မကွေးတိုင်း ဇွန်လ ၄ ရက် မှ ဇွန်လ ၁၀ ရက်အထိ မိုးလေဝသအခြေအနေ
- သင်္ချာပုံစံပြုကြိုတင်ခန့်မှန်းရေး model များမှ ခန့်မှန်းချက်အတိုင်း၊ ဇွန်လ ၃ ရက်နေ့မှာ စတင်ပြီး မကွေးတိုင်းအတွင်းကဒေသအတော်များများမှာ နေသာချိန်ပိုလာတာ၊ မိုးရွာနှုန်းလျော့ကျလာတာတွေ တွေ့နေရပါပြီ။ ဇွန်လ ၄ ရက်နောက်ပိုင်းမှာလဲ အခုရက်သတ္တပါတ် ၁ ပါတ်အတွင်းမှာ မိုးအားလျော့နည်းနေမယ်၊ မိုးရွာရင် မိုးဖွဲလောက်သာကျတာများနိုင်ပါမယ်။ အများအားဖြင့် မွန်းလွဲ/ညနေပိုင်းအချိန်တွေနဲ့ မနက်အစောပိုင်းအချိန်တွေမှာ မိုးဖွဲဖွဲရွာနိုင်ပါမယ်။ - ဇွန်လ ၁၀ ရက်နောက်ပိုင်းမှာတော့ ဘင်္ဂလားပင်လယ်အော်အနောက်အလယ်ပိုင်းမှာ ဖြစ်လာနိုင်မယ်လို့ ကြိုတင်ခန့်မှန်းထားတဲ့ လေပွေလှိုင်းကြောင့် မိုးပြန်ရွာလာနိုင်ပါဦးမယ်။ - မကွေးတိုင်းရဲ့ အပူချိန်တွေကတော့ ဒီတပတ်အတွင်းမှာ အမြင့်ဆုံးနေ့အပူချိန် ၃၂°C အထိရှိနေနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၂၅°C အထိ ရှိနိုင်ပါတယ်။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး/ပုစွန် ကန်များအတွက်အကြံပြုချက် - ငါးကန်ရေတွင် ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကိုထိန်းထားခြင်း အကြောင်းကို ဖော်ပြပေးလိုက်ပါသည်။ - ငါးကန်ရေတွင်ပျော်ဝင်နေသောအောက်စီဂျင်ပမာဏ (Dissolved Oxygen Level) ကို အမြဲတမ်း 5ppmအထက်မှာ ထိန်းထားရပါမယ်။ အဲ့ဒါမှ ရောဂါဖြစ်စေသောဘက်တီးရီးယား (Pathogenic Bacteria) ပေါက်ပွားမှုနည်းပါမည်။ ငါးများအတွက် လိုအပ်သောအောက်စီဂျင်ပမာဏရမှသာ ငါးများတွင် ဖိစီးမှု (Stress)မရှိပဲ ကိုယ်ခံအား (Immunity)ကောင်းပြီး ရောဂါဒဏ်ပိုမို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ - (3ppm) ရှိလျှင် ငါးများအသက်ရှူနိုင်သော ပျော်ဝင်အောက်စီဂျင်ရှိသော်လည်း ကန်ရေအရည်အသွေးနှင့် ရာသီဥတု အပူချိန်ကြောင့် ပျော်ဝင်အောက်စီဂျင် (DO) သည် (3ppm)အောက်ကျရောက်ပြီး ငါးများအတွက် အသက်ရှူ မဝဖြစ်စေပြီး သေဆုံးတတ်ပါသည်။ - ကန်ရေ၏ အတိမ်အနက်သည် ကန်အတွင်း ပျော်ဝင်အောက်စီဂျင်ပြန့်နှံ့စေခြင်းကို ဖြစ်စေပါသည်။ အပူပိုင်း ဇုံ တွင် မွေးမြူသော ငါးများအတွက် ကန်ရေအနက်သည် (၅)ပေမှ (၆)ပေခွဲ ထားရှိရပါမည်။ ပုစွန်ကန်များအတွက် ကန်ရေအနက်သည် (၄)ပေ မှ (၆)ပေအထိထားရှိရပါမည်။ - ------------------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
