ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီစျေးကွက် သုံးသပ်ချက်
- ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၆၀၀/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၅၀၀/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၄၀၀/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၉၅၀/-ကျပ်အထိလည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။ - ၂၀၂၅ ခုနှစ်၊ ဧပြီလနှင့် မေလ နှိုင်းယှဉ်ခြင်း - ၂၀၂၅ ခုနှစ်၊ မေလ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ( ဧပြီလ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် အမျိုးအစားအားလုံးနီးပါးစျေးကျလာတာတွေ့ရပါတယ်။ ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၁၉/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၅၃/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၄၆/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၆၁/-ကျပ် နီးပါး ကျဆင်းလာတာကို တွေ့ရပါတယ်။ - ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း - ၂၀၂၅ ခုနှစ် မေလ ပထမပတ် အထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) ၏ ဇန်နဝါရီလ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၇၂/-ကျပ်၊ ဖေဖော်ဝါရီ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၀၅/-ကျပ်နှင့် မတ်လတွင် ၂၀၃၆/- ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၈၀၀/ကျပ် နှင့် မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၆၈၀/ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။ - ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၀၆/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၈၈/- ကျပ်၊ မတ်လတွင် ၂၀၆၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၇၃၄/ကျပ် နှင့် မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၅၈၀/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။ - ဆိပ်ဖြူလတ်သန့် ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၆၇၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၀၂/- ကျပ်၊ မတ်လတွင် ၁၉၉၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၆၂၀/ကျပ် နှင့် မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၄၇၄/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။ - ဆိပ်ဖြူလတ်ချော ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၈၂၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၁၂/- ကျပ်၊ မတ်လတွင် ၁၄၃၉/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၁၃၄/ကျပ် နှင့် မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၉၇၄/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။ - ဈေးကွက် သုံးသပ် ခန့်မှန်းချက် - စားဖိုဆောင်သီးနှံ ကြက်သွန်နီ၏ တစ်ပိဿာ စျေးနှုန်းများကို သုံးသပ်ကြည့်ပါက စျေး ပထမငါးလအတွင်း စျေးက တဖြေးဖြေး နဲ့ ကျလာတာတွေ့ရပါတယ်။ ကြက်သွန်နီကို ပြည်ပနိုင်ငံအချို့က ဝယ်ယူမှုရှိလာတဲ့အခြေအနေတွေကြောင့် ပြည်တွင်းစျေးကွက်မှာ အရည်အသွေးကောင်းတဲ့ ကြက်သွန်တွေ စျေးကွက်မြင့်တက်လာနိုင်ပြီး ဇွန်လကုန်လောက် မှသာ စျေးကွက်ပြန်လည်မြင့်တက်လာနိုင်ကြောင်း ကုန်သည်တွေခန့်မှန်းထားပါတယ်။ - ကျေးဇူးတင်ပါတယ်ခင်ဗျာ။ - ထွက်တိုး - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 
 
 
 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
