cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း ဩဂုတ် ၂၇ ရက် မှ စက်တင်ဘာလ ၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မကွေးတိုင်းအနောက်ဘက်နှင့်မြောက်ဘက်ဒေသများဖြစ်သော စေတုတ္တရာ၊ ဆော၊ ကျောက်ထု၊ ကျော၊ ထီးလင်း၊ ဂန့်ဂေါစသည့် မြို့နယ်များတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်(၀.၅ လက်မအထက် ၁.၂ လက်မအောက်)ရွာနိုင်
  • တောင်တရုတ်ပင်လယ်မှ တိုင်ဖွန်းမုန်တိုင်း KAJIKI အကြွင်းအကျန်များ‌ကြောင့် မိုးရွာနိုင်မည့်အခြေအနေသည် မကွေးတိုင်းသို့ ရောက်ရှိမှုအလွန်နည်းပါးနိုင်ပါမယ်၊  

    နေ့စဉ် မိုးအနည်းငယ်မှမိုးအသင့်အတင့်(၂၄ နာရီ မိုးရေချိန် ၀.၅ လက်မ မှ ၁.၂ လက်မ ခန့်)သာ ရရှိနိုင်ပြီး၊ ၇ ရက်မိုးရေချိန် ၁ လက်မ မှ အများဆုံး ၅ လက်မအတွင်း ရွာသွန်းရရှိနိုင်ပါတယ်။ 

    မကွေးတိုင်းအနောက်ဘက်နှင့်မြောက်ဘက်ဒေသများဖြစ်သော စေတုတ္တရာ၊ ဆော၊ ကျောက်ထု၊ ကျော၊ ထီးလင်း၊ ဂန့်ဂေါစသည့် မြို့နယ်များတွင် မိုးအနည်းငယ်မှ မိုးအသင့်အတင့်(၀.၅ လက်မအထက် ၁.၂ လက်မအောက်)ရွာနိုင်ပြီး၊ မကွေး၊ မင်းဘူး၊ ရေနံချောင်း၊ ချောက်၊ ပွင့်ဖြူ၊ ဆင်ဖြူကျွန်း၊ တောင်တွင်းကြီး၊ နတ်မောက် စသည့်မြို့နယ်များတွင် နေ့စဉ်မိုးအနည်းငယ်(၀.၅ လက်မအောက်) ရွာသွန်းရရှိနိုင်ပါမယ်။ 

    ယခုတပတ်အတွင်း မကွေးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိပြီး၊ တောင်ဘက်၊ အနောက်တောင်ဘက်နှင့် အရှေ့တောင်ဘက်အရပ်များမှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၂၇ မိုင်အထိ ရှိနိုင်ပါတယ်။ 

    နေ့လည်ပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၆၀% ရှိနေပြီး နံနက်အစောပိုင်းနှင့် ညပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၈၀% မှ ၉၀% ရှိနေနိုင်ပါတယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI Value) ၂၅ ရှိတာကြောင့် အန္တရာယ်မရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home 

    မကွေးတိုင်းဒေသကြီးအတွင်း ရုံးပတီစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း ရုံးပတီစိုက်ပျိုးရာတွင်စုပ်စားပိုးဖြစ်သော ဖြုတ်စိမ်းကျရောက် ဖျက်ဆီးမှု သတိပြုကာကွယ်ပေးပါ။ အရွက်အောက်မျက်နှာပြင်မှ အပင်ရည်စုပ်စားပြီး ဗိုင်းရက်စ်ရောဂါသယ်ဆောင်ကာ အရွက်များကို ဝါစေပြီး ရောဂါပြင်းထန်ပါက ကြွေကျသွားတတ် ပါသည်။ အထွက်နှုန်းကို ၄၆-၆၆ ရာခိုင်းနှုန်းအထိကျဆင်းစေတတ်တဲ့ ဖျက်ပိုးဖြစ်သည့်အတွက် မပေါ့ဆသင့်ပါ။ 

    ကြိုတင်ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • မျိုးရင်းဝင်မတူညီသော သီးနှံဖြင့် သီးလှည့်စိုက်ပျိုးပေးပါ။ 
    • ပိုးများခိုအောင်းရာပေါင်းမြက်များရှင်းလင်းဖျက်ဆီးပေးပါ။ 
    • ဓာတုဆေးအနေဖြင့် Cartap hydrochloride ၊ Dinotefuran၊ Pymetrozine၊ Nitnepyram နှင့် Fenobucarb  များပါဝင်သော ပိုးသတ်ဆေးများကို ကြိုတင်ပက်ဖျန်း ခြင်းဖြင့် ကာကွယ်ပေးပါ။ 

    ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက်  

    -ငါးမွေးကန်များတွင် ရေဩဇာရရှိနေခြင်းသည် ငါးတို့၏ သဘာဝအစာဖန်တီးပေးခြင်းဖြစ်ပါသည်။ ထို့ ကြောင့် ငါးကန်၏ ကန်ရေကို အမြဲတမ်းအစိမ်းရောင်ဖြစ်လာစေရန်(တစ်နည်း ရေဩဇာတက်လာစေရန်) မြေဩ ဇာထည့်သွင်းခြင်းကို ဆောင်ရွက်ကြပါသည်။  

    -ငါးမွေးကန်အတွင်း မြေဩဇာထည့်သွင်းပြီး (၂)ပတ် (သို့မဟုတ်) ၁ ၄ရက်ကြာသောအခါ ကန်ရေဩဇာအမြင့်ဆုံးအခြေအနေရောက်ရှိလာပါသည်။ တစ်နည်းအားဖြင့် သက်ရှိအစာ ပေါက်ဖွားနှုန်းသည် အမြင့်ဆုံးရောက်ပြီးနောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလာပါသည်။ 

    -ကန်အတွင်း ငါးများ ဆက်လက်ပုံမှန်ကြီးထွားရန်အတွက် သဘာဝအစာ အမြဲဆက်လက်ရှိနေစေရန် လိုအပ်သောကြောင့် (၂)ပတ် ၁၄ ရက်လျှင် မြေဩဇာများထပ်မံဖြည့်ထည့်ပေးရန်လိုအပ်ပါသည်။  

    -ထိုသို့မဟုတ်ပါက ကန်အတွင်းမွေးမြူထားသော ငါးများ အာဟာရချို့တဲ့ပြီး ငါးများကြီးထွားခြင်း မရှိနိုင်ပါ၊ ရောဂါကျရောက်ခြင်းများရှိလာနိုင်ပါသည်။  

    မြေဩဇာထည့်သွင်းရမည့်နှုန်းကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။  

    မြေဩဇာအမျိုးအစား တစ်ဧကထည့်သွင်းရမည်နှုန်း 

    သစ်ရွက်ဆွေးမြေဩဇာ - ၃၁ ပိဿာ မှ ၆၂ ပိဿာ 

    ယူရီယားမြေဩဇာ - ၄ ပိဿာ မှ ၉ ပိဿာ  

    တီစူပါ မြေဩဇာ - ၃ ပိဿာ မှ ၄ ပိဿာ 

    ထည့်ရမည့်အကြိမ် - ၇ ရက်တစ်ကြိမ် 

    ✦✦✦✦✦✦✦✦  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12  

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို  

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.  

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
3603