ရှမ်းပြည်နယ်အတွက် တစ်ပတ်စာ မိုးလေဝသခန့်မှန်းချက်နှင့် အကြံပြုချက်
- ၂၀၂၅ မတ်လ ၇ရက်နေ့မှ ၁၆ရက်နေ့အတွင်း ရှမ်ပြည်နယ်တစ်ခုလုံးမှာ နေ့အပူချိန်များအနည်းငယ်တိုးလာနိုင်ပြီး ရှမ်းပြည်နယ်အရှေ့ပိုင်းမှာ မတ်လ ၉ရက်နေ့ နေရာကွက်ကျားမိုးဖွဲဖွဲရွာနိုင်ပါတယ်။ - ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်ခရိုင်မှ မတ်လ ၈ရက်နေ့ ၉ရက်နေ့တွေမှာ မိုးအနည်းငယ်ရွာနိုင်ပါတယ်။ - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - ရှမ်းပြည်နယ်မှာရှိတဲ့ ငါး/ပုစွန်မွေး တောင်သူများအတွက် ထုံးစနစ်တကျ အသုံးပြုနိုင်ရန် တင်ပြဆွေးနွေးအပ်ပါသည်။ - ငါးကန်ရေ အရည်အသွေးမပျက်စီးစေရန်နှင့် ကန်အောက်ခြေ အပုတ်အဆွေးများ၏ ဆိုးကျိုးကို တားဆီး နိုင်ရန်အတွက် မွေးမြူရေးကာလတစ်လျှောက် ၂ - ၃ လလျှင် တစ်ကြိမ် တစ်ဧကလျှင် ထုံး (၂၅)ကီလို /၁၅.၅ပိဿာ မှ (၃၀)ကီလို /၁၈.၆ ပိဿာ ပုံမှန်ထည့်သွင်းပေးရန် လိုအပ်ပါကြောင်း တင်ပြအပ်ပါသည်။
- ထုံးထည့်သွင်းရာတွင် တစ်ညအိပ်ရေစိမ်ပြီး၊ နောက်တစ်နေ့ မနက်ပိုင်း နေပူချိန်တွင် ကန်အနှံ့ပက်ပေးပါ။
- ထုံးအမျိုးမျိုးရှိသည့်အနက် မဖောက်ထုံးမှာ ငါးမွေးကန်အတွက် အသုံးဝင်သောထုံး ဖြစ်ပါသည်။ ၎င်းထုံးမှာ ကျောက်တုံးကဲ့သို့ မာကျောပါသည်။ ငါးကန်တွင် အကျိုးရှိစွာ အသုံးချနိုင်ပါသည်။
- သုံးမည့် ရေနှင့်ဓာတ်ပြုပြီး ဓာတ်ငွေ့များထွက်သောကြောင့် ရေပူဘောင်းများပေါ်ထွက်လာခြင်း၊ အပူဓာတ်ပေါ်ထွက်လာခြင်း ရှိပါက အရည်အသွေးကောင်းသောထုံး ဖြစ်ပါသည်။
 - -------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
