ပဲခူးတိုင်း ဩဂုတ်လ ၆ ရက် မှ စက်တင်ဘာလ ၁ ရက်အထိ မိုးလေဝသအခြေအနေ
- ပဲခူးတိုင်း ဩဂုတ်လ ၆ ရက် မှ စက်တင်ဘာလ ၁ ရက်အထိ မိုးလေဝသအခြေအနေ - မုန်တိုင်းအကြွင်းအကျန်ကြောင့် မိုးရွာသွန်းနိုင်သည့်အခြေအနေ - တောင်တရုတ်ပင်လယ်မှ ဗီယက်နမ်နိုင်ငံကမ်းရိုးတန်းကိုဖြတ်ကျော်ပြီးနောက် ဆက်လက်ရွေ့လျားဝင်ရောက်လာနိုင်သည့် KAJIKI မုန်တိုင်းအကြွင်းအကျန်တိမ်တိုက်များသည် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလအတွင်း ဝင်ရောက်ခဲ့သည့် တိုင်ဖွန်း YAGI အကြွင်းအကျန်များထက်များစွာလျော့နည်းနိုင်ပါတယ်။ ၂၀၂၄ ခုနှစ်က မိုးအလွန်များပြီးရေကြီးခဲ့သည့် အခြေအနေအထိ ရောက်နိုင်မည် မဟုတ်ပါ။ - ဩဂုတ်လ ၂၅ ရက် ည ၉ နာရီမှ ၂၉ ရက် ည ၉ နာရီအထိ ၄ ရက်အတွင်း၊ ရွာသွန်းရရှိနိုင်မည့်မိုးရေချိန်အခြေအနေ - · မြန်မာနိုင်ငံအရှေ့ပိုင်းဒေသတွေဖြစ်တဲ့ ရှမ်းပြည်နယ်(တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း(အရှေ့) ဒေသတွေအပြင်၊ - ·မြန်မာနိုင်ငံအလယ်ပိုင်းဒေသများဖြစ်တဲ့ နေပြည်တော်၊ မန္တလေးတိုင်း၊ စစ်ကိုင်းတိုင်းနဲ့ မြောက်ပိုင်းက ကချင်ပြည်နယ်တွေမှာ မိုးအသင့်အတင့် မှ မိုးများနိုင် - ၄ ရက် မိုးရေချိန် ၁.၃ လက်မ မှ ၇.၆ လက်မအထိ ရွာသွန်းရရှိနိုင်ပါမယ်။ - · မြန်မာနိုင်ငံရဲ့ ကျန်ပြည်နယ်တိုင်းဒေသများဖြစ်တဲ့ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်းအနောက်ခြမ်း၊ ချင်းပြည်နယ်၊ မကွေးတိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် ကယားပြည်နယ်တွေမှာ မိုးအနည်းငယ်မှ အသင့်အတင့် ထစ်ချုန်းရွာနိုင်ပြီး နေရာကွက်၍ ခေတ္တမျှမိုးသည်းထန်နိုင်ပါတယ်၊ မိုးရေချိန်များနိုင်မှာတော့ မဟုတ်ပါ။ - ပဲခူးတိုင်း - ဩဂုတ် ၂၆ ရက်မှ စက်တင်ဘာ ၁ ရက်အထိ ၇ ရက်အတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေ - · ပဲခူးတိုင်းအရှေ့ပိုင်း၊ ကရင်ပြည်နယ် နယ်စပ်တောင်ကြောများနှင့် စစ်တောာင်းမြစ်ဝှမ်းတလျှောက်တွင် နေ့စဉ်မိုးအသင့်အတင့်(၂၄ နာရီအတွင်း မိုးရေချိန် ၁.၂ လက်မ အထက် ၂.၀ လက်မ အောက်)ရွာသွန်းနိုင်ပြီး၊ ၇ ရက်မိုးရေချိန် ၄ လက်မခန့်မှ ၇ လက်မခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။ - · ပဲခူးတိုင်းအနောက်ပိုင်းဒေသများတွင် နေ့စဉ်မိုးရွာသွန်းမှုနည်းနေဦးမှာဖြစ်ပြီး ၇ ရက်မိုးရေချိန် အများဆုံး ၂ လက်မခန့်သာ ရွာသွန်းရရှိနိုင်ပါမယ်။ - · ပဲခူးရိုးမတောင်ကြောနှင့်ဆက်စပ်လျှက်ရှိသည့် ပဲခူးတိုင်းအနောက်တောင်ဘက်ခြမ်းမှ ဒေသအချို့တွင် ၇ ရက် မိုးရေချိန် ၃ လက်မဝန်းကျင်ခန့်အထိ ရွာသွန်းရရှိနိုင်ပါမယ်။ - အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ - · ယခုတပတ်အတွင်း ပဲခူးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၂°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ တောင်-အရှေ့တောင်ဘက်အရပ်မှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၂၀ ခန့် ရှိနိုင်ပါမယ်။ - · နံနက်ပိုင်း/ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၉၀% ဝန်းကျင်ရှိနိုင်ပြီး နေ့လည်-နေ့ခင်းအချိန်တွေမှာ ၆၀% မှ ၇၀% ရှိနေနိုင်ပါမယ်။ - လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value)အမြင့်ဆုံး ၃၀ အထိသာရှိနိုင်တာကြောင့် လေထုညစ်ညမ်းမှုအခြေအနေတွက် စိုးရိမ်စရာမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ပဲခူးတိုင်းဒေသကြီးအတွင်းရှိ တိုင်ထောင်ပဲ(ပဲတောင့်ရှည်)စိုက်တောင်သူများထံသို့.. - စိုက်ပျိုးရေးဆိုင်ရာ အကြံပြုချက် - လတ်တလော တိုင်ထောင်ပဲတွင် ကျရောက်သော ပွင့်ထွေး၊ လှေး နှင့်ပတ်သတ်ပြီး မေးမြန်းလာမှုများရှိသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြု ဆွေးနွေးပေးလိုက်ပါတယ်။
- ဖျက်ပိုးနှစ်မျိုးလုံးကျရောက်နေသောစိုက်ခင်းများအနေဖြင့် နိုက်ထရိုဂျင်အချိုး အဓိကပါဝင်သောရွက်ဖျန်းအားဆေး၊ မြေဩဇာများ အလွန်အကျွံအသုံးပြုခြင်းကို ရှောင်ပါ။
- ပဲပွင့်ထွေးအတွက်ရွေးချယ်နိုင်သောဓာတုဆေးများ Chlorantraniliprole + Spinosad အတွဲ (သို့မဟုတ်) Flubendiamide+ Emamectin benzoate
- သီးတောင့်ထဲ ဝင်စားနေတဲ့အဆင့်ကိုတွေ့ပါက Indoxacarb + Thiodicarb ကို မနက်ခင်းပိုင်းမှာဖျန်းနိုင်ပါတယ်။
- လှေးကျနေသောစိုက်ခင်းများအနေဖြင့် Spinosad, Spirotetramat, Fipronil, Acetamiprid, Thiamethoxam, Abamectin အဆင်ပြေရာကိုရွေးချယ်နိုင်ပါတယ်။
- စိုက်ခင်းအစိုဓာတ်ချိန်ညှိပေးပါ။
- အပင်ခြေ၊ စိုက်ခင်းပတ်ဝန်းကျင်ပေါင်းမြက်များကိုလည်း ရှင်းလင်းပေးပါ။
 - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - မိုးရွာသွန်းမှုများခြင်းကြောင့် ကန်ဘောင်မှမြေကြီးများ ပျော်ဝင်စီးဆင်းခြင်းကြောင့် ရေနောက်ကျိခြင်း၊ ငါးဖမ်းရန်ပိုက်ဆွဲခြင်းကြောင့်လည်းကောင်း ကန်ရေနောက်ကျိနိုင်ပါသည်။ ကန်ရေ နောက်ကျိခြင်းသည် ငါးများ၏ ပါးဟက်တွင် ရွှံ့အနယ်များ ပိတ်ဆို့ခြင်းကြောင့် ငါးများအသက်ရှူခြင်းနှင့် အောက် စီဂျင်ရရှိမှု ခက်ခဲပါသည်။ ကန်ရေနောက်ကျိနေခြင်းကြောင့် နေရောင်ခြည်သည် ကန်အောက်ခြေအထိ မဖောက် ထွင်းနိုင်သောကြောင့် သဘာဝအစာ (ရေဩဇာတက်ခြင်း)ပေါက်ဖွားမှုလည်း ကျဆင်းလာပါသည်။ - အဆိုပါကန်ရေနောက်ကျိပါက အောက်ပါနည်းလမ်းအတိုင်း ဆောင်ရွက်ပေးပါရန် အကြံပြုအပ်ပါသည်- -  တစ်ဧကလျှင် ထုံးမှုန့် ပိဿာ (၆၀-၉၀) အထိ (သို့မဟုတ်) ကောက်ရိုးပိဿာ (၆၀-၉၀)အထိထည့်သွင်း ပေးပါ။ ကောက်ရိုးကို အသုံးပြုပါက ၂ရက် ၃ရက်ကြာလျှင် ကောက်ရိုးများကိုပြန်လည်ဆယ်ထားပေးပါ -  တစ်ဧကလျှင် ကျောက်ချဉ် (၁၅) ပိဿာထည့်ပေးခြင်းဖြင့်လည်း ကန်ရေကို ကြည်လင်စေပါသည်။ - ✦✦✦✦✦✦✦✦ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
