cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပဲခူးတိုင်း စက်တင်ဘာလ ၁၆ ရက် မှ စက်တင်ဘာလ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
စက်တင်ဘာလ ၁၆ ရက် မှ ၂၂ ရက် အထိ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းတလျှောက်နှင့် ကရင်ပြည်နယ်နယ်စပ်အနီးတွင် ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မအထက် ၅ လက်မကျော်ရွာသွန်းရရှိနိုင်
  • ပင်လယ်ပြင်မှ ထူးခြားမိုးလေဝသအခြေအနေများ 

    ·         ဘင်္ဂလားပင်လယ်အော်အလယ်ပိုင်း၊ တောင်ပိုင်းနှင့် ကပ္ပလီပင်လယ်ပြင်တွေမှာ အနောက်တောင်မုတ်သုံလေအား အသင့်အတင့်မှအားကောင်းနေနိုင်ပြီး ယခု ၁ ပါတ်အတွင်း အထက်လေပွေလှိုင်းဖြစ်ပေါ်နိုင်ခြင်းသာရှိနိုင်/လေဖိအားနည်းရပ်ဝန်းဖြစ်ပေါ်နိုင်ခြင်းမရှိကြောင်း ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ 

    ·         တောင်တရုတ်ပင်လယ်မှာ INVEST-98W/INVEST-99W တို့ဖြစ်ပေါ်နေပြီး 

    ·         ယခုဖြစ်ပေါ်နေသည့် 98W နှင့် 99W တို့နောက်တွင် ထပ်မံဖြစ်ပေါ်လာနိုင်မည့် INVEST-90W သည် စက်တင်ဘာလ ၂၂ ရက်နောက်ပိုင်း၊ တောင်တရုတ်ပင်လယ်တွင်းဝင်ရောက်လာပြီးနောက် အားကောင်းသောတိုင်ဖွန်းမုန်တိုင်းအဆင့်အထိ ရောက်လာနိုင်ကြောင်း ECMWF Model ကြိုတင်ခန့်မှန်းချက်များမှာတွေ့ရပါတယ်။ ပဲခူးတိုင်းအတွင်း မြို့နယ်အချို့၏ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·         စက်တင်ဘာလ ၁၆ ရက် မှ ၂၂ ရက် အထိ ပဲခူးတိုင်းအရှေ့ခြမ်း စစ်တောင်းမြစ်ဝှမ်းတလျှောက်နှင့် ကရင်ပြည်နယ်နယ်စပ်အနီးတွင် ၇ ရက်အတွင်း မိုးရေချိန် ၄ လက်မအထက် ၅ လက်မကျော်သွန်းရရှိနိုင်ပြီး၊ 

    ·         ပဲခူးတိုင်းအနောက်ဘက်ခြမ်း၊ တောင်ဘက်ပဲခူးမြို့အနီးဝန်းကျင်တွင် ၇ ရက်အတွင်း မိုးရေချိန် ၂ လက်မ မှ ၃ လက်မခန့်ရွာသွန်းရရှိနိုင်ပါတယ်။ 

    ·         ရွှေကျင်/မဒေါက် ရွှေကျင်ဆည်ရေဝင်ဧရိယာတွင် ၁၈/၁၉/၂၀ ၃ ရက် - နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၀.၆ လက်မအထက် ၁.၃ လက်မအထိ ရွာသွန်းရရှိနိုင်ပါမယ်။ 

    ·         ပဲခူးတိုင်းအနောက်ခြမ်းဒေသများတွင် နေ့စဉ် ၂၄ နာရီအတွင်း မိုးရေချိန် ၀.၅ လက်မအောက်သာရွာသွန်းနိုင်/မိုးနည်းနေနိုင်ပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·         ပဲခူးတိုင်းတခုလုံးမှာ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နဲ့ အနိမ့်ဆုံးညအပူချိန် ၂၄°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၈°C အထိရှိနိုင်ပါမယ်။ 

    ·         လေထုစိုထိုင်းဆအခြေအနေ နေ့လည်ဘက်မှာ ၆၀% အထိ ကျဆင်းနိုင်ပြီး နံနက်ခင်းနဲ့ ညနေ/ညအချိန်တွေမှာ ၁၀၀% ရှိနိုင်ပါမယ်။ 

    ·         လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် ပဲခူးတိုင်းတခုလုံးမှာ ၃၀ ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ 

    ·         ပဲခူးတိုင်းတောင်ဘက် မုတ္တမပင်လယ်ကွေ့အတွင်း လှိုင်းအမြင့်ဆုံး ၂ပေခွဲခန့်ရှိနိုင်ပြီး၊ 

    ·         ကုန်းတွင်းမှာ လေတိုက်နှုန်း တနာရီ ၁၀ မိုင်ခန့်နှင့်၊ မုတ္တမကွေ့အတွင်း လေတိုက်နှုန်းအမြင့်ဆုံး တနာရီ ၁၅ မိုင်ခန့်ရှိနိုင်ပါမယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ပရိုတိန်းများသော ငါး၊ ပုစွန်၊ ဂဏန်းစာဖော်စပ်ခြင်း  

    ပုစွန်၊ ဂဏန်း တို့သည် အသားဓာတ်များစွာပါသော အစာကို ကြိုက်နှစ်သက်ကြပါသည်။ အစာကို လက်ညှပ်ဖြင့် ဖဲ့ယူစားသောက်တတ်သဖြင့် ဖြည့်စွက်စာကျွေးရာတွင် အစာသည် မမာလွန်းသော မပျော့လွန်းသော အစာဖြစ်ရပါမည်။ (တနည်းအားဖြင့်) အဆိုပါအစာသည် ရေတွင် အနည်းဆုံးမိနစ်(၃၀) ခန့်မပျော်နိုင်သော အစာဖြစ်ရပါမည်။  

    ယခုချိန်တွင် အစာကုန်ကြမ်းဈေးများသည် ကြီးမြင့်နေသဖြင့် အစာတောင့်ဈေးသည် ကြီးမားနေပါသည်။ ထို့ကြောင့်ထုတ်လုပ်မှု့စရိတ်ကြီးမားပြီး ၊ ထုတ်ကုန်ဈေးသည်လည်း မတည်ညိမ်သဖြင့် ထုတ်လုပ်မှုစရိတ်သက်သာစေရန် ဖော်စပ်အစာကို အသုံးပြုသင့်ပါသည်။ ယင်မဲသားလောင်းသည် ပရိုတိန်း၄၀ ရာခိုင်နှုန်းကျော်ပါဝင်သဖြင့် ယင်မဲသားလောင်းဖြင့် စပ်စာကို အသုံးပြုနိုင်ရန် အောက်ပါအတိုင်း အကြံပြုအပ်ပါသည်။   

    ကုန်ကြမ်းအဖြစ် (၁)ယင်မဲသားလောင်း (၂) ငါးမှုန့်/ငါးအသား (၃) ဖွဲနု (၄)ဆန်ကွဲတို့ကို အသုံးပြုရပါမည်။ အဆိုပါစပ်စာတွင် ပရိုတိန်း (၃၅)ရာခိုင်နှုန်း ပါဝင်စေရန် အောက်ပါအတိုင်း ဆောင်ရွက်ပါ။ ဖော်စပ်စာတွင် ယင်မဲသားလောင်း နှင့် ငါးမှုန်ကို (၃း၁) အားဖြင့်လည်းကောင်း၊ ဖွဲနုနှင့် ဆန်မှုန့်ကို (၄း၁)ဖြင့်လည်းကောင်း အသုံးပြုရပါမည်။ အစာစပ်နည်းအပြည့်အစုံလေ့လာရန် - https://htwettoe.com/post/58358  

    --------  

    မွေးမြူရေးနှင့်ပတ်သတ်သော ဆောင်းပါးများ၊ မွေးမြူရေးနည်းလမ်းများ၊ မွေးမြူရာတွင် သိထားသင့်သော အချက်များကို ပိုမိုလေ့လာလိုပါက ထွက်တိုးစိုက်မွေးဖုန်းဆော့ဝဲ https://htwettoe.com/download  

    ထွက်တိုး၏ စီးပွားဖြစ်မွေးမြူရေးအဖွဲ့ - https://www.facebook.com/groups/4200052776702483  

    တွင် လေ့လာနိုင်ပြီး ဝင်ရောက်ဆွေးနွေး နိုင်ပါကြောင်းသတင်းကောင်းပါးအပ်ပါသည် ခင်ဗျာ။ 


  • article
likes
3
comments
0
views
3878