ပဲခူးတိုင်း မေလ ၂၀ ရက်မှ မေလ ၂၆ ရက်အထိ မိုးလေဝသအခြေအနေ
- မေလ ၁၉ ရက်နေ့မှာ အနောက်တောင်မုတ်သုံလေသည် မြန်မာနိုင်ငံအလယ်ပိုင်းဒေသများအထိ ဝင်ရောက်ပြီးဖြစ်ကြောင်း အိန္ဒိယမိုးလေဝသဌာန (IMD) မှ ယနေ့ထုတ်ပြန်ထားပါတယ်။ မြန်မာနိုင်ငံအနှံ့အပြား မိုးဆက်လက်ရွာသွန်းနေမည်ဖြစ်သော်လည်း မိုးရွာသွန်းမှုအနည်းအများသည် ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်အတွင်း ဖြစ်ပေါ်လာနိုင်သည့် ထူးခြားမိုးလေဝသအခြေအနေများ (လေပွေလှိုင်း၊ လေဖိအားနည်းရပ်ဝန်းနှင့် မုန်တိုင်း) များ ဖြစ်ပေါ်ရွေ့လျားသည့်အခြေအနေပေါ်တွင် မူတည်နေမည်ဖြစ်ပါတယ်။ - ပဲခူးတိုင်းအရှေ့ခြမ်းနှင့် အနောက်ခြမ်းမှ မြို့နယ်များတွင် - - မေလ ၂၄ ရက်နှင့်နောက်ပိုင်းရက်များတွင် မိုးအသင့်အတင့်မှ မိုးများနိုင်ပါမယ်။ မေလ ၂၄ ရက်ရှေ့ပိုင်းရက်တွေမှာ များသောအားဖြင့် မိုးအနည်းငယ်မှ အသင့်အတင့်သာ ထစ်ချုန်းရွာနိုင်မည့် ဒေသများက ပိုမိုများပြားနေပြီး ပဲခူးတိုင်းအရှေ့ခြမ်းမှာ မိုးပိုများနေနိုင်ပါမယ်။ - ပဲခူးတိုင်းအရှေ့/အနောက်ခြမ်းဒေသတွေမှာ အမြင့်ဆုံး နေ့အပူချိန် ၃၄°C အထိ ရှိနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၂၅°C ရှိနိုင်ပါမယ်။ - ပဲခူးတိုင်းအရှေ့ခြမ်းတွင် တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်အထိရှိနိုင်ပြီး ပဲခူးတိုင်းအနောက်ခြမ်းတွင် တောင်-အနောက်တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၂ မိုင်ခန့်အထိ ရှိနိုင်ပါမယ်။ - မုတ်သုံဝင်ရောက်ပြီးချိန် မိုးတိမ်တောင်ကြီးများ ဖြစ်ပေါ်ပြီး စိုစွတ်စိုက်ဆင်းလေပြင်းအန္တရာယ်ရှိနိုင်ကြောင်း သတိပြုကြရပါမယ်။ - ယခုရက်သတ္တပတ် (၁) ပါတ်အတွင်း မြစ်ရေကြီးခြင်း၊ မြို့များတွင် ရေကြီးရေလျှံခြင်းများ ဖြစ်ပေါ်သည်အထိ မိုးများနိုင်မည့်အခြေအနေများ မရှိနိုင်ပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါးမွေးမြူရေးဆိုင်ရာ အကြံပြုချက် - -ငါးမွေးကန်များတွင် ရေဩဇာရရှိနေခြင်းသည် ငါးတို့၏ သဘာဝအစာဖန်တီးပေးခြင်းဖြစ်ပါသည်။ ထို့ ကြောင့် ငါးကန်၏ ကန်ရေကို အမြဲတမ်းအစိမ်းရောင်ဖြစ်လာစေရန်(တစ်နည်း ရေဩဇာတက်လာစေရန်) မြေဩ ဇာထည့်သွင်းခြင်းကို ဆောင်ရွက်ကြပါသည်။ - -ငါးမွေးကန်အတွင်း မြေဩဇာထည့်သွင်းပြီး (၂)ပတ် (သို့မဟုတ်) ၁ ၄ရက်ကြာသောအခါ ကန်ရေဩဇာအမြင့်ဆုံးအခြေအနေရောက်ရှိလာပါသည်။ တစ်နည်းအားဖြင့် သက်ရှိအစာ ပေါက်ဖွားနှုန်းသည် အမြင့်ဆုံးရောက်ပြီးနောက်ပိုင်းတွင် တဖြည်းဖြည်းကျဆင်းလာပါသည်။ - -ကန်အတွင်း ငါးများ ဆက်လက်ပုံမှန်ကြီးထွားရန်အတွက် သဘာဝအစာ အမြဲဆက်လက်ရှိနေစေရန် လိုအပ်သောကြောင့် (၂)ပတ် ၁၄ ရက်လျှင် မြေဩဇာများထပ်မံဖြည့်ထည့်ပေးရန်လိုအပ်ပါသည်။ - -ထိုသို့မဟုတ်ပါက ကန်အတွင်းမွေးမြူထားသော ငါးများ အာဟာရချို့တဲ့ပြီး ငါးများကြီးထွားခြင်း မရှိနိုင်ပါ၊ ရောဂါကျရောက်ခြင်းများရှိလာနိုင်ပါသည်။ - မြေဩဇာထည့်သွင်းရမည့်နှုန်းကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်။ - မြေဩဇာအမျိုးအစား တစ်ဧကထည့်သွင်းရမည်နှုန်း - သစ်ရွက်ဆွေးမြေဩဇာ - ၃၁ ပိဿာ မှ ၆၂ ပိဿာ - ယူရီယားမြေဩဇာ - ၄ ပိဿာ မှ ၉ ပိဿာ - တီစူပါ မြေဩဇာ - ၃ ပိဿာ မှ ၄ ပိဿာ - ထည့်ရမည့်အကြိမ် - ၇ ရက်တစ်ကြိမ် - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်။ - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
