မကွေးတိုင်း စက်တင်ဘာလ ၁၀ ရက် မှ ၁၆ ရက်အထိမိုးလေဝသအခြေအနေ
ပင်လယ်ပြင်များမှ ထူးခြားသည့်မိုးလေဝသအခြေအနေများ
ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နှင့်တောင်တရုတ်ပင်လယ်တို့တွင် ယခုရက်သတ္တပတ်အတွင်း မုန်တိုင်း/လေဖိအားနည်းရပ်ဝန်းဖြစ်လာနိုင်သည့်အခြေအနေ မရှိပါ။
မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့် အခြေအနေကြိုတင်ခန့်မှန်းချက်
· စက်တင်ဘာ ၁၀ ရက် မှ စက်တင်ဘာ ၁၆ ရက်နေ့အထိ မကွေးတိုင်းမြောက်ပိုင်း၊ ချင်းတောင်တန်းများနှင့်ထိစပ်သည့်ဒေသများ၊ မကွေးတိုင်းအနောက်ခြမ်း ရခိုင်ရိုးမတောင်ကြောနှင့် ထိစပ်သည့် ဒေသများ၊ မကွေးတိုင်းတောင်ဘက် ရခိုင်ရိုးမ၊ ပဲခူးတိုင်းအနောက်မြောက်ခြမ်းနှင့်ထိစပ်သည့်ဒေသများမှာ - ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မ မှ ၅ လက်မ ခန့်အထိ ရွာသွန်းရရှိနိုင်ပြီး မိုးအသင့်အတင့်မှ မိုးများနိုင်ပါတယ်။
· ဂန့်ဂေါ၊ ဆော၊ ထီးလင်း၊ ပေါက် စသည့် မကွေးတိုင်းအနောက်မြောက်ဘက်မှ တောင်ထူထပ်သည့်ဒေသများတွင် ၁၃ ရက် မှ ၁၅ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 80-105mm(၃ လက်မအထက် ၄ လက်မခန့်)ရှိနိုင်သဖြင့် တောင်ကျရေကျဆင်းခြင်းကြောင့် ရုတ်ခြည်းရေကြီးနိုင်မှု(Flash Flood)ကို သတိထားကြရပါမယ်။
· မန္တလေးတိုင်းနှင့် ထိစပ်သော မကွေးတိုင်းအလယ်ပိုင်းဒေသများနှင့် မကွေးမြို့ဝန်းကျင်မှ ဒေသများမှာ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်မည့် မိုးရေချိန် ၁.၅ လက်မထက် မကျော်နိုင်(မိုးနည်းနေနိုင်)ပါမယ်။
· စက်တင်ဘာ ၁၅ ရက်နေ့တွင် မကွေးမြို့၏ ၂၄ နာရီအတွင်း အများဆုံးမိုးရေချိန် ၀.၇၁ လက်မ ရှိနိုင်ပြီး မကွေးမြို့အတွက် ယခု ၁ ပတ်အတွင်း မိုးအများဆုံးနေ့ဖြစ်နိုင်ပါတယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေ
· ယခု ၁ ပတ်အတွင်း မကွေးတိုင်း၏ အမြင့်ဆုံးနေ့အပူချိန် ၃၆°C နှင့် အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပြီး၊ စက်တင်ဘာ ၁၄ ရက်နေ့တွင် ခံစားရသည့်အပူချိန်(Feels Like Temperature)၄၀°C ရှိနိုင်ပါမယ်။
· လေထုစိုထိုင်းဆ ၆၀% မှ ၈၀% အတွင်းမှာရှိနိုင်ပြီး နံနက်ပိုင်းနှင့် ညပိုင်းအချိန်များမှာ စိုထိုင်းဆ အမြင့်ဆုံးဖြစ်နေနိုင်ပါမယ်။
မကွေးတိုင်းရဲ့ ပျမ်းမျှလေထုညစ်ညမ်းမှုအညွှန်းကိန်း(AQI level) 30 ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိသည့် level မဟုတ်သဖြင့် စိုးရိမ်စရာမရှိပါ။
Win Naing
Administration Team,
MMWEATHER,
https://www.mmweather.org/home
ငါးကန်ရေနောက်ကျိခြင်း ပြုပြင်နည်းအကြံပြုချက်
ယခုချိန် မိုးရာသီတွင် ကန်ရေများနောက်ကျိခြင်းကို ကြုံတွေ့ရတတ်ပါ သည်။ မိုးအဆက်မပြတ်ရွာသွန်းခြင်းကြောင့် ကန်ဘောင်မှရွံများ အရည်ပျော်ပြီး ကန်ရေနောက်ကျိတတ်ပါသည်။ ကန်အောက်ခြေနေထိုင်သောငါးများ များစွာထည့် သွင်းခြင်းကြောင့်၊ ငါးများလှုပ်ရှားမှုကြောင့်လည်း ကန်ရေနောက်ကျိတတ်ပါသည်။
ကန်ရေ နောက်ကျိခြင်းကို အောက်ပါနည်းများဖြင့် ဖြေရှင်းနိုင်ပါကြောင်းအကြံပြုအပ် ပါသည်-
- ငါးမွေးကန်တဧကလျှင် ထုံး (၃၁)ပိဿာထည့်ပေးရန်
- ငါးမွေးကန်တဧက လျှင် ဂျစ်ပ်ဆမ် (၆၂)ပိဿာထည့်ပေးရန်
- ငါးမွေးကန်တဧကလျှင် ကျောက်ချဉ် (၁၅)ပိဿာ ထည့်ပးနိုင်ပါသည်။
- ငါးမွေးကန်တဧကလျှင် ကောက်ရိုး (၆၂)ပိဿာကို (၁၀)ကျပ်သားခန့် အထုံးလေးများ ပြုလုပ်ပြီး ကန်ရေနေရာအနှံ့ ပစ်ချထားပေးပါ။ (၃)ရက်ခန့်အကြာတွင် အဆိုပါကောက်ရိုးထုံးလေးများကို ပြန်ဆယ်ယူပါ။
ဆက်လက်ပြီး ရေလုပ်ငန်းနှင့် ပတ်သတ်ပြီး အကြံဉာဏ်များ ရယူလိုပါက ထွက်တိုးဆော့ဝဲလ်တွင်မေးမြန်းနိုင်ပါသည်။
-------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း