cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ထိုင်းသို့ အကောက်ခွန်မဲ့ ပြောင်းတင်ပို့ခြင်းကို ရပ်နားခံရ၍ ပြောင်းစျေးကျဆင်းနေ

. ဈေးကွက်သတင်းများ
ထိုင်းနိုင်ငံအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ အထိသာ အကောက်ခွန်ကင်းလွတ် ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားခြင်းဖြစ်၍ လက်ရှိတွင် မြန်မာ့ပြောင်းများ တင်သွင်းခြင်းကို ရပ်နားလိုက်ပြီးဖြစ်ကြောင်း သိရပါသည်။
  • ထိုင်းနိုင်ငံသို့ ပြောင်းများ အကောက်ခွန်မဲ့တင်ပို့ခြင်းကို ရပ်နားထားပြီး ပြောင်းစျေးမှာလည်း ဆက်တိုက် ကျဆင်းနေဆဲ ဖြစ်ကြောင်း စျေးကွက်မှ သိရပါသည်။ 

    ထိုင်းနိုင်ငံအနေဖြင့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ အထိသာ အကောက်ခွန်ကင်းလွတ် ခွင့်ဖြင့် တင်သွင်းခွင့်ပြုထားခြင်းဖြစ်၍ လက်ရှိတွင် မြန်မာ့ပြောင်းများ တင်သွင်းခြင်းကို ရပ်နားလိုက်ပြီးဖြစ်ကြောင်း သိရပါသည်။

    လက်ရှိ ထိုင်းနိုင်ငံအနေဖြင့် အမေရိကန်မှ တင်သွင်းလာမည့် မျိုးရိုးဗီဇပြုပြင်ပြောင်းလဲထားသော GMO ပြောင်းများကိုသာ ဝယ်ယူအသုံးပြုသွား မည်ဖြစ်ကြောင်းလည်း သိရသည်။

    ထို့ကြောင့် ဈေးကွက်အတွင်း ပို့ကုန် ဝယ်လက်သမားများ၏ ဝယ်ယူမှုမှာလည်း ကျဆင်းလာကြောင်း သိရပါသည်။ 

    လက်ရှိ ပြောင်း သင်္ဘောတင် FOB စျေးနှုန်း မှာပြီးခဲ့သည့် အပတ်ဖြင့်ယှဉ်ပါက အမေရိကန်ဒေါ်လာ ၂၆၀ မှ ၂၅၅ ကျပ် ဒေါ်လာအထိ ကျဆင်းသွားကြောင်း သိရပါသည်။

    ထို့ အပြင် ရန်ကုန် ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ပြီးခဲ့တဲ့ အပတ်က ပြောင်းတစ်ပိဿာကို ၁၆၅၀ ကျပ် ထိရှိခဲ့ပြီး လက်ရှိမှာ တစ်ပိဿာကို ၁၆၀၀ ပေါက်စျေးသာရှိတော့ကြောင်း တွေ့ရပါသည်။ 

    “ပြည်တွင်း ပြောင်းကို ထိုင်းကပဲ အဓိက ဝယ်ယူတာ၊ ထိုင်းက ရပ်သွားတော့ ပြည်တွင်းက လူတွေ အဆင်မပြေသလို၊ ထိုင်းဘက်ကလည်း အဆင်မပြေဘူး။ မြန်မာပြည်က ပြောင်းက စျေးသက်သက်သာသာ ဝယ်ယူလို့ရတာ။ အခု အမေရိကန်ကနေ ပြောင်း ဝယ်ရမယ်ဆိုရင် သူတို့ အတွက် မကိုက်ဘူး။ ဒီလိုသာဆက်သွားရင်တော့ စျေးကတော့ ကျနေမယ်။ တခြားနိုင်ငံကို များများပို့နိုင်မှ စျေးတန်းတခု ရောက်မှာ” ဟု ပြောင်း ကုန်သည်တစ်ဦးက ပြောသည်။ 

    ထိုင်းနိုင်ငံ အစား တရုတ် နှင့် အခြားနိုင်ငံသို့ အနည်းငယ် အထိုက်အလျောက်တင်ပို့ သွားမည် ဖြစ်ကြောင်း သိရပါသည်။ 

    သို့ဖြစ်၍ ထိုင်းနှင့်ပတ်သတ်သော မြန်မာ့ပြောင်းဈေးကွက်သည် အချိန်အတော်ကြာ ငုပ်လျှိုးကွယ်ပျောက်နိုင်ကြောင်း စျေးကွက်သုံးသပ်သူများကလည်း သုံးသပ်ထားကြပါသည်။

     

     ယခုအခြေအနေတိုင်းသာ ဆက်သွားမည်ဆိုပါက ထိုင်းနိုင်ငံမှ အကောက်ခွန်လွတ် ပြန်လည် ခွင့်ပြုသည့် 2026 ခုနစ် ဖေဖော်ဝါရီ လတွင်လည်း ပြောင်းဈေး တက်လာနိုင်ချေမရှိသေးကြောင်း ကုန်သည်များ က သုံးသပ်ထားသည်။

    ဖိုးချဲ(AMIA)

    --------------              

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12                

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို                 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.                

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
0
views
1886