cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မကွေးတိုင်း နိုဝင်ဘာ ၂၆ ရက် မှ ဒီဇင်ဘာ ၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
မကွေးတိုင်းအတွင်း နိုဝင်ဘာ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ အမြင့်ဆုံးပျမ်းမျှနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၃°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၂၉°C ရှိနိုင်ပါမယ်။
  • ပင်လယ်ပြင်တွင် ဖြစ်ပေါ်လျှက်ရှိသည့် လေထုမငြိမ်မသက် (Atmospheric instabilities) အခြေအနေများ 

    ·          ကပ္ပလီပင်လယ်ပြင်တောင်ပိုင်း မလက္ကာရေလက်ကြားတွင် ဖြစ်ပေါ်လျှက်ရှိသည့် မုန်တိုင်းငယ် (DEPRESSION) သည် နောက် ၂၄ နာရီအတွင်း အနောက်-အနောက်မြောက်ဘက်သို့ဆက်လက်ရွေ့လျားကာ အားပိုကောင်းလာနိုင်ပါတယ်။ JTWC ထုတ်ပြန်ချက်အရဆိုရင်တော့ နိုဝင်ဘာ ၂၆ ရက် နံနက်ပိုင်းမှာ စူမတြားကျွန်း အရှေ့မြောက်ပိုင်းကိုဝင်ရောက်သွားပြီး အားပျော့ပျက်ပြယ်သွားမှာဖြစ်ကြောင်းတွေ့ရပါတယ်။ 

    ·          ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်း၊ သီရိလင်္ကာနိုင်ငံတောင်ပိုင်းမှ လေဖိအားနည်းရပ်ဝန်းသည် နောက် ၂၄ နာရီအတွင်း သိသာထင်ရှားသော-လေဖိအားနည်းရပ်ဝန်း အဖြစ်သို့လည်းကောင်း၊ ထိုမှတဆင့် နောက် ၂၄ နာရီအတွင်း မုန်တိုင်းငယ်အဆင့်သို့လည်းကောင်း ပိုမိုအားကောင်းလာပြီး မြောက်-အနောက်မြောက်ဘက်သို့ ဆက်လက်ရွေ့လျားနိုင်ပါတယ်။ 

    ·          တောင်တရုတ်ပင်လယ်မှ လေဖိအားနည်းရပ်ဝန်း 33W (ဖိလစ်ပိုင်အမည် VERBENA) သည် အနောက်-အနောက်မြောက်အရပ်သို့ဆက်လက်ရွေ့လျားလျှက်ရှိပြီး ဂျပန်နိုင်ငံမှပေးသည့်အလှည့်ကျအမည် “KOTO”ဟု ရရှိပြီးနောက် နိုဝင်ဘာ ၂၆ ရက် ညတွင် အားကောင်းသောအပူပိုင်းမုန်တိုင်း - Severe Tropical Storm အဖြစ်သို့ပိုမိုအားကောင်းလာကာ အနောက်ဘက်(ဗီယက်နမ်ကမ်းခြေဘက်)သို့ဆက်လက်ရွေ့လျားနိုင်ပါတယ်  

    မကွေးတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          မကွေးတိုင်းအတွင်း မိုးရွာသွန်းနိုင်မည့်အခြေအနေမရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ(Soil Moisture)နှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          မကွေးတိုင်းအတွင်း နိုဝင်ဘာ ၂၆ ရက်နေ့မှ ဒီဇင်ဘာ ၂ ရက်နေ့အထိ အမြင့်ဆုံးပျမ်းမျှနေ့အပူချိန် ၃၀°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၃°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၂၉°C ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းမြောက်ပိုင်းမှ ဂန့်ဂေါမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၆°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၃°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၂၉°C ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအလယ်ပိုင်းမှ ရေနံချောင်းမြို့မှာ အမြင့်ဆုံးနေ့အပူချိန် ၂၉°C နဲ့ အနိမ့်ဆုံးညအပူချိန် ၁၃°C ရှိနိုင်ကာ၊ ခံစားရသည့်အပူချိန် temperature feels like ၃၁°C ရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၃၀% အထိ ကျဆင်းနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၈၀% မှ ၁၀၀% အတွင်းရှိနိုင်ပါမယ်။ 

    ·          မကွေးတိုင်းရဲ့ ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၂၂% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၄၂% ခန့် ရှိနိုင်ပါတယ်။ 

    ·          လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် 95 ဝန်းကျင်ခန့်ရှိနိုင်ပြီး အန္တရာယ်ရှိနိုင်သည့်အခြေအနေမဟုတ်ပါ။ 

    ·          ယခု ၁ ပတ်အတွင်း မကွေးတိုင်းရဲ့ နေ့စဉ်ပျမ်းမျှလေတိုက်နှုန်း တနာရီ ၅ မိုင်မှ ၁၀ မိုင်ခန့်ရှိနိုင်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မကွေးတိုင်းဒေသကြီးအတွင်း ခရမ်းစိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မကွေးတိုင်းဒေသကြီးအတွင်း ခရမ်းစိုက်ပျိုးရေးတွင် ခေါင်ညွှန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုးသည် အဆိုးရွားဆုံးသော ဖျက်ပိုးဖြစ်ပြီး အရွက်မျက်နာပြင်ပေါ် ၊ အညွန့်၊ ပန်းအဖူးနှင့် အသီးများထဲတွင် အရွယ်ရောက်ကောင်များသည် ဥများ အုပြီး ဥမှပေါက်လာသော ပိုးလောက်ကောင်များသည် အပင်အစောပိုင်းတွင် အညွန့်များအတွင်း ထိုးဖောက်စားသုံးသဖြင့် အပင်ညွန့်များ ညှိုးခြောက် သွားစေသည်။ ပန်းပွင့်အဖူးများနှင့် အသီးလုံးများ စတင်ချိန်တွင်လည်း ထိုးဖောက်စားသုံးပြီး အသီးများကြွေကျစေသည်။ မကြွေကျသော အသီးများတွင်လည်း စားသုံးရန်နှင့် စျေးကွက်တင်ရန် အရည်အသွေး မမှီပဲ အထွက်နှုန်းကို ၇၀% ခန့်လျော့ကျနိုင်သောကြောင့်ခေါင်ညွှန့်ထိုးပိုးနှင့် သီးလုံးဖောက်ပိုးအားကာကွယ်နှိမ်နင်းပေးပါ။ 

      ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ- 

    • ပိုးမွှားများ ဖျက်ဆီးခံရသော အပင်အစိတ်အပိုင်းများကို ဖယ်ရှားဖျက်ဆီးခြင်း 
    • ပိုးများခိုအောင်းရာပေါင်းများရှင်းလင်းခြင်း၊ 
    • ခံနိုင်ရည် ရှိသော မျိုးများကို ရွေးချယ်စိုက်ပျိူးခြင်း၊ 
    • သီးလှည့် ၊ သီးညှပ် စိုက်ပျိုးခြင်း၊ 
    • Indoxacarb၊ Emamectin Benzoate၊ Acephate၊ Lambda Cyhalothrin စသော အဆိပ်ရှိပိုးသတ်ဆေးများကို ၁၅ ရက်ခြားတစ်ကြိမ် ပက်ဖြန်းပေးပါ၊ 
    • ပန်းလှိုင်လှိုင်ပွင့်ချိန်တွင် Cypermethrin ပိုးသတ်ဆေးကို ပက်ဖြန်းခြင်းဖြင့်ကာကွယ်ပါ။  

    ငါးကန်ရေအရောင် စစ်ဆေးရန် 

    မိုးရာသီအကုန် ဆောင်းရာသီနှင့် နွေရာသီများတွင် ငါးကန်ရေအရောင်သည် အစိမ်းရောင်လွန်ကဲပြီး၊ ကန်အတွင်းရှိ ငါးများသည် မနက်ပိုင်း နေရောင်မထွက်မှီကာလအတွင်း ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်အသက်ရှူခြင်းများကို တွေ့ရတတ်ပါသည်။ အဆိုပါအခြေအနေသည် ကန်ရေအတွင်း အပင် မျှောလှေး(Phytoplankton)များ ပေါက်ဖွားမှုများပြီး ရေအရောင်သည် အစိမ်းရောင်အရင့် (တနည်း) အစိမ်းရောင်လွန်ကဲနေရခြင်းဖြစ်ပါသည်။ အပင်မျှောလှေးများ အသက်ရှင်ခြင်းမှ သေဆုံးခဲ့ပါက ရေညှိဖတ်များအသွင်ဖြစ်လာပြီး ကန်အတွင်း ရေညှိအလွှာများဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ “ကန်ရေ အစိမ်းရောင်ရင့်လေ၊ ညဘက် ကန်အတွင်းအောက်စီဂျင် လျော့နည်းမှု များလေ” ဖြစ်တတ်ပါသည်။ 

    ထို့ကြောင့် ငါးမွေးတောင်သူများအနေဖြင့် ကန်ရေဩဇာရရှိစေရန် ဆောင်ရွက်ရာတွင် အရောင်သည် အစိမ်းနုရောင် နှင့် အစိမ်းရောင်အဆင့်သာ ဆောင်ရွက်ပြီး အစိမ်းရင့်ရောင်ဖြစ်ပေါ်လာပါက အစိမ်းရောင် နုရောင်အဆင့်အဆင့်လျှော့ချပေးရန် အကြံပြုအပ်ပါသည်။ 

    -----------         

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12         

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို         

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.         

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
892