cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ဧရာဝတီတိုင်း ၂၀၂၆ ခုနှစ် - ဇန်နဝါရီ ၁၅ ရက် မှ ဇန်နဝါရီ ၂၁ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ယခုရက်သတ္တပတ် ၁ ပတ်အတွင်း အနိမ့်ဆုံးညအပူချိန်များသည် ၁၅°C မှ ၂၁°C ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။ ထူးကဲသော အအေးပိုလာခြင်း၊ အအေးလှိုင်းဖြတ်ခြင်းများ မရှိပါ။
  • ပင်လယ်ပြင်မှ ထူးခြားသည့်မိုးလေဝသအခြေအနေများနှင့် မြန်မာနိုင်ငံအပေါ်သက်ရောက်နိုင်ချေ 

    ·          ဖိလစ်ပိုင်နိုင်ငံအရှေ့ဘက်ပင်လယ်ပင်တွင် ဖြစ်ပေါ်နေသော စောင့်ကြည့်ရမည့်လေပွေလှိုင်း (INVEST-91W)သည် အဆိုပါတည်နေရာအတွင်း - ဇန်နဝါရီလ ၂၁ ရက်အထိ ဆက်လက်တည်ရှိနေနိုင်ပြီး ဖိလစ်ပိုင်နိုင်ငံနှင့်တောင်တရုတ်ပင်လယ်တို့ဘက်သို့ ရွေ့လျားခြင်းမရှိနိုင်ကြောင်း ECMWF နှင့် GFS model များစုပေါင်းခန့်မှန်းချက်၊ ICON Model ခန့်မှန်းချက်များမှာ တွေ့ရပါတယ်။ 

    ·          အိန္ဒိယနိုင်ငံမြောက်ပိုင်းကိုဖြတ်ကျော်တိုက်ခတ်လျှက်ရှိသည့် အမြင့်ပေ ၁၀၀၀၀ နှင့် အထက်မှ လေအေးစီးကြောင်းသည် ဘင်္ဂလားပင်လယ်အော်နှင့် မြန်မာနိုင်ငံတခုလုံးကို တိုးဝင်လျှက်ရှိပါသည်။ လေအေးများတိုက်ခတ်တိုးဝင်လျှက်ရှိခြင်းကြောင့် မြန်မာနိုင်ငံပြည်နယ်/တိုင်းဒေသအများစုမှာ အအေးဓါတ်ဆက်လက်လွှမ်းခြုံနေပြီး အေးနေပါဦးမယ်။ 

    ·          ယခုတပတ်အတွင်း ဇန်နဝါရီလ ၁၆/၁၇ ရက်နေ့များတွင် တနင်္သာရီတိုင်းတောင်ပိုင်း ကော့သောင်းမြို့နယ်အတွင်း မိုးဖွဲအနည်းငယ်(Showers) ကျနိုင်သည်မှအပ ကျန်တပြည်လုံးတွင် မိုးရွာနိုင်သည့်အခြေအနေမရှိပါ။ 

    ဧရာဝတီတိုင်းတွင် ယခုတပတ်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် 

    ·          ဧရာဝတီတိုင်းအတွင်း မိုးရွာသွန်းနိုင်သည့်အခြေအနေမရှိပါ၊ တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး ပုံမှန်ဆောင်းရာသီ၏အအေးဓါတ် ဆက်လက်၍ရရှိနေပါမယ်။ 

    အပူချိန်၊ လေတိုက်နှုန်း၊ လေထုစိုထိုင်းဆ၊ မြေဆီလွှာစိုထိုင်းဆ (Soil Moisture) နှင့် လေထုညစ်ညမ်းမှုအခြေအနေများ 

    ·          ယခုရက်သတ္တပတ် ၁ ပတ်အတွင်း အနိမ့်ဆုံးညအပူချိန်များသည် ၁၅°C မှ ၂၁°C ဝန်းကျင်မှာ ရှိနေနိုင်ပါတယ်။ ထူးကဲသော အအေးပိုလာခြင်း၊ အအေးလှိုင်းဖြတ်ခြင်းများ မရှိပါ။ 

    ·          ဧရာဝတီတိုင်းအတွင်းမှ အောက်ပါမြို့နယ်များတွင် ဖြစ်ပေါ်နိုင်သည့် ဆောင်းဥတုအခြေအနေများ- 

    o    မြန်အောင်မြို့နယ်အတွင်း ယခုတပတ်အတွင်းမှာ တိမ်အနည်းငယ်မှ အသင့်အတင့်ဖြစ်ထွန်းနိုင်သည့်ရက်အနည်းငယ်ရှိနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် ၁၉ ရက်နေ့နောက်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၁၈°C အထိ ကျဆင်းနိုင်ပါတယ်။ မြန်အောင်မြို့နယ်အတွင်း ရခိုင်ရိုးမတောင်ကြောနှင့်ကပ်လျှက်ရှိသည့် ဒေသများ(ဥပမာ ဥသျှစ်ကုန်းရွာ)မှာလည်း ၁၄ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးအပူချိန် ၁၅°C အထိ ကျဆင်းနိုင်ပါမယ်။ 

    o    ပုသိမ်မြို့နယ်အတွင်း တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၃°C နှင့် ၁၇ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၂၀°C အထိ ကျဆင်းနိုင်ပါတယ်။ 

    o    ဖျာပုံနှင့်ဘိုကလေးမြို့နယ်များအတွင်း တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး အမြင့်ဆုံးနေ့အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးညအပူချိန် ၁၉°C ရှိနိုင်ပါတယ်။ 

    o    ဟင်္သာတ၊ ညောင်တုန်း၊ ငသိုင်းချောင်းမြို့နယ်များတွင် တိမ်အနည်းငယ်ဖြစ်ထွန်းနိုင်ပြီး၊ အမြင့်ဆုံးနေ့အပူချိန် ၃၁°C နှင့် ၁၉ ရက်နောက်ပိုင်းမှာ အနိမ့်ဆုံးညအပူချိန် ၁၇°C အထိကျဆင်းနိုင်ပါတယ်။ 

    o    ဧရာဝတီတိုင်းမှ အထက်ပါမြို့နယ်များနှင့် နီးစပ်သောကျန်ရှိသည့်မြို့နယ်များသည် အထက်ဖေါ်ပြပါမြို့နယ်များနီးပါးတူညီသော တိမ်ဖြစ်ပေါ်မှုအခြေအနေနှင့် အပူချိန်များရှိနိုင်ပါတယ်။ 

    o    ဧရာဝတီတိုင်းအတွင် ၄ ရက် ကြိုတင်ခန့်မှန်းချက် Weather Widget များကြည့်ရှုရန် - https://www.mmweather.org/divisional-cities-weather/ayarwaddy-div 

    ·          ဧရာဝတီတိုင်းအတွင်း နေ့လည်ဘက် လေထုစိုထိုင်းဆသည် ၃၀% ရှိနိုင်ပြီး နံနက်ခင်း/ညနေ/ညအချိန်တွေမှာ ၆၀% အောက်တွင်ရှိနိုင်ပါမယ်။ 

    ·          ဧရာဝတီတိုင်းအတွင်း ပျမ်းမျှမြေဆီလွှာစိုထိုင်းဆသည် မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်) တွင် ၂၅% ခန့် ရှိနိုင်ပါတယ်။ အနောက်ဘက်ကမ်းရိုးတန်းဒေသတွေနဲ့ မြစ်ဝကျွန်းပေါ်ကမ်းရိုးတန်းအနီးဒေသတွေမှာ မြေဆီလွှာစိုထိုင်းဆပိုနိုင်ပြီး မြေအောက်အနက် ၄၀ စင်တီမီတာ(၁၆ လက်မခန့်)တွင် ၄၀% နှင့် မြေအောက်အနက် ၁၀၀ စင်တီမီတာ(လက်မ ၄၀ ခန့်)တွင် ၆၀% ခန့် ရှိနိုင်ပါတယ်။ 

    လေထုညစ်ညမ်းမှုအညွှန်းကိန်း AQI သည် 100 အထက် 205 အထိ မြင့်တက်နေနိုင်သောကြောင့် အသက်ရှုလမ်းကြောင်းဆိုင်ရာကျန်းမာရေးချို့တဲ့သူများ (ရင်ကြပ်-ပန်းနာရှိသူများ) အထူးဂရုစိုက်ကြစေချင်ပါတယ်။ ပုံမှန်ကျန်းမာရေးကောင်းသူများအတွက်သက်ရောက်မှုမရှိပါ။ 

    Win Naing 

    Administration Team, 

    MMWEATHER, 

    ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မတ်ပဲစိုက်တောင်သူများထံသို့ 

    ပဲပွင့်ထွေးပိုးကာကွယ်နှိမ်နင်းနည်းအကြံပြုချက် 

    • လက်ရှိရာသီဥတုအခြေအနေနှင့် မတ်ပဲခင်းများတွင် ပွင့်ထွေးသီးလုံးဖောက်ပိုး ကျရောက်မှုနှင့်ပတ်သတ်ပြီးမေးမြန်းလာသဖြင့် ကာကွယ်နှိမ်နင်းနည်းများကို အကြံပြုဆွေးနွေးပေးလိုက်ပါတယ်။ 
    • ပွင့်ထွေးမကျသေးသော စိုက်ခင်းများအနေဖြင့် ပဲပင် (၃၀-၃၅ ရက်) ဝန်းကျင် အဖူးစုချိန်တွင် ပွင့်ထွေးကြိုတင်ကာကွယ်လိုပါက Thiodicarb, Indoxacarb အဆင်ပြေရာတစ်မျိုးမျိုးကို ရွေးချယ်ဖျန်းပေးပါ။ 
    • ပဲပွင့်ထွေးစတင်ကျနေသောစိုက်ခင်းများအနေဖြင့် Flubendiamide, Spinosad, Emamectin benzoate, Chlorantraniliprole အဆင်ပြေရာကိုရွေးချယ်နိုင်ပြီး၊ သီးတောင့်ထဲကို ဝင်ရောက်စားနေတဲ့အဆင့်ကိုတွေ့ရတယ်ဆိုရင် Indoxacarb+ Thiodicarb ကိုရွေးချယ်အသုံးပြုနိုင်ပါတယ်။ 

     ငါး/ပုစွန်ကန်များအတွက် အကြံပြုချက်  

                 ဧရာဝတီတိုင်းဒေသကြီးမှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် အောက်ပါအချက်တွေ ဆောင်ရွက်ဖို့ အကြံပြုလိုပါတယ် ခင်ဗျာ- 

    ကန်ဖော်ပြီး ငါးကန်များအနေဖြင့် နွံထဲရှိ မှို၊ ဘက်တီးရီးယားနဲ့အခြားပိုးများသေစေရန် ပက်ကြားအက်သည်အထိ နေလှန်းထားရန်၊ 

    ကန်အောက်ခြေနွံထုကို ဖယ်ထုတ်ပေးရန်နဲ့ ဖယ်ထုတ်ပြီးပါက ထုံးဖြူးပေးရန်၊ 

    မျိုးငါးကန်များအနေဖြင့် မြေဩဇာကျွေးခြင်းကို ညနေပိုင်းကျွေးခြင်းထက် နံနက်ပိုင်း နေပွင့်ချိန်တွင်သာ ဆောင်ရွက်ရန်၊ 

    မျိုးငါးကန်များတွင် ကန်အောက်ခြေ ရေမနောက်အောင် ဆောင်ရွက်ရန်နဲ့ အစာကို နည်းနည်းနဲ့ အကြိမ်ရေများများကျွေးရန်၊ 

    -------------      

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12      

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို      

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.      

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
5
comments
0
views
18723