cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

စားတော်ပဲ (ကျွန်း) စျေးအတက်ပြလာ

. ဈေးကွက်သုံးသပ်ချက်
မတ်ပဲ၊ပဲစင်းငုံ စျေးနှုန်းထပ်ကျဆင်းလာပြီး ပြောင်းစျေးငြိမ်နေ၊ ကြက်သွန်နီစျေးအေးပေမယ့်အရောင်းအဝယ်သွက်၊ စားတော်ပဲ (ကျွန်း) အတက်ပြလာ
  • တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက် "

    ( ၂၅. ၈.၂၀၂၅ မှ ၂၉.၈. ၂၀၂၅)

    မတ်ပဲ

    မတ်ပဲကတော့ ယခုတစ်ပတ်မှာလည်း စျေးတန်းထပ်ကျလာပြီး တစ်တန်ကို ၂၉ သိန်းအောက်အထိ စျေးတန်းပြုတ်ကျသွားတာ တွေ့ရပါတယ်။ FOB စျေးလည်းကျလာပြီး အမေရိကန်ဒေါ်လာ ၇၀၀ မှ ၇၁၀ သာရှိပါတော့တယ်။လက်ရှိမှာ အိန္ဒိယဘက်က ဝယ်လိုအားနည်းနေတဲ့အပြင် အရောင်းအဝယ်အေးနေတာကြောင့် စျေးကွက်လည်းအကျသာရှိနေတာဖြစ်ပါတယ်။ 

    ရွှေစျေးဒေါ်လာစျေးဂယက်ကြောင့်လည်း ပို့ကုန်ပဲစျေးက အကျဘက်ကိုပြုတ်ကျခဲ့တာ ဖြစ်ပါတယ်။ နယ်စျေးကွက်မှာလည်း မတ်ပဲတစ်တင်းကို ၉၀၀၀၀ မှ ၉၂၀၀၀ ကျပ်သာရှိပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာမှာ ၂၈၉၂၀၀၀၊ အင်္ဂါ‌နေ့မှာ ၂၈၈၄၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၈၈၅၀၀၀ ၊ ကြာသပတေး‌နေ့မှာ ၂၈၈၀၀၀၀ ၊သောကြာ‌နေ့မှာ ၂၈၈၄၀၀၀ စျေးတန်းသာရှိပါတယ်။

    အရင်အပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၅၁၀၀၀ မှ ၂၉၇၈၀၀၀ ကျပ်ရှိခဲ့တာကြောင့် တပတ်အတွင်းမှာ ၈၀၀၀၀ ကျပ်လောက် စျေးထပ်ကျခဲ့ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကလည်း အခုတစ်ပတ်မှာ  စျေးတန်းထပ်ကျပြီး တစ်တန်ကို ၂၆ သိန်းကျပ်အောက်ကို စျေးတန်းပြုတ်ကျသွားပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁သိန်းကျော်လောက် ထပ်မံ စျေးကျဆင်းတာတာ တွေ့ရပါတယ်။ ပဲစင်းငုံကလည်း ပြည်ပအဝယ်နည်းပြီး စျေးကအေးနေပါတယ်။ လက်ကျန်လည်း နည်းနေပါတယ်။FOB စျေးလည်းကျလာပါတယ်။ အရင်က အမေရိကန်ဒေါ်လာ ၆၆၀ မှ ၆၇၀ ရှိရာကနေ ယခု အမေရိကန်ဒေါ်လာ ၆၄၀ မှ ၆၅၀ သာရှိပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၅၆၄၀၀၀၊ အင်္ဂါ‌နေ့မှာ ၂၅၃၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှ သောကြာ‌နေ့အထိ ၂၅၂၀၀၀၀  မှ ၂၅၂၂၀၀၀ စျေးတန်းသာရှိပါတယ်။

    အရင်အပတ်တုန်းက တနင်္လာ‌နေ့ကနေ သောကြာနေ့အထိ ပဲစင်းငုံနီတစ်တန်ကို ၂၆၆၈၀၀၀ မှ ၂၆၂၀၀၀၀ ကျပ်ရှိခဲ့တာဖြစ် ပါတယ်။

    စားတော်ပဲ

    စားတော်ပဲကတော့ ယခုတစ်ပတ်မှာ စားတော်ပဲ ( ကနေဒါ) က စျေးကျဆင်းပြီး စားတော်ပဲ (ကျွန်း) က စျေးတက်လာတာတွေ့ရပါတယ်။ ပြည်တွင်းစျေးကွက်မှာ စားတော်ပဲ(ကျွန်း)က လက်ကျန်နည်းပြီး စျေးကွက်အတွင်း ကုန်ပစ္စည်းအဝင်နည်းတာကြောင့် စျေးကွက်အတက်မှာပဲရှိနေပါတယ်။

     လက်ရှိမှာတော့ စျေးကွက်အတွင်း ယူကရိန်း စားတော်ပဲ ပစ္စည်းအဝင်ပြတ်နေပြီး စားတော်ပဲ (ကျွန်း) နဲ့ စားတော်ပဲ (ကနေဒါ) သာ ဝင်ရောက်မှုရှိနေပါတယ်။ စားတော်ပဲက ပြည်တွင်းစားသုံးတဲ့ပဲဖြစ်တာကြောင့် စားသုံးမှုများပြီးဝယ်လိုအားကောင်းပါက စျေးတန်းမြင့်တတ်ပြီး ဝယ်လိုအားကျပါက စျေးကွက်လည်းကျဆင်းတတ်တယ်လို့သိရပါတယ်။

    မန္တလေးကုန်စည်စျေးကွက်မှာ စားတော်ပဲ ကနေဒါ ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်ကို ၃၉၀၀၀၀ ကျပ်သာရှိပြီး စားတော်ပဲ ( ကျွန်း) ကတော့ တစ်အိတ်ကို ၆၄၀၀၀၀ မှ ၆၇၀၀၀၀ ကျပ်ရှိလာပါတယ်။

    ကြက်သွန်နီ

    ကြက်သွန်နီကတော့ စျေးတန်းအကျဘက်မှာဘဲ ဆက်ရှိနေပေမယ့် အရောင်းအဝယ်သွက်လာတယ်လို့ သိရပါတယ်။ ရန်ကုန်ဘုရင့်နောင် ကုန်စည်ဒိုင်နဲ့နယ်ကုန်စည်ဒိုင်တွေကို ကြက်သွန်ကားအစီးရေ ဝင်ရောက်မှုနည်းသွားတဲ့အတွက် အရောင်းအဝယ်သွက်လာနေတာ ဖြစ်တယ်လို့သိရပါတယ်။

    ယခုအတိုင်းသာ ကြက်သွန်နီကို ထိန်းပြီးရောင်းမယ်ဆိုရင် စျေးတန်းပြန်လည်မြင့်တက်လာနိုင်တယ်လို့ ဆိုကြပါတယ်။ ပြည်ပတင်ပို့မှုအနေနဲ့ကတော့ မြဝတီနယ်စပ်ကနေ ထိုင်းကိုတင်ပို့မှု ရပ်တန့်နေပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ စျေးတန်းအနေနဲ့ ဆိပ်ဖြူက တစ်ပိဿာကို ၇၅၀ ၁၆၀၀ ကျပ်စျေးဖွင့်ထားပါတယ်။ မုံရွာက ၇၅၀ မှ ၁၅၀၀ ကျပ် နဲ့ မြင်းခြံကြက်သွန်က ၆၀၀ မှ ၁၄၅၀ ကျပ်၊ ပခုက္ကူက ၉၀၀ ကျပ်မှ ၁၅၀၀ ကျပ် စျေးတန်းဖွင့်ထားပါတယ်။

    ပြောင်း

    ပြောင်းဆံကတော့ အရင်ဖြစ်ပေါ်ခဲ့တဲ့အကျ စျေးတန်းမှာပဲ ငြိမ်နေတာတွေ့ရပါတယ်။ ထိုင်းကိုအခွန်ကင်းလွတ်ခွင့်နဲ့ ပြောင်းဆံတင်ပို့ခွင့်က ယခုဩဂုတ်လကုန်မှာ ကုန်ဆုံးမှာဖြစ်တာနဲ့အညီ စျေးကွက်ကလည်း အေးနေပါတယ်။ စျေးတန်းအေးပေမယ့် ပြောင်းက အရောင်းအဝယ် ပုံမှန်ရှိနေတယ်လို့သိရပါတယ်။

    မန္တလေးကုန်စည်စျေးကွက်မှာ ပြောင်း (ဗမာ) က ပစ္စည်းအဝင်မရှိသလို စျေးတန်းလည်းဖွင့်မထားပါဘူး။ ပြောင်း ( ရှမ်း) ကတော့ ၈၆၅၀၀ မှ ၈၆၀၀၀ ကျပ် ၊ ပြောင်း ( CP) က ၈၆၀၀၀ မှ ၈၇၀၀၀ ကျပ်နဲ့စျေးငြိမ်နေ ပါတယ်။

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာလည်း ပြောင်းတစ်ပိဿာကို ၁၆၃၀ ကျပ်မှ ၁၆၅၀ ကျပ်နဲ့ ငြိမ်နေပါတယ်။

    AMIA

    ------- 

    မိုးလေဝသ၊ စိုက်ပျိုးရေး၊ မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။    

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12                

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.                

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
3
comments
0
views
2649