မကွေးတိုင်း ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၇ ရက် မှ ဇန်ဝါရီလ ၁၃ ရက်အထိ မိုးလေဝသအခြေအနေ
. ရေနံချောင်းမြို့ - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၃°C ရှိနိုင်သည်
. တောင်တွင်းကြီးမြို့ - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၃°C ရှိနိုင်သည်
ယခု ၁ ပတ်အတွင်း မကွေးတိုင်းအတွင်းမိုးရွာသွန်းနိုင်မည့်အခြေအနေ
· ငဖဲ၊ မင်းဘူး၊ မကွေး၊ ရေနံချောင်း၊ နတ်မောက်၊ ဂန့်ဂေါ၊ ထီးလင်း စသည့်မြို့နယ်များတွင် အမြင့်ပေ ၃၀,၀၀၀ နှင့်အထက်၌ တိမ်အမြင့်(High-clouds) အသင့်အတင့်(60% မှ 70% ခန့်)ဖြစ်ထွန်းပြီးမိုးအုံ့နေနိုင်ပါတယ်။ မိုးရွာနိုင်သည့်အခြေအနေမရှိ၊ မြူဆိုင်းနိုင်ပါတယ်။
· တိမ်အမြင့်များဖြစ်ထွန်းမှုရှိနေသော်လည်း အမြင့်ပေ ၁၀၀၀၀ နှင့်အထက်တွင် မြောက်၊ အနောက်မြောက်အရပ်များမှ လေအေးစီးကြောင်းများ ဆက်လက်တိုးဝင်နေဦးမှာဖြစ်လို့ နေ့/ညအပူချိန်များကျဆင်းပြီး ဆက်လက်၍အေးနေပါဦးမယ်။
အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆနှင့် လေထုညစ်ညမ်းမှုအခြေအနေနှင့် မြေဆီလွှာစိုထိုင်းဆအခြေအနေ
· မြို့နယ်အချို့၏ အမြင့်ဆုံး/အနိမ့်ဆုံးအပူချိန်ဖြစ်နိုင်ချေ
- မကွေးမြို့ - အမြင့်ဆုံးအပူချိန် ၂၉°C နှင့် အနိမ့်ဆုံးအပူချိန် ၁၂°C ရှိနိုင်သည်
. ရေနံချောင်းမြို့ - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၃°C ရှိနိုင်သည်
. တောင်တွင်းကြီးမြို့ - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၃°C ရှိနိုင်သည်
. နတ်မောက်မြို့ - အမြင့်ဆုံးအပူချိန် ၃၀°C နှင့် အနိမ့်ဆုံးအပူချိန် ၁၄°C ရှိနိုင်သည်
. သရက်မြို့ - အမြင့်ဆုံးအပူချိန် ၂၉°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည်
. မင်းတုံးမြို့ - အမြင့်ဆုံးအပူချိန် ၂၉°C နှင့် အနိမ့်ဆုံးအပူချိန် ၁၂°C ရှိနိုင်သည်
. စေတုတ္တရာမြို့ - အမြင့်ဆုံးအပူချိန် ၂၈°C နှင့် အနိမ့်ဆုံးအပူချိန် ၁၀°C ရှိနိုင်သည်
- ပခုက္ကူမြို့ - အမြင့်ဆုံးအပူချိန် ၂၉°C နှင့် အနိမ့်ဆုံးအပူချိန် ၁၅°C ရှိနိုင်သည်
- ပေါက်မြို့ - အမြင့်ဆုံးအပူချိန် ၂၈°C နှင့် အနိမ့်ဆုံးအပူချိန် ၁၁°C ရှိနိုင်သည်
- ထီးလင်း/ဂန့်ဂေါမြို့ - အမြင့်ဆုံးအပူချိန် ၂၆°C နှင့် အနိမ့်ဆုံးအပူချိန် ၁၂°C ရှိနိုင်သည် - (နေ့အပူချိန်အနိမ့်ဆုံးဖြစ်နိုင်ပါမယ်)
လေတိုက်နှုန်း/လေထုညစ်ညမ်းမှုအခြေအနေ
- အနောက်/အနောက်မြောက်နှင့် အရှေ့အရပ်တို့မှ လေတိုက်နှုန်း တနာရီ ၅ မိုင်နှုန်းခန့်ရှိနိုင်သည်။ မကွေးတိုင်းတခုလုံးအတွက် ပျမ်းမျှလေထုညစ်ညမ်းမှုအခြေအနေသည် ၁၁၀ နှင့် ၁၅၅ အတွင်းမှာရှိနိုင်ပါတယ်။
- လေထုစိုထိုင်းဆ - ပဲခူးတိုင်း၏ နေ့လည်ပိုင်းလေထုစိုထိုင်းဆ ၆၀% မှ ၇၀% အတွင်းရှိနိုင်ပြီး၊ ညပိုင်းနှင့် နံနက်ပိုင်းအချိန်များမှာ ၂၀% မှ ၃၀% အတွင်း ရှိနိုင်ပါတယ်။
§ Apparent Temperature (Temp-feels-like) ဆောင်းရာသီအတွင်းမှာ လေထုစိုထိုင်းဆမြင့်တက်မှုနည်းပြီး ပုံမှန်လေတိုက်ခတ်မှုရှိနေတာကြောင့် ခံစားရတဲ့အပူချိန်(Temp-feels-like) နဲ့ နေ့အပူချိန်တို့ကွာဟမှုသည် ၂°C ခန့်သာရှိနိုင်ပါမယ်။
· မြေဆီလွှာစိုထိုင်းဆနှင့်မြေဆီလွှာအစိုဓါတ်ကျန်ရှိနိုင်မည့်အခြေအနေ -
§ မကွေးတိုင်း ဧရာဝတီမြစ်ဝှမ်းတလျှောက်မှာ - မြေအောက်အနက် ၄၀ စင်တီမီတာအထိ မြေဆီလွှာစိုထိုင်းဆ ၃% ခန့်ရှိနိုင်ပြီး မြေအောက်အနက် ၁၀၀ စင်တီမီတာမှာ ၂၈% ခန့်ရှိနိုင်ပါတယ်။
§ မိုးရာသီအပြီး မိုးရွာသွန်းမှုရပ်တန့်ချိန်တွင် နှစ်စဉ်ဖြစ်မြဲမြေဆီလွှာအစိုဓါတ်ကျန်ရှိမှုကို ၁၉၆၁-၂၀၁၀ ခုနှစ် တန်ဘိုးများနှင့် နှိုင်းယှဉ်ခန့်မှန်းပါက ဧရာဝတီမြစ်အနောက်ဘက်ခြမ်းတလျှောက်မှာ မြေဆီလွှာအစိုဓါတ်ကျန်ရှိမှုသည် ပုံမှန်အထက် ၀.၂ မီလီမီတာဝန်းကျင်နှင့် ဧရာဝတီမြစ်အရှေ့ဘက်ခြမ်းမှာ ပုံမှန်အောက် ၀.၄ မီလီမီတာဝန်းကျင် ရှိနေတာတွေ့ရပါတယ်။
မကွေးတိုင်းအတွင်း ဧရာဝတီမြစ်အနောက်ဘက်ခြမ်းသည် အရှေ့ဘက်ခြမ်းထက် မြေဆီလွှာအစိုဓါတ်ကျန်ရှိနိုင်မှု ပိုမိုနိုင်ကြောင်းတွေ့ရပါတယ်။
ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေ ကြိုတင်ခန့်မှန်း
· အိန္ဒိယသမုဒ္ဒရာတောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် ဆိုင်ကလုန်းမုန်တိုင်း GRANT သည် လေဖိအားနည်းရပ်ဝန်းအဖြစ် အားပျော့သွားပြီဖြစ်ပြီး အနောက်-အနောက်တောင်ဘက်သိုဆက်လက်ရွေ့လျားလျှက်ရှိပါတယ်၊ ဆိုင်ကလုန်းမုန်တိုင်း JENNA သည် ယနေ့မှစ၍ ဇန်နဝါရီ ၇ ရက်အထိ CAT-1 ဆိုင်ကလုန်းမုန်တိုင်းအဖြစ်အားကောင်းလာပြီး အနောက်-အနောက်တောင်ဘက်သို့ ဆက်လက်ရွေ့လျားနေပါတယ်။
· ဆိုင်ကလုန်းမုန်တိုင်း JENNA ၏အရှိန်သက်ရောက်မှုကြောင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်း အထက် ၅.၈ ကီလိုမီတာအမြင့် (ပေ ၁၉,၀၀၀) မှ အထက်လေပွေလှိုင်း (INVEST-90B) ဆက်လက်တည်ရှိနေပြီး အနောက်-အနောက်မြောက်ဘက်(သီရိလင်္ကာနိုင်ငံဘက်သို့) ဆက်လက်ရွေ့လျားရင်း သိသာထင်ရှားသောလေဖိအားနည်းရပ်ဝန်း (Well-Marked LPA) ဖြစ်လာပါတယ်။
· ECMWF, GFS model ခန့်မှန်းချက်များက 90B သည် မုန်တိုင်းငယ်အဆင့်ထိ အားကောင်းလာနိုင်ရန်ပင်မသေချာသေးကြောင်း(Marginal intensification) ဟု ခန့်မှန်းထားပြီး JTWC မှလည်း အားပိုကောင်းလာရန် ခက်ခဲနေဆဲဖြစ်ကြောင်း(အားကောင်းလာနိုင်ရန် သေချာမှုမရှိသေးကြောင်း) ခန့်မှန်းထုတ်ပြန်ထားတာတွေ့ရပါတယ်။
(THE ENSEMBLE MODELS SHOW THE MOST AGGRESSION IN THE FORMATION OF 90B WITH ECENS BEING THE MOST AGGRESSIVE. ON THE OTHER HAND, DETERMINISTIC MODELS SHOW 90B STRUGGLING TO DEVELOP. THE POTENTIAL FOR THE DEVELOPMENT OF A SIGNIFICANT TROPICAL CYCLONE WITHIN THE NEXT 24 HOURS IS LOW)
· ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတွင်ဖြစ်ပေါ်လျှက်ရှိသည့် လေဖိအားနည်းရပ်ဝန်း 90B) ကြောင့် သီရိလင်္ကာနိုင်ငံ နှင့် အိန္ဒိယနိုင်ငံတောင်ပိုင်းတို့တွင် မိုးရွာနိုင်/မိုးသည်းထန်နိုင်သည့်အခြေအနေများနိုင်ပြီး မြန်မာနိုင်ငံတွင် တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်ကာ နေ့အပူချိန်ကျဆင်းပြီး အအေးဓါတ်လွှမ်းခြုံမှုအားကောင်းနေသဖြင့် မိုးရွာနိုင်မည့်အခြေအနေအလွန်နည်းနိုင်ပါတယ်။
Win Naing
Administration Team,
MMWEATHER,
ငါးအနီစက်ရောဂါ ကာကွယ်ကုသနည်း
ပြီးခဲ့တဲ့ပတ်အတွင်းက ငါးမွေးမြူသူတစ်ဦး ငါများ သေတာနဲ့ပတ်သတ်ပြီး မေးမြန်းလာပါတယ်။ ဒါ့ကြောင့် ရောဂါကျရောက်မှု သတိထားရန် ဆွေးနွေးပေးချင်ပါတယ်။
ဘက်တီးရီးယားကြောင့်ဖြစ်သော ငါးအနီစက်ရောဂါကျရောက်ပါက ငါးများတွင် အနီစက်များဖြစ်လာခြင်း၊ လှုပ်ရှားမှုနှေးလာခြင်း၊ အစာ စားနည်းလာခြင်း၊ ဆူးတောင်တွေမဖြန့်တော့ခြင်း၊ ကူးခက်တာ ပုံမမှန်ခြင်းများ ဖြစ်တတ်ပါသည်။
ထို့ကြောင့် မဖြစ်ခင် ကြိုတင်ကာကွယ်နိုင်ရန် ငါးကန်တဧက ဆား ၇.၅ ပိဿာနှင့် ထုံး ၇.၅ ပိဿာ ထည့်ပေးရန် လိုအပ်သည်။
ရောဂါကျရောက်နေပါက ငါးကန်တဧက ဆား ၁၅ ပိဿာနှင့် ထုံး ၁၅ ပိဿာ ထည့်ပေးရန် လိုအပ်သည်။
----------
မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12
သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို
ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.
သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


ပင်မစာမျက်နာ
အဖွဲ့များ
စူးစမ်းရန်
စာတို
ကျွန်ုပ်
စျေးနှုန်း