ရန်ကုန်တိုင်း တစ်ပတ်စာမိုးလေဝသနှင့် စိုက်ပျိုးရေးအကြံပြုချက်
ပင်လယ်ပြင်အခြေအနေများ
· ဆိုင်ကလုန်းမုန်တိုင်း DITWAH သည် မြောက်ဘက်သို့ ဆက်လက်ရွေ့လျားလျှက်ရှိပြီး ဒီဇင်ဘာ ၁ ရက်နေ့မှာ ဘင်္ဂလားပင်လယ်အော် အနောက်တောင်ပိုင်းနှင့် အနောက်အလယ်ပိုင်းပင်လယ်ပြင်တွင် နိုဝင်ဘာ ၃၀ ရက် ည၌ မုန်တိုင်းငယ်အဖြစ်လည်းကောင်း၊ ဒီဇင်ဘာ ၁ ရက်နေ့နံနက်ပိုင်းတွင် လေဖိအားနည်းရပ်ဝန်းအဖြစ်လည်းကောင်း - တဆင့်ပြီးတဆင့်အားပျော့သွားနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
· တောင်တရုတ်ပင်လယ်၊ ဗီယက်နမ်တောင်ပိုင်းကမ်းခြေအနီးမှ တိုင်ဖွန်းမုန်တိုင်း KOTO သည် အပူပိုင်းမုန်တိုင်း(Tropical Storm – TS)အဖြစ်အားလျော့လာပြီး၊ ဒီဇင်ဘာ ၃ ရက် ညပိုင်းတွင် ဗီယက်နမ်တောင်ပိုင်းကမ်းခြေကို CAM RANH မြို့အနီးမှဖြတ်ကျော်ဝင်ရောက်နိုင်ပါတယ်။
· ဆိုင်ကလုန်းမုန်တိုင်း SENYAR ၏အကြွင်းအကျန်များသည် လေဖိအားနည်းရပ်ဝန်း 34W အဖြစ်တောင်တရုတ်ပင်လယ်တွင် ပြန်လည်စုဖွဲ့လာသော်လည်း FUJIWARA EFFECT ကြောင့် တိုင်ဖွန်းမုန်တိုင်း KOTO နှင့် နိုဝင်ဘာ ၃၀ ရက်တွင်အင်အားပေါင်းပြီးနောက် ပျက်ပြယ်သွားပြီဖြစ်ပါတယ်။
· ဒီဇင်ဘာ ၁ ရက် မှ ဒီဇင်ဘာ ၇ ရက်အထိ လက်ရှိဖြစ်ပေါ်နေသည့် မုန်တိုင်းများ၏ မြန်မာနိုင်ငံအပေါ်သက်ရောက်မှု-မရှိပါ။ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းနှင့် ကရင်ပြည်နယ်တို့တွင် မိုးရွာသွန်းချေအနည်းငယ်မျှသာရှိနိုင်ပါမယ်။ မြိတ်၊ ကန်စောက်၊ ကော့သောင်းနှင့် ကရင်ပြည်နယ် စုကလိတို့တွင် ၂၄ နာရီ မိုးရေချိန် ၀.၃ လက်မ မှ ၀.၁ လက်မခန့်ရွာသွန်းနိုင်ပြီး၊ ကျန်ပြည်နယ်တိုင်းဒေသများတွင် မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ။
ဒီဇင်ဘာ ၁ ရက် မှ ဒီဇင်ဘာ ၇ ရက်အထိ ရန်ကုန်တိုင်းအတွင်း မိုးလေဝသအခြေအနေ
· ယခု ၁ ပတ်အတွင်း ရန်ကုန်တိုင်းတွင် ရာသီဥတုသာယာပြီး မိုးရွာသွန်းရန်မရှိပါ။
· မြောက်-အရှေ့မြောက်ဘက်မှ လေတိုက်နှုန်းအများဆုံး တနာရီ ၅ မိုင်ခန့် နိုင်ပါတယ်။
· အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၈°C ရှိနိုင်ပြီး၊ ဒီဇင်ဘာ ၃ ရက်မှ ၇ ရက်အတွင်း အအေးအနည်းငယ်ပေါ့နိုင်ပါမယ်။
· နေ့လည်ပိင်းအချိန်များမှာ ခံစားရသည့်အပူချိန်(Feels-Like or Apparent Temperature) ၃၇°C ခန့် ရှိနိုင်ပါမယ်။
· နံနက်နှင့် ညနေပိုင်း၊ ညပိုင်းအချိန်များတွင် လေထုစိုထိုင်းဆ ၈၀% ရှိနိုင်ပြီး နေ့လည်နေ့ခင်းအချိန်များတွင် ၄၀% ရှိနိုင်ပါမယ်။
· လေထုညစ်ညမ်းမှုအညွှန်းကိန်းသည် စက်မှုဇုန်ဧရိယာများအနီးနှင့် မြို့လယ်မှမြို့နယ်များတွင် ၁၈၀ မှ ၂၀၀ ခန့်ရှိနိုင်ပြီး ကျန်မာရေးချို့တဲ့သူများ သတိထားရမည့် လေထုညစ်ညမ်းမှုအခြေအနေဖြစ်ပါတယ်။
--
Win Naing
Administration Team,
MMWEATHER,
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ပဲတီစိမ်းစိုက်တောင်သူများထံသို့ အကြံပြုချက်
- ရှေ့ရက်များတွင် မိုးများခဲ့တာကြောင့် စိမ့်ကိုင်ပြီး အမြစ်ထွက်အားနည်း၍ အပင်တက်အားနှေးလာခြင်း၊ အရွက်များ ဝါဖန့်ဖန့်ဖြစ်လာခြင်းများတွေ့လာရပါတယ်။
- ဒါကြောင့် ရွက်ဖျန်းအားဆေးအနေနဲ့ အမြစ်ထွက်အားကောင်းပြီး အပင်အစာချက်လုပ်မှုအားပိုကောင်းလာစေရန် Nitrophenol + NPK ရွက်ဖျန်းအားဆေး(သို့မဟုတ်) Humic acid+ NPK ရွက်ဖျန်းအားဆေးကို ၅-၇ ရက်ခြားပြီး ၂ကြိမ်လောက်လိုက်ပေးပါလို့ အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
ငါးကန်များတွင် ပျော်ဝင်အောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ထိန်းထားရန်
ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။
(3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။
--------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း