cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
( ၂၂. ၉.၂၀၂၅ မှ ၂၆.၉. ၂၀၂၅) ပဲစင်းငုံ၊ မတ်ပဲ၊ ကုလားပဲ စျေးနှုန်းထပ်ကျလာ၊ ကြက်သွန်ဖြူလည်းစျေးပြန်ကျပြီး စားတော်ပဲကျွန်းကစျေးတက်
  • မတ်ပဲ

    မတ်ပဲက ယခုတစ်ပတ်မှာလည်း စျေးထပ်ကျပြန်ပါတယ်။ င်္အဂါနေ့ကနေ ကြာသပတေးနေ့အတွင်း တစ်တန်ကို ၂၉ သိန်းအောက်ပြုတ်ကျခဲ့ပြီး သောကြာနေ့မှာတော့ ၂၉ သိန်းကျော်ပြန်တက်တာတွေ့ရပါတယ်။ FOB စျေးလည်း ဒေါ်လာ ၂၀ လောက် ကျဆင်းသွားပါတယ်။ပြည်ပ ဝယ်လိုအားနည်းတဲ့အတွက်စျေးကျတာနေတာဖြစ် ပါတယ်။ FOB စျေးက အမေရိကန်ဒေါ်လာ ၇၁၀ မှ ၇၂၀ သာရှိပါတော့တယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာ နေ့က ၂၉၁၂၀၀၀ ၊ င်္အဂါ နေ့က ၂၈၅၈၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ တော့ ၂၈၇၀၀၀၀ ၊ ကြာသပတေးနေ့ မှာ ၂၈၇၇၀၀၀ ၊သောကြာနေ့ မှာ ၂၉၁၀၀၀၀ ရှိပါတယ်။

    အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကိုတနင်္လာ မှ သောကြာနေ့အတွင်း ၂၉၁၈၀၀၀ မှ ၂၉၅၉၀၀၀ ကျပ်ရှိခဲ့တာကြောင့် တစ်ပတ်အတွင်းမှာ တစ်တန်ကို ၆၀၀၀၀ ကျပ်လောက်စျေးထပ်ကျလာတာဖြစ် ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံက  အခုတစ်ပတ်မှာလည်း  စျေးကျနေဆဲဖြစ် ပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ မှ ၁သိန်းကျော် လောက် စျေးကျခဲ့တာဖြစ်ပါတယ်။ FOB စျေးလည်း ဒေါ်လာ ၂၀ ကျသွားပါတယ်။ FOB စျေးက အမေရိကန်ဒေါ်လာ ၆၀၀ မှ ၆၁၀ တွင်းသာရှိပါတော့တယ်။ ပြည်ပအဝယ်နည်းတဲ့အခြေအနေ၊ ပဲခွဲစက်အဝယ်နည်းတာကြောင့် စျေးကွက်ကျနေတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာနေ့က ၂၄၃၀၀၀၀၊ င်္အဂါနေ့ မှာ ၂၃၈၀၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၂၃၆၀၀၀၀ ၊ ကြာသပတေးနေ့ မှာ ၂၃၇၀၀၀၀ ၊ သောကြာနေ့ မှာ ၂၃၉၇၀၀၀ စျေးသာရှိပါတယ်။

    အရင်တစ်ပတ်တုန်းက တင်္နလာနေ့ကနေ သောကြာနေ့မှာဆိုရင် ပဲစင်းငုံနီတစ်တန်ကို ၂၄၄၀၀၀၀ မှ ၂၄၉၈၀၀၀ ကျပ်ရှိခဲ့ ပါတယ်။

    ကြက်သွန်ဖြူ 

    စားဖိုဆောင်သီးနှံဖြစ်တဲ့ ကြက်သွန်ဖြူကတော့ အခုတစ်ပတ်မှာ စျေးထပ်ကျလာပါတယ်။ စျေးကွက်အတွင်းကို တရုတ်မှ ကြူကုတ်ကြက်သွန်ဖြူဝင်ရောက်မှု ရှိလာခြင်း ၊ ရှမ်းကြက်သွန်က ရောင်းလိုအားများပြီး ဝယ်လိုအားနည်းခြင်း စတဲ့အခြေအနေတွေကြောင့် စျေးပြန်ကျလာတာဖြစ်တယ်လို့ သိရပါတယ်။ ရှမ်းကြက်သွန်တွေက ရောင်းလိုအားများနေတဲ့အတွက် စျေး အတက်ဘက်ကိုပြန်ရောက်ဖို့ ခဲ့တယ်လို့သိရပါတယ်။  

    ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ ကြူကုတ်တစ်ပိဿာကို ၁၁၅၀၀ ကျပ်သာရှိပြီး  ရှမ်းကြက်သွန်ဖြူတွေဖြစ်တဲ့ အောင်ပန်းထူး ၂ တစ်ပိဿာကို ၂၅၀၀ မှ ၂၈၀၀ ကျပ်၊အောင်ပန်းထူး ၃ က ၃၅၀၀ မှ ၃၈၀၀ ကျပ်၊ အောင်ပန်းထူး ၄က ၅၀၀၀ မှ ၅၂၀၀ ကျပ်၊ အောင်ပန်းထူး ၅က ၆၀၀၀ ကျပ်သာရှိ ပါတယ်။

    ကုလားပဲ

    ကုလားပဲက အခုတစ်ပတ်မှာလည်းစျေးထပ်ကျပါတယ်။ ပဲအမျိုးအစားအလိုက် ၃၀၀၀ ကနေ ၁၂၀၀၀ ကျပ်အထိ ကျပါတယ်။ ကုလားပဲက ပြည်ပတင်ပို့မှုနည်းပြီး ပြည်တွင်းစားသုံးမှုများတဲ့ ပဲဖြစ်တာကြောင့် စားသုံးမှုနည်းပြီး ပဲခွဲစက်တွေအဝယ်အေးပါက စျေးကျဆင်းတတ်တယ်လို့သိရပါတယ်။  

    မန္တလေးကုန်စည်စျေးကွက်မှာ ကုလားပဲ (V2) သုံးတင်းဝင် တစ်အိတ်ကို ၂၄၀၀၀၀  ကျပ်ရှိ ပြီး ၁၂၀၀၀ ကျပ်ကျကာ ၊ ကုလားပဲ (V7) က ၂၂၇၀၀၀ မှ ၂၂၈၀၀၀ ကျပ်ရှိပြီး ၉၀၀၀ ကျပ်စျေးထပ် ကျပါတယ်။ ကုလားပဲ (929) ကလည်း ၂၃၄၀၀၀ ကျပ်ရှိပြီး ၉၀၀၀ ကျပ်ကျပါတယ်ကုလားပဲထိုင်ဝမ်က ၂၂၇၀၀၀ မှ ၂၂၈၀၀၀ ကျပ်ရှိလို့ ၃၀၀၀ မှ ၅၀၀၀ ကျပ်အတွင်းစျေးထပ်ကျ ပါတယ်။  

    စားတော်ပဲ

    ယခုတစ်ပတ်မှာ စားတော်ပဲ (ကျွန်း) က စျေးတက်လာပြီး စားတော်ပဲ ( ကနေဒါ) က စျေးထပ်ကျဆင်းသွား

    ပါတယ်။ ပြည်တွင်းပဲစျေးကွက်မှာစားတော်ပဲ(ကျွန်း)က လက်ကျန်နည်းပြီး စျေးကွက်ထဲကို ကုန်ပစ္စည်းအဝင်နည်းတာကြောင့် စျေးကွက်ကအတက်မှာပဲရှိနေတာဖြစ်ပါတယ်။  

    စျေးကွက်ထဲမှာ စားတော်ပဲ (ကျွန်း) နဲ့ စားတော်ပဲ (ကနေဒါ) သာ ဝင်ရောက်မှုရှိနေပါတယ်။ ကနေဒါစားတော်ပဲက စားသုံးမှုနည်းတယ်လို့သိရပါတယ်။ စားတော်ပဲက ပြည်တွင်းစားသုံးတဲ့ ပဲဖြစ်တာကြောင့် စားသုံးမှုများပြီးဝယ်လိုအားကောင်းပါက စျေးတန်းမြင့်တတ်ပြီး ဝယ်လိုအားကျပါက စျေးကွက်လည်းကျဆင်းတတ်ပါတယ်။

    မန္တလေးကုန်စည်စျေးကွက်မှာ စားတော်ပဲ ကနေဒါ က ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်ကို ၃၇၀၀၀၀ ကျပ်သာရှိပြီး အရင်တစ်ပတ်ကထက် ၂၀၀၀၀ ကျပ်ကျလာကာ စားတော်ပဲ ( ကျွန်း) ကတော့ တစ်အိတ်ကို ၇၄၀၀၀၀ ကျပ်ရှိပြီး ၂၀၀၀၀ ကျပ်

    တက်လာပါတယ်။

    AMIA

    -----------

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ  https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
7
comments
2
views
2914