ဇီဝလုံခြုံရေးအတွက် လုပ်ဆောင်ရမည့်အချက်များ
ပြီးခဲ့တဲ့အပတ်က ဇီဝလုံခြံရေးဆိုတာဘာလဲ? ဘယ်လောက်အရေးကြီးတယ်ဆိုတာကို ရှင်းပြပြီးပါပြီ။ အဲဒီတော့ ဇီဝလုံခြုံရေးအတွက် ဘာတွေကိုလုပ်ဆောင်ရမလဲဆိုတာကို ဆက်ပီးရှင်းပြပါ့မယ်။ အချက်အများကြီးထဲက ပထမဆုံး ၃ ချက်ကတော့ -
၁။ မဖြစ်မနေထိုးသင့်တဲ့ ကာကွယ်ဆေးတွေကို ကြိုတင်ထိုးထားပါ။
ကာကွယ်ဆေးဆိုတာ သုံးထားတဲ့ ရောဂါပိုးအတွက် ဖြစ်လာမဲ့ရောဂါကိုဘဲကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ခုဖြစ်နေတဲ့ ဝက်ရောဂါက ဘာလဲဆိုတာကို ကျနော် ဘာမှမမြင်ရ၊ မကြည့်ရ၊ မွေးကုဦးစီး ရောဂါရှာဖွေ ရေးဌာနကအဖြေကိုလည်းမသိရတဲ့အတွက် ဘာရောဂါဖြစ်မှန်းကျနော်မသိပါဘူး။ ဖြစ်တဲ့ရောဂါဟာ ဝက်ဝမ်းကျဖြစ် မယ်ဆိုရင်တော့ ဝက်ဝမ်းကျ ကာကွယ်ဆေးထိုးထားတဲ့အတွက်ဖြစ်စရာ အကြောင်းမရှိပါဘူး၊ နားရွက်ပြာဖြစ်မယ် ဆိုရင်တော့ နားရွက်ပြာ ကာကွယ်ဆေးထိုးထားတဲ့အတွက်နားရွက်ပြာ ဖြစ်စရာ မရှိနိုင်ဘူးလို့ဘဲပြောချင်ပါတယ်။ တခြားရောဂါတခုခုဖြစ်မယ်ဆိုရင်တော့ မတတ်နိုင်ဘူးလို့ဘဲပြောရမှာပါ။ ဒါပေမဲ့ သေချာတာက အဖြစ်များ၊အသေ များတဲ့ ခု ကာကွယ်ဆေး ၂ မျိုးကို ထိုးထားရင်တော့ ဘာမှန်းမသိရသေးတဲ့ ခုဖြစ်နေတဲ့ရောဂါဟာ ဝက်ဝမ်းကျ (သို့) နားရွက် ပြာ ဖြစ်နေမယ်ဆိုရင်တော့ အဲဒီရောဂါ ၂ ခုအတွက် အနည်းနဲ့အများ စိတ်အေးရမှာပါ။
ကာကွယ်ဆေးထိုးခြင်းအကြောင်း အပြည့်အစုံဖတ်ရန် - https://htwettoe.com/post/59124
၂။ မိမိရဲ့မွေးမြူရေးခြံကို သန့်ရှင်းရေးနဲ့ပိုးသတ်ခြင်းကို ပုံမှန်လုပ်ပေးပါ။
မိမိရဲ့မွေးမြူရေးခြံအတွင်းနဲ့ ခြံပတ်ဝန်းကျင်မှာ သာမန်မျက်စိနဲ့မမြင်ရတဲ့ ရောဂါပိုးတွေ (ဘက်တီးရီးယား၊ ဗိုင်းရပ်(စ)၊ မှို)တွေ မရှိအောင် ခြံသန့်ရှင်းရေးနဲ့ပိုးသတ်ခြင်း လုပ်ဖို့လိုပါတယ်။
၃။ ရာဇဝင် မသိသော မည်သည့်တိရစ္ဆာန် အရှင်ကိုမဆို ဝယ်မမွေးပါနှင့်။
တိရစ္ဆာန်အရှင်လို့ဆိုတဲ့နေရာမှာ ဘယ်တိရစ္ဆာန်ကိုမဆို ( ကျွဲ၊ နွား၊ သိုး၊ ဆိတ်၊ ကြက်၊ ဝက်..) အားလုံး အငယ်၊ အလတ်၊ အကြီး ဘယ်အရွယ်ကိုမဆို ဝယ်မမွေးပါနဲ့။ ဝယ်မမွေးပါနဲ့ဆိုလိုတဲ့အပြင် အလကားရလည်း မမွေးပါနဲ့လို့လည်း ဆိုလိုချင်တာပါ။ ရာဇဝင်မသိတာဆိုတာ ကိုယ်မွေးလိုတဲ့ တိရစ္ဆာန်နဲ့ပါတ်သက်ပြီး ဘာဆိုဘာမှ မသိဘူး ဆိုတဲ့သဘောကို ပြောတာပါ။ များသောအားဖြင့် တိရစ္ဆာန်မွေးမြူသူတွေဟာ စပြီးမွေးချင်လို့ဖြစ်စေ၊ ရှိနေတဲ့ အကောင်တွေအပြင် ထပ်မံတိုးချဲ့ မွေးချင်လို့ဖြစ်စေ သူများဆီမှာ သွားဝယ်ပြီး ဖြည့်လေ့ရှိပါတယ်။ အဲလိုဝယ်မွေးတဲ့အခါမှာ ဝယ်မဲ့ခြံရဲ့ရာဇဝင်ကို သိထားဖို့ လိုပါတယ်။
အသေးစိတ် တစ်ချက်ချင်းစီ ဆက်လက်ဖော်ပြပေးမည်....
မွေးမြူရေးနှင့် ကုသရေးပညာရှင် - ဒေါက်တာစောထွန်းထွန်း
🔗 ဆော့ဝဲလ်ဒေါင်းရန် –https://download.htwettoe.com
🔗 ထွက်တိုးဆော့ဝဲလ်ရှိ မွေးမြူရေးဂရု – https://htwettoe.com/organization/4
🔗 FB မွေးမြူရေးတောင်သူများဂရု – https://www.facebook.com/groups/4200052776702483


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း