cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

မန္တလေးတိုင်း မေလ ၁၆ ရက် မှ မေလ ၂၂ ရက်အထိ မိုးလေဝသအခြေအနေ

. ရာသီဥတု သတင်းများ
ငါးကန်တွေမှာ ကပ်ပါးပိုးတွေရှိနေရင် (သို့မဟုတ်) ငါးမှာ ချိပ်ပိုးကပ်နေတာတွေ့ရင် ရေလဲလှယ်ပေးခြင်း (Water Exchange) လုပ်ရပါမယ်။
  • မေလ ၁၅ ရက်နေ့မှာ ကပ္ပလီပင်လယ်ပြင်မြောက်ပိုင်း၊ မုတ္တမကွေ့ကိုရောက်ရှိလာပြီဖြစ်တဲ့ အနောက်တောင်မုတ်သုံလေက မြန်မာပြည်အလယ်ပိုင်းဒေသများကို နောက် ၂ ရက်နှင့် ၃ ရက်အတွင်းရောက်ရှိလာနိုင်မယ်လို့ ခန့်မှန်းရပါတယ်။

    မန္တလေးတိုင်းအတွင်း မေလ ၁၇ ရက်နဲ့ ၁၉ ရက်နေ့တွေမှာ မိုးအသင့်အတင့်မှ မိုးများနိုင်ကြောင်း ကြိုတင်ခန့်မှန်းချက်တွေရှိနေပြီး ၂၄ နာရီအတွင်းအများဆုံးရရှိနိုင်မဲ့မိုးရေချိန် ၂၀ မီလီမီတာမှ ၃၀ မီလီမီတာ(၀.၈ လက်မခန့်မှ ၁.၂ လက်မခန့်)ရှိနိုင်ပါတယ်။ မန္တလေးတိုင်းမြောက်ပိုင်း(မန္တလေးမြို့အထက်ဘက်)က မိုးများတတ်တဲ့ မိုးကုတ်မြို့လိုဒေသမှာတောင် နေ့စဉ်မိုးရွာနိုင်ပေမဲ့ မိုးရေချိန်ရရှိနိုင်မည့်အခြေအနေက ၂၀ မီလီမီတာဝန်းကျင်(၀.၈ လက်မခန့်)သာရှိနိုင်ပါတယ်။ 

    မန္တလေးတိုင်းမှာ ဒီတပတ်အတွင်းလေတိုက်နှုန်းတွေက အများဆုံး တနာရီ ၁၀ မိုင်ခန့်၊ တောင်ဘက်၊ အရှေ့တောင်ဘက်နှင့် အနောက်တောင်ဘက်အရပ်တွေက တိုက်နိုင်ပါတယ်။  

    မေ ၁၇-၁၈ မိုးအသင့်အတင့်မှ မိုးများပြီးတဲ့နောက် အမြင့်ဆုံးနေ့အပူချိန်တွေ ၄°C ခန့် ကျဆင်းလာနိုင်တာကြောင့် အပူဆုံးမြို့တွေမှာ ၃၅°C မှ ၃၀°C ခန့်အထိ ကျဆင်းလာနိုင်ပါတယ်၊ မိုးကုတ်၊ ပြင်ဦးလွင် ကဲ့သို့ ဒေသတွေမှာတော့ နေ့အပူချိန်အမြင့်ဆုံး ၂၅°C နဲ့ ညအပူချိန် အနိမ့်ဆုံး ၂၀°C ခန့်အထိရှိနိုင်ကာ လေထုစိုထိုင်းဆ ၇၀% မှ ၉၀% ခန့်အထိ ရှိနေနိုင်ပါမယ်။ 

    မန္တလေးတိုင်းအတွင်းမှ မြို့များ၏ ၄ ရက် မိုးလေဝသကြိုတင်ခန့်မှန်းချက်များကြည့်ရန် - https://www.mmweather.org/divisional-cities-weather/mandalay-div 

    Win Naing 

    Administration Team, 

    MMWEATHER, 

    https://www.mmweather.org/home  

    ငါး/ပုစွန်ကန်များအတွက်အကြံပြုချက်    

    ငါး၊ ပုစွန်ကန်များအတွင်း ကပ်ပါးပိုးမရှိအောင် ဆောင်ရွက်ဖို့ အကြုံပြုလိုက်ပါတယ်။ 

    - ကပ်ပါးပိုးတွေ ကန်ရေမှာရှိနေရင် (သို့မဟုတ်) ငါးမှာ ချိပ်ပိုးကပ်နေတာတွေ့ရင် ရေလဲလှယ်ပေးခြင်း (Water Exchange) လုပ်ရပါမယ်။ 

    - ပြီးရင် ဆားကြမ်းကို ဆာလာအိတ်ထဲထည့်ပြီး ကန်ထဲမှာ ဝါးလုံးထောက်ချိတ်ဆွဲထားပေးရပါမယ်။ 

    - ဒါမှ ကပ်ပါးပိုးရှိတဲ့ ငါးတွေက အဲ့ဒီ ဆားအိတ်နှင့် လာပွတ်ပြီး ကပ်ပါးကိုခွာချခြင်း လုပ်ဆောင်မှာဖြစ်ပါတယ်။ 

    - ကပ်ပါးပြင်းထန်မယ်ဆိုရင်တော့ Ivermectin, Copper Sulphate (ဒုတ္ထာ)သုံးပေးလို့ရပါတယ်။ ကြိုတင်ကာကွယ်တဲ့အနေဖြင့် ကပ်ပါးပိုးမရှိရအောင် ငါးကန်အသစ် စပြင်တဲ့အချိန်ထဲက ရေတစ်လီတာမှာ ကလိုရင်း ၂၀မီလီဂရမ် (Chlorine 20mg per litre) သို့မဟုတ် ၁ဧကအတွက် မဖောက်ထုံး ၆၀၀ ကီလိုဂရမ် (Calcium Oxide 600kg/acre)ဖြင့်ငါးကန်အသစ်သို့ ရေနှင့် ငါးမထည့်ခင် ကြိုတင်ပြီး ပိုးသတ်ခြင်း(Disinfection)လုပ်ထားလို့ရပါတယ်။

    ရေလုပ်ငန်းနှင့်ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။ 

    ------------ 

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို 

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/504


  • article
likes
8
comments
0
views
5081
cover
cover
cover
cover
cover