cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် သီးနှံကာကွယ်ရေးဆိုင်ရာအကြံပြုချက်   (ရန်ကုန်တိုင်းဒေသကြီး)   

. ရာသီဥတု သတင်းများ
ညနေခင်းတွင် ပိုးသတ်ဆေးဖြန်းပါက ပို၍ ထိရောက်ပါတယ်။
ဓာတုဆေးများအသုံးပြုရာတွင်ဆေးဖျန်ပြီး ၂-၆ နာရီအတွင်း မိုးလွတ်ရန်လိုအပ်ပါသည်။
  • ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်၊ သန်လျင်မြို့နယ်၊ ကျောက်တန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၃ဝ)ရက်နေ့မှ အောက်တိုဘာလ(၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေး၊ သန်လျင်၊ ကျောက်တန်းမြို့နယ်တွေမှာ စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ အောက်တိုဘာလ ၁၊ ၂ ရက်နေ့တွေမှာ မိုးရွာနိုင်ပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အဆိုပါရက် များတွင် မိုးရွာရန်ရာခိုင်နှုန်းမှာ ၇၃ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်းအထိရှိပါတယ်။ ကျန်ရက်များမှာတော့ ရွာနိုင်ခြေ နည်းပါတယ်။

    ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၃.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။


    တွံတေးမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၃ဝ)ရက်နေ့မှ အောက်တိုဘာလ(၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ တွံတေးမြို့နယ်တွင် စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ အောက်တို ဘာလ ၁ ရက်နေ့တွေမှာ မိုးရွာနိုင်ပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အဆိုပါရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၇၈ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်းအထိရှိပါတယ်။ ကျန်ရက်များမှာတော့ ရွာနိုင်ခြေ နည်းပါတယ်။

    ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၃.၅ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၄.၅ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    သန်လျင်မြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၃ဝ)ရက်နေ့မှ အောက်တိုဘာလ(၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ သန်လျင်မြို့နယ်တွင် အောက်တိုဘာလ ၁ ရက်နေ့နဲ့ ၂ ရက်နေ့ တွေမှာ မိုးရွာနိုင်ပါကြောင်း သတင်းပါးလိုပါ တယ်ခင်ဗျာ။ အဆိုပါရက်များတွင် မိုးရွာရန်ရာခိုင်နှုန်းမှာ ၇၃ ရာခိုင် နှုန်းမှ ၇၈ ရာခိုင်နှုန်းအထိရှိပါတယ်။ ကျန်ရက်များမှာတော့ ရွာနိုင်ခြေ နည်းပါတယ်။

    ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၃.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။

    ကျောက်တန်းမြို့နယ်

    ၂ဝ၂၄ ခုနှစ်၊ စက်တင်ဘာလ (၃ဝ)ရက်နေ့မှ အောက်တိုဘာလ(၆)ရက်နေ့အထိ တစ်ပတ်တာ မိုးလေဝသ ခန့်မှန်းချက်အနေဖြင့် ရန်ကုန်တိုင်းဒေသကြီးရှိ ကျောက်တန်းမြို့နယ်တွင် စက်တင်ဘာလ ၃၀ ရက်နေ့နဲ့ အောက် တိုဘာလ ၁ ရက်နေ့တွေမှာ မိုးရွာနိုင်ပါကြောင်း သတင်းပါးလိုပါတယ်ခင်ဗျာ။ အဆိုပါရက်များတွင် မိုးရွာရန် ရာခိုင်နှုန်းမှာ ၇၈ ရာခိုင်နှုန်းမှ ၈၈ ရာခိုင်နှုန်း အထိရှိပါတယ်။ ကျန်ရက်များမှာတော့ ရွာနိုင်ခြေနည်းပါတယ်။

    ပျှမ်းမျှ အမြင့်ဆုံး အပူချိန် ၃၄.၄ ဒီဂရီစင်တီဂရိတ်နဲ့ အနိမ့်ဆုံး ပျှမ်းမျှ အပူချိန်မှာ ၂၃.၉ ဒီဂရီစင်တီဂရိတ် ထိရှိပါတယ် ခင်ဗျာ။


    စိုက်ပျိုးရေး အကြံပြုချက်   

    ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စပါးစိုက်တောင်သူများသို့ သီးနှံကာကွယ်ရေးဆိုင်ရာအကြံပြုချက်

    ကြက်သွန်မြိတ်ပိုး

     နေပူ၊ မိုးရွာအလှည့်ကျဖြစ်နေသောအချိန်ဖြစ်တာကြောင့် ကြက်သွန်မြိတ်ပိုးကျရောက်မှုကို ကွင်းဆင်း စစ်ဆေးရန်လိုအပ်ပါတယ်။

    ကျရောက်ဖျက်ဆီးမှု လက္ခဏာအနေနဲ့ ပြွန်ပုံသဏ္ဍာန်အရွက်ကိုအဓိကတွေ့မြင်ရသည်။

    ညနေ ၅-၈ နာရီချိန်မှာလှုပ်ရှား၊ မနက်ခင်းပိုင်းမှာ ပုန်းခိုနေတတ်ပါတယ်။


     ကာကွယ်နှိမ်နင်းနည်း

    ကြက်သွန်မြိတ်ကျခဲ့ဖူးတဲ့မျိုးကို ဆက်တိုက်မစိုက်သင့်ပါ။

    ရိုးပြက်၊ ပင်ကြွင်းပင်ကျန်၊ ပေါင်းမြက်ရှင်းလင်းရန်လိုအပ်ပါတယ်။

    ညနေ ၅-၈ နာရီချိန်မှာလှုပ်ရှား၊ မနက်ခင်းပိုင်းမှာ ပုန်းခိုနေတတ်တဲ့အတွက် ညနေခင်းတွင် ပိုးသတ်ဆေးဖြန်းပါက ပို၍ ထိရောက်ပါတယ်။

    အသုံးပြုနိုင်သောဓာတုဆေးများ- Abamectin, Spinosad, Cyrantraniliprole

    ဆေးဖျန်ပြီး ၂-၆ နာရီအတွင်း မိုးလွတ်ရန်လိုအပ်ပါသည်။


    Weather Source: CIAT  

    https://htwettoe.com/post/46786


  • article
likes5comments1
views644
cover
cover
cover
cover
cover