မန္တလေးတိုင်းဒေသကြီးအတွက် တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- မန္တလေးတိုင်းဒေသကြီးတွင် ၂၀၂၅ မေလ ၇ ရက်နေ့မှ ၁၄ရက် နေ့အတွင်း မိုးရွာသွန်းနိုင်တဲ့ အလားအလာမရှိပဲ နေ့အပူချိန် များမြင့်တက်လာနိုင်ပါတယ်။ - လေရူးပွေခြင်း ကြောင့်မီးသတိပြုကြပါ။ - ISSUED TIME - 07/03/2025 6:39am(MMT) - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒔𝒕 - 𝑴𝒆𝒕𝒆𝒐𝒓𝒐𝒍𝒐𝒈𝒊𝒄𝒂𝒍 𝑪𝒆𝒏𝒕𝒓𝒆 - စိုက်ပျိုးရေးအကြံပြုချက် - လက်ရှိအခြေနေအရ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ကြက်သွန်စိုက်တောင်သူများ ကြက်သွန်ဥပုပ်ရောဂါကို တွေ့ရများနိုင်ပါတယ်။ ကြက်သွန်ဥပုပ်ရောဂါကိုကာကွယ်နှိမ်နှင်းဖို့ဆိုရင် - နိုက်ထရိုဂျင် မြေသြဇာအလွန်ကျွံ မသုံးပါနဲ့။
- ကြက်သွန်မတူးမီ (၂-၃) ပတ်အတွင် ရေသွင်းခြင်းကို ရှောင်ပါ။
- အခြားသီးနှံများနှင့် သီးလှည့်စိုက်ပါ။
- ဓါတုဆေးများအနေနဲ့ ကောပါးအောက်ဆီကလိုရိုက် နှင့် ကာစူဂါမိုင်စင် ဆေးများကိုအသုံးပြုနိုင်ပါသည်။
 - ငါး၊ပုစွန်ကန်များအတွက် အကြံပြုချက် - ရာသီဥတု ပူလာပြီဖြစ်သည့်အတွက် အောက်ပါအချက်တွေဆောင်ရွက်ဖို့ အကြံပြုတိုက်တွန်း လိုပါတယ် ခင်ဗျာ။ - ငါး၊ပုစွန်များ ကန်ဘောင်ရေစပ်တွင်တက်နေခြင်း ရှိ/မရှိစစ်ဆေးရန်၊
- နေ့အချိန်တွင် ငါး ပုစွန်များ ရေမျက်နှာပြင်ပေါ်တွင် ထိတ်လန့်စွာ ကူးခတ်နေခြင်း ရှိ/မရှိ စစ်ဆေးရန်၊
- ကန်ရေအပူချိန် ၃၂ဒီဂရီစင်တီဂရိတ်ထက် ကျော်လွန်နေခြင်း ရှိ/မရှိ စစ်ပေးရန်၊
- ကန်ရေမျက်နှာပြင်ပေါ်တွင် အမြုပ်များဖြစ်ပေါ်နေခြင်း ရှိ/မရှိ စစ်ပေးရန်၊
- ရေအရောင်ပြောင်းလဲခြင်း (စိမ်း ၊စိမ်းရင့် ၊နီ) (ရေကြည်နှုံး ၂၀စင်တီမီတာအောက် လျော့နည်းနေခြင်း) စစ်ပေးရန်၊
 - #ဖော်ပြပါအခြေအနေများ မိမိကန်တွင် ကြံတွေ့ရပါက ထွက်တိုးအကြံပေးဖုန်းနံပါတ် 09977910000 သို့ ဆက်သွယ်မေးမြန်းနိုင်ပါသည်။ - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
