်ပါမယ်။
  • ဖိလစ်ပိုင်နိုင်ငံကိုဖြတ်ကျော်တိုက်ခတ်ပြီး တောင်တရုတ်ပင်လယ်သို့ရောက်ရှိလာမည့် INVEST-90W သည် ECMWF AI Forecast | ECMWF ENSEBLE MODEL(MODEL ပေါင်းချုပ်)နှင့် ICON MODEL တို့က 90W သည် ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် အပူပိုင်းမုန်တိုင်း(TS)နှင့် ၂၃ ရက် ညပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းဖြစ်လာနိုင်ပြီးနောက်၊ ဩဂုတ်လ ၂၄ ရက် ည - ၂၅ ရက် နံနက်အစောပိုင်းမှာ တုံကင်ပင်လယ်ကွေ့မှတဆင့် ဗီယက်နမ်ကမ်းခြေကိုဖြတ်ကျော်ဝင်ရောက်နိုင်ကြောင်း၊ ဩဂုတ်လ ၂၆ ရက်နေ့မှာ လာအိုနိုင်ငံနှင့်ထိုင်းနိုင်ငံမြောက်ပိုင်းအထိ ရောက်ရှိလာနိုင်ကြောင်းခန့်မှန်းထားပါတယ်။ 

    မုန်တိုင်းအကြွင်းအကျန်များက ဩဂုတ် ၂၅ ရက်နေ့က စ ပြီးတနင်္သာရီတိုင်းထက်ပိုင်း(မြိတ်မြို့အထက်)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ပဲခူးတိုင်းအရှေ့ပိုင်း၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်းနှင့်တောင်ပိုင်းတွေကို စတင်ရောက်ရှိပြီး အလယ်ပိုင်းဒေသတွေအထိ ဆက်လက်ရွေ့လျားသွားနိုင်၊ မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။ 

    မန္တလေးတိုင်း၏ ဩဂုတ် ၂၂ ရက်မှ ၂၈ ရက်အထိ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့်မိုးရေချိန်ပမာဏများ 

    ·          မကွေးတိုင်းနှင့်ဆက်စပ်လျှက်ရှိသည့် မန္တလေးတိုင်းအနောက်ပိုင်းဒေသအချို့တွင် ၁ လက်မ မှ ၁. ၈ လက်မဝန်းကျင်နှင့်၊ 

    ·          နေပြည်တော်အပါအဝင် ကျန်ရှိသည့်မန္တလေးတိုင်းဒေသအများစုတွင် ၇ ၇က်မိုးရေချိန် ၂ လက်မမှ ၃.၅ လက်ခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·          နေ့စဉ်(၂၄ နာရီအတွင်း)ရွာသွန်းရရှိနိုင်မည့် မိုးရေချိန်ပမာဏမှာ ၀.၅ လက်မဝန်းကျင်ခန့်ရှိနိုင်ပါမယ်။ 

    ·          ဩဂုတ်လ ၂၄ ရက် မှာ မန္တလေးတိုင်းမြောက်ပိုင်းမှ တကောင်းမြို့နယ်တွင်မိုးအများဆုံး(၂၄ နာရီအတွင်း ၃၀ မမ - ၁.၂ လက်မခန့်) ရွာနိုင်ပါမယ်။ 

    ·          ကျန်ဒေသများတွင် ၂၄ နာရီ မိုးရေချိန် ၁ လက်မ မကျော်နိုင်ပါ။ 

    ·          မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များရွေ့လျားရာလမ်းတလျှောက် နေရာကွက်၍မိုးများနိုင်ပြီး၊ 

    ·          အများအားဖြင့် နေရာကျဲကျဲမိုးထစ်ချုန်းရွာနိုင်မည့် အခြေအနေများ ဖြစ်ပေါ်နေနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေကြိုတင်ခန့်မှန်း 

    ယခုတပါတ်အတွင်း မန္တလေးတိုင်းရဲ့ အမြင့်ဆုံးနေအပူချိန် ၃၅°C ရှိနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ပါမယ်။ လေထုစိုထိုင်းဆ ၇၀% မှ ၉၀% အတွင်းမှာ ဒေသနဲ့ အချိန်အလိုက်ပြောင်းလဲနေနိုင်ပြီး လေထုစိုထိုင်းဆများတဲ့အချိန်တွေမှာ ခံစားရတဲ့အပူချိန် ၃၉°C အထိရှိနိုင်ပါတယ်။ လေထုညစ်ညမ်းမှုအညွှန်းကိန်း ၂၀ မှ ၃၀ ခန့်သာရှိနိုင်ပါမယ်။ 

    ယခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ ကူမဲမြို့၊ သဲတောဝမ်းတွင်းမြို့နဲ့ ပုဂံညောင်ဦးမြို့နယ်တွေမှာ ဩဂုတ် ၂၅၊ ၂၆၊ နဲ့ ၂၈ ရက်များတွင် နေ့လည်နေမွန်းတည့်ချိန်အတွင်း ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်း(UV INDEX)၁၁ ရှိနေပါတယ်။ မွန်းတည့်ချိန်မှ မွန်းလွဲ ၂ နာရီခန့်အထိ မျက်စေ့အကာအကွယ်မပါပဲ နေကိုတိုက်ရိုက်ကြည့်ရှုမိခြင်းသည် မျက်စေ့အမြင်အာရုံကို ပျက်စီးစေနိုင်တာကြောင့်၊ ရှောင်ကြဉ်ရမည်ဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မန္တလေးတိုင်းဒေသကြီးအတွင်း ပန်းမုန်လာစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    ပန်းမုန်လာစိုက်ပျိုးရာတွင် မိုးရွာလိုက်နေပူလိုက်နဲ့ ပူနွေးစိုစွတ်လာချိန်တွင် သတိပြုရမည်မှာ ဘက်တီးရီးယားပျော့ပုပ်ရောဂါဖြစ်သည်။ ရေစိုနာကွက်မှ တဖြည်းဖြည်းကျယ်ပြန့်လာကာ ပျော့၍ပုပ်လာတတ်ပြီး အနံ့ဆိုးများထွက်လာတတ်သည်။ တပင်မှတပင်သို့ကူးစက်မှု မြန်ဆန်၍ ကာကွယ်နှိမ်နင်းရန် လိုအပ်ပါသည်။ 

    • ရောဂါဖြစ်စေတဲ့ သက်ရှိမှာ မြေကြီးနှင့်သီးနှံအကြွင်းအကျန်များတွင် ခိုအောင်းနေတတ်၍ ရောဂါရပင်ကြွင်းပင်ကျန်များအား ဖယ်ရှားဖျက်ဆီးပေးပါ။ 
    • မျိုးရင်းမတူသော သီးနှံများဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။ 
    • နွေထယ်ရေးခံခြင်းများ လုပ်ဆောင်ပေးပါ။ 
    • ဓာတုဆေးအနေနဲ့ အသုံးပြုလိုပါက Bismerthiazol၊ Kasugamycinနှင့် ကော့ပါးပါဝင်သော ဆေးများကို ကြိုတင်ပက်ဖျန်းခြင်းဖြင့် ကာကွယ်နှိမ်နင်းနိုင်ပါသည်။။ 

     ငါးကန်တွင် ကပ်ပါးပိုးမရှိအောင် လုပ်ဆောင်ခြင်း  

    ကပ်ပါးပိုးတွေ ကန်ရေမှာရှိနေရင် (သို့မဟုတ်) ငါးမှာ ချိပ်ပိုးကပ်နေတာတွေ့ရင် ရေလဲလှယ်ပေးခြင်း (Water Exchange) လုပ်ရပါမယ်။ ပြီးရင် ဆားကြမ်းကို ဆာလာအိတ်ထဲထည့်ပြီး ကန်ထဲမှာ ဝါးလုံးထောက်ချိတ်ဆွဲထားပေးရပါမယ်။ ဒါမှ ကပ်ပါးပိုးရှိတဲ့ ငါးတွေက အဲ့ဒီ ဆားအိတ်နှင့် လာပွတ်ပြီး ကပ်ပါးကိုခွာချခြင်း လုပ်ဆောင်မှာဖြစ်ပါတယ်။ 

    ကပ်ပါးပြင်းထန်မယ်ဆိုရင်တော့ Ivermectin, Copper Sulphate (ဒုတ္ထာ)သုံးပေးလို့ ရပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ကပ်ပါးပိုးမရှိရအောင် ငါးကန်အသစ် စပြင်တဲ့အချိန်ထဲက ရေတစ်လီတာမှာ ကလိုရင်း ၂၀မီလီဂရမ် (Chlorine 20mg per litre) သို့မဟုတ် ၁ဧကအတွက် မဖောက်ထုံး ၆၀၀ ကီလိုဂရမ် (Calcium Oxide 600kg/acre)ဖြင့် ငါးကန်အသစ်သို့ ရေနှင့် ငါးမထည့်ခင် ကြိုတင်ပြီး ပိုးသတ်ခြင်း(Disinfection)လုပ်ထားလို့ရပါတယ်။ Source: De heus 

    စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။       

    --------------              

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12                

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.                

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437      


  • article
likes
5
comments
0
views
3389