cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း နိုဝင်ဘာ ၂၈ ရက် မှ ဒီဇင်ဘာ ၄ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
နိုဝင်ဘာ ၂၈ ရက် မှ စတင်၍ အမြင့်ဆုံးနေ့အပူချိန် ၂၈°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၄°C အထိ ကျဆင်းလာနိုင်ပြီးသိသိသာသာ အအေးပိုလာနိုင်(ပိုမို၍အေးလာနိုင်)ပါမယ်။
  • ဘင်္ဂလားပင်လယ်အော်နှင့် တောင်တရုတ်ပင်လယ်ဘက်မှ မုန်တိုင်းများအခြေအနေ နိုဝင်ဘာ ၂၇ ရက် ည UPDATE 

    ·          မလက္ကာရေလက်ကြားမှာ စတင်ဖြစ်ပေါ်ပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်လာသည့် SENYAR သည်၊ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်နဲ့ အာရေဗျပင်လယ်တို့တွင် ဖြစ်ပေါ်သည့် ရှားပါးဖြစ်စဉ်တခုဖြစ်ပြီး၊ ထိုင်း၊ မလေးရှားနဲ့ အင်ဒိုးနီးရှားနိုင်ငံ စုမတြားကျွန်းမြောက်ပိုင်းတွေမှာ နှစ်ပေါင်း ၃၀၀ အတွင်း ဆိုးရွားတဲ့ ရေကြီးရေလျှံမှုများ ဖြစ်ပွားခဲ့ပါတယ်။ 

    ·          ပုံမှန်အားဖြင့် မြောက်လတ္တီတွဒ် ၅ ဒီဂရီ အထက်၊ ၆ ဒီဂရီ မှ ၈ ဒီဂရီ အထက်မှာသာ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်လေ့ရှိတဲ့ အိန္ဒိယ-သမုဒ္ဒရာမြောက်ပိုင်းက ဆိုင်ကလုန်းမုန်တိုင်းတွေထဲမှာ 04B ဆိုင်ကလုန်းမုန်တိုင်း SENYAR သည် မြောက်လတ္တီတွဒ် ၅ ဒီဂရီအောက်မှာ ကုန်းတွင်းကို ဖြတ်ကျော်ဝင်ရောက်သော ရှားပါးသောဆိုင်ကလုန်းမုန်တိုင်း ၁ လုံးအဖြစ် မှတ်တမ်းဝင်သွားပါတယ်။ 

    ·          နိုဝင်ဘာ ၂၇ ရက် ညနေပိုင်းမှာ သီရိလင်္ကာနိုင်ငံအနီးက 96B ကလဲ ဆိုင်ကလုန်းမုန်တိုင်း DITWAH ဖြစ်လာပြီး မြောက်-အနောက်မြောက်ဘက်ကို ဆက်လက်ရွေ့လျားနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနရဲ့ နိုင်ဝင်ဘာ ၂၇ ရက်နေ့ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။ 

    ·          ဖိလစ်ပိုင်နိုင်ငံတောင်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်ပြီး ဒီဇင်ဘာ ၇ ရက်နေ့မှာ တောင်တရုတ်ပင်လယ်အတွင်းကို နောက်မုန်တိုင်း ၁ လုံး ထပ်မံဝင်ရောက်လာရန်ရှိနေပါသေးတယ်။ ဒီမုန်တိုင်းက ဗီယက်နမ်တောင်ပိုင်းကမ်းခြေကို ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ဖြတ်ကျော်ဝင်ရောက်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ 

    ·          မြန်မာနိုင်ငံပေါ်မှာတော့ ဆောင်းရာသီထဲဝင်ရောက်လာပြီဖြစ်တာကြောင့် အေးတဲ့နေရာတွေမှာ အတော်အေးနေပြီဖြစ်ပြီး ဘင်္ဂလားပင်လယ်အော်နဲ့ အရှေ့ပင်လယ်ဘက်က မုန်တိုင်းတွေရဲ့အန္တရာယ်မှ လွတ်ကင်းပြီးဖြစ်တာကြောင့် “၂၀၂၅ ခုနှစ် မုန်တိုင်းရာသီ”ကို အပြီးနှုတ်ဆက်လို့ ရပါပြီ။ 

    ၇ ရက်အတွင်း မန္တလေးတိုင်းတွင်မိုးရွာသွန်းရရှိနိုင်သည့်အခြေအနေ 

    ·          မန္တလေးတိုင်းအတွင်းမှာ မိုးရွာရန်မရှိပါ။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုနှင့် ခရမ်းလွန်ရောင်ခြည်အခြေအနေ 

    ·          နိုဝင်ဘာ ၂၈ ရက် မှ စတင်၍ အမြင့်ဆုံးနေ့အပူချိန် ၂၈°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၄°C အထိ ကျဆင်းလာနိုင်ပြီးသိသိသာသာ အအေးပိုလာနိုင်(ပိုမို၍အေးလာနိုင်)ပါမယ်။ 

    ·          မန္တလေးတိုင်းအတွင်းမှာ အရှေ့ဘက်နှင့် မြောက်ဘက်အရပ်များမှ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ ၅ မိုင်ခန့်ရှိနိုင်ပါမယ်။ 

    ·          နေ့လယ်ပိုင်းအချိန်တွေမှာ လေထုစိုထိုင်းဆ ၄၀% ခန့်နှင့် ညပိုင်း၊ နံနက်အစောပိုင်းအချိန်များမှာ ၇၀% အထက်တွင်ရှိနေနိုင်ပါမယ်။ 

    ·          လေထုစိုထိုင်းဆမြင့်မားနေချိန် မန္တလေးတိုင်း မြို့နယ်/ခရိုင်တွေအတွင်းမှာ ခံစားရတဲ့အပူချိန် (Feels like temperature) ၃၀°C အထိရှိနိုင်ပါတယ်။ 

    မန္တလေးတိုင်းအတွင်း ယခုတပတ်တွင် လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI Value အမြင့်ဆုံး ၁၀၀ မှ ၁၅၀ အထိရှိနေနိုင်တာကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးမကောင်းသူများ သတိထားကြရမည့် အညွှန်းကိန်းအဆင့်ဖြစ်ပါတယ်။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်စိုက်ပျိုးတောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် 

    မန္တလေးတိုင်းဒေသကြီးအတွင်း ကြက်သွန်စိုက်ပျိုးရာတွင် တောက်တဲ့မြီးရောဂါမှာ အရွက်ပေါ်ရှိ သေးငယ်သော အဖြူရောင်အစက်များအဖြစ် ရှိနေ ပြီး နောက်ပိုင်းတွင် ဘဲဥပုံ၊ အညိုရောင်မှ ခရမ်းရောင်အကွက်များအထိ လျင်မြန်စွာ ကြီးထွားလာကြသည်။ ၄င်းအကွက်များပေါ်တွင် အနက်ရောင်အကွင်းများ ဖြစ်ပေါ်လာပြီး အထက်ပိုင်းမှစ၍ ညှိုးနွမ်းပြီး ပြုတ်ကျသေဆုံးသည်။ အများအားဖြင့် အရွက်ထိပ်များသည် ကူးစက်ခံရတတ်ပြီး ညိုမဲညှိုးနွမ်းလာတတ်သည်။ ၄င်းရောဂါသည် ရိတ်သိမ်းချိန်တွင်လည်း ကြက်သွန်ဥများအား ကူးစက်နိုင်ကာ ကြက်သွန်ဥ၏ အပေါ်ဘက်လည်ပင်းနေရာ၌ အဝါရောင်မှ အနီရောင်ရှိသော ရေစိုနာပုပ်လက္ခဏာ ဖြစ်ပေါ် စေသည်။ ကာကွယ်နှိမ်နင်းနည်းလမ်းမှာ- 

    • ရောဂါကင်းသောမျိုးကိုရွေးချယ်စိုက်ပျိုးပါ။ 
    • စိုထိုင်းဆများပါက ပိုမိုကျရောက်တတ်၍ ရေဂရုစိုက်ပေးသွင်းပါ။ 
    • ရောဂါကျရောက်သည့်စိုက်ခင်းမှ ပင်ကြွင်းပင်ကျန်များကို ဖယ်ရှားဖျက်ဆီးပစ်ပါ။ 
    • နိုက်ထြိုဂျင်မြေဩဇာကို လွန်ကျူးစွာမသုံးပါနှင့်။  
    • သီးနှံများကို အလှည့်ကျစိုက်ပျိုးပါ။ 
    • ရောဂါကျရောက်ပါက ပင်လုံးပြန့် မှိုသတ်ဆေးများဖြစ်သော Azoxystrobin၊ Difenoconazole၊ Propiconazole၊ Trifloxystrobin၊ Tebuconazole တို့အား (၇-၁၀) ရက်ခြား တစ်ကြိမ်ဖြင့် တစ်လှည့်စီ တစ်မျိုးမျိုးအား ဆေးဘူးပါအညွှန်းအတိုင်း ကြိုတင် ပက်ဖျန်းကာကွယ်နိုင်သည်။ 

    ငါးကန်ရေအရောင် စစ်ဆေးရန်  

    မိုးရာသီအကုန် ဆောင်းရာသီနှင့် နွေရာသီများတွင် ငါးကန်ရေအရောင်သည် အစိမ်းရောင်လွန်ကဲပြီး၊ ကန်အတွင်းရှိ ငါးများသည် မနက်ပိုင်း နေရောင်မထွက်မှီကာလအတွင်း ရေမျက်နှာပြင်ပေါ်သို့ တက်ရောက်အသက်ရှူခြင်းများကို တွေ့ရတတ်ပါသည်။ အဆိုပါအခြေအနေသည် ကန်ရေအတွင်း အပင် မျှောလှေး(Phytoplankton)များ ပေါက်ဖွားမှုများပြီး ရေအရောင်သည် အစိမ်းရောင်အရင့် (တနည်း) အစိမ်းရောင်လွန်ကဲနေရခြင်းဖြစ်ပါသည်။ အပင်မျှောလှေးများ အသက်ရှင်ခြင်းမှ သေဆုံးခဲ့ပါက ရေညှိဖတ်များအသွင်ဖြစ်လာပြီး ကန်အတွင်း ရေညှိအလွှာများဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။ “ကန်ရေ အစိမ်းရောင်ရင့်လေ၊ ညဘက် ကန်အတွင်းအောက်စီဂျင် လျော့နည်းမှု များလေ” ဖြစ်တတ်ပါသည်။  

    ထို့ကြောင့် ငါးမွေးတောင်သူများအနေဖြင့် ကန်ရေဩဇာရရှိစေရန် ဆောင်ရွက်ရာတွင် အရောင်သည် အစိမ်းနုရောင် နှင့် အစိမ်းရောင်အဆင့်သာ ဆောင်ရွက်ပြီး အစိမ်းရင့်ရောင်ဖြစ်ပေါ်လာပါက အစိမ်းရောင် နုရောင်အဆင့်အဆင့်လျှော့ချပေးရန် အကြံပြုအပ်ပါသည်။  

    -----------          

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12          

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို          

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.          

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
8
comments
0
views
2666