စက်တင်ဘာလအတွင်း ပဲတီစိမ်း၊ စားတော်ပဲ စျေးကွက်သုံးသပ်ချက်
- #ရန်ကုန်ဈေးကွက်ရှိ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ပဲတီစိမ်း(ပဲခူးရွှေဝါ) စျေးနှုန်းများမှာ စက်တင်ဘာ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် တစ်ပိဿာ ၇၃၃၀ ကျပ် ရှိပြီး တတိယပတ်နှင့် စတုတ္ထပတ်တွင် ၇၀၀၀ ကျပ်ဖြစ်ပြီး အနည်းငယ် စျေးကျလာတာကို တွေ့ရပါတယ်။ ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) ကတော့ တစ်ပိဿာ ၇၃၄၀ ကျပ် ဝန်းကျင်မှာ စျေးငြိမ်နေပါတယ်။ - ရန်ကုန်ဈေးကွက်ရှိ စားတော်ပဲလုံး ပျမ်းမျှစျေးနှုန်းမှာ စက်တင်ဘာ ပထမပတ်နှင့် ဒုတိယပတ်တို့တွင် တစ်ပိဿာ ၁၁၃၃၃ ကျပ်၊ တတိယပတ်တွင် ၁၁၅၈၃ ကျပ် နှင့် စတုတ္ထပတ်တွင် ၁၂၀၂၀ ကျပ်ဖြင့် အသီးသီး စျေးပေါက်နေကာ စျေးတက်လာတာကို တွေ့ရပါတယ်။ - #စက်တင်ဘာလ တစ်လလုံး ပျမ်းမျှ စျေးနှုန်းအနေဖြင့် ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ပဲတီစိမ်း(ပဲခူးရွှေဝါ) တို့သည် တစ်ပိဿာ ၇၁၇၄ ကျပ်စျေးပေါက်နေပြီး ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) သည် တစ်ပိဿာ ၇၃၄၀ ကျပ် စျေးပေါက်နေပါသည်။ - စားတော်ပဲလုံးအနေဖြင့် စက်တင်ဘာလ ပျမ်းမျှစျေးနှုန်းမှာ တစ်ပိဿာ ၁၁၅၄၃ ကျပ် ရှိပါသည်။ ပျမ်းမျှ အနိမ့်ဆုံးစျေး ၁၁၀၇၆ စျေးမှ အမြင့်ဆုံးစျေး ၁၂၀၁၀ စျေးဖြင့် စျေးပေါက်နေပါသည်။ - #သုံးသပ်ခန့်မှန်းချက် - ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ပဲတီစိမ်း(ပဲခူးရွှေဝါ)စျေးအနေဖြင့် တစ်ပိဿာ ၃၀၀ ကျပ်ဝန်းကျင် စျေးကျလာပြီး စားတော်ပဲကတော့ ၆၀၀ ကျပ်ဝန်းကျင် စျေးတက်လာပါတယ်။ - တရုတ်ကို ပဲတီစိမ်းတင်ပို့ရာမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းပြဿာနာကြောင့် ပြည်တွင်းပဲတီစိမ်း အနည်းငယ်ဈေးကျဆင်းလာတာလို့ ယူဆရပါတယ်။ ပြည်တွင်းစျေးကွက်မှာ စားတော်ပဲက လက်ကျန်နည်းပြီး စျေးကွက်အတွင်း ကုန်ပစ္စည်းအဝင်နည်းတာကြောင့် အတက်မှာပဲရှိနေပါတယ်။ ဒါ့အပြင် ကျွန်းစားတော်ပဲကတော့ မျိုးစိုက်ပျိုးရန် အဝယ်ရှိလာတာကြောင့် ဈေးတက်လာပါတယ်။ - Data Source: AMIA - သုံးသပ်သူ - နွယ်အေး - ----------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
