မန္တလေးတိုင်း ဇွန်လ ၆ ရက် မှ ဇွန်လ ၁၂ ရက်အထိ မိုးလေဝသအခြေအနေ
- ၂၄ နာရီအတွင်း ရွာသွန်းရရှိနိုင်မဲ့ မိုးရေချိန်တွေကတော့ ၂၀ မီလီမီတာ(၀.၈ လက်မခန့်)ထက် မကျော်နိုင်ပါ။ - တောင်ဘက်မှ လေတိုက်နှုန်း တစ်နာရီ ၁၅ မိုင်ခန့်အထိတိုက်နိုင်ပြီး၊ ဇွန်လ ၁၁ ရက်နေ့အထိ နေ့အပူချိန်များ ၃၄°C အထိမြင့်တက်နေနိုင်ကာ ဇွန် ၁၂ ရက်ကျော်မှ နေ့အမြင့်ဆုံးအပူချိန်များ ပြန်လည်ကျဆင်းလာနိုင်ပါတယ်။ - ၄ ရက် မိုးလေဝသအခြေအနေကြိုတင်ခန့်မှန်းချက်တွေကိုကြည့်ပြီး မိမိဒေသအတွင်းမှာဖြစ်ပေါ်လာနိုင်တဲ့ လေ/မိုးအခြေအနေကို ကိုယ်တိုင်သိရှိတွက်ဆနိုင်အောင် ကြိုးစားလေ့လာကြစေချင်ပါတယ် - https://www.mmweather.org/divisional-cities-weather/mandalay-div - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - မန္တလေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်တောင်သူများအတွက် စိုက်ပျိုးရေးအကြံပေးချက် - မန္တလေးတိုင်းဒေသကြီးအတွင်း ငရုတ်စိုက်တောင်သူများအနေဖြင့် မိုးအဆက်မပြတ်ရွာသွန်းခြင်း၊ အစိုဓာတ်မြင့်မားခြင်း နှင့် အပူချိန်မြင့်မားခြင်းတွေကြောင့် ငရုတ်ဖလံဖြူရောဂါ (ကိုင်းဖျားခြောက် ရောဂါ) ဖြစ်ပေါ်စေနိုင်၍ အထူးဂရုစိုက်ပေးရန်လိုအပ်ပါသည်။ ၎င်းရောဂါကျရောက်ပါက အရွက်၊ အသီး၊ အပွင့် တွေမှာ ရေစိုနာ ကွက်တွေဖြစ်လာပြီး ခြောက်သွားခြင်း၊ ပင်စည်ပေါ်တွင် အညိုရောင်မှ အနက်ရောင် အကွက်တွေဖြစ်ကာ ကိုင်းများခြောက်ပြီး ကျိုးကျသွားခြင်းတို့ ဖြစ်ပါတယ်။ ကာကွယ်နှိမ်နင်းနည်းလမ်းများမှာ - - Nitrogen (N) မြေသြဇာ အလွန်အကျွံသုံးခြင်းမှရှောင်ကြဥ်ပါ။
- Potash (K) အချိုးမြင့်သော မြေသြဇာကို ကျွေးပေးပါ။
- ပေါင်းပင်များသည်ရောဂါလက်ခံပင်ဖြစ်နိုင်သဖြင့် ပေါင်းများရှင်းပေးပါ။
- ရေကိုလိုတာထက်ပိုမသွင်းရ၊ ရောဂါဖြစ်နေချိန်မှာ ရေမသွင်းပေးရပါ။
- ဓာတုဆေးများအနေဖြင့် Azoxystrobin ၊Trifloxystrobin ၊ Difenoconazole၊ Tebuconazole ကဲ့သို့သော မှိုသတ်ဆေးများဖျန်းပေးပါ။
 - ငါး/ပုစွန်ကန်များအတွက်အကြံပြုချက် - ငါးမွေးကန်များနောက်ကျိရခြင်းသည် ရေထဲတွင် အမှုန်အမွှားများပြားခြင်းကြောင့် ဖြစ်ပါသည်။ အထူးသဖြင့် မိုးရာသီတွင် ရွှံ့ ၊နှုံးမြေများကို မိုးရေတိုက်စားပြီး ကန်အတွင်း ကျရောက်သဖြင့် ရေနောက်ကျိခြင်း ပိုမိုများပြားစေပါသည်။ - ကန်ရေနောက်ကျိနေခြင်းကြောင့် နေအပူချိန် နှင့်အလင်းရောင်သည် ကန်မျက်နှာပြင်မှ အောက်သို့ထိုးဖောက်ဝင်ရောက်မှု နည်းပါးသောကြောင့် အပင်မျှောလှေးနှင့် အကောင်မျှောလှေး ပေါက်ဖွားခြင်းကို လျှော့နည်းစေသည့် အပြင်၊ ကန်အတွင်း အောက်စီဂျင်ပျော်ဝင်မှု ဖြစ်စဉ်လည်းကျ ဆင်းလာသည်ကိုတွေ့ရှိရပါသည်။ - ကန်အတွင်းအနယ်အနှစ်များပြားသဖြင့် ငါးများ၏ပါးဟက် ပိတ်ဆို့စေသည်။ ပါးဟက်၏သွေးကြောမျှင်ကလေးများက ရေထဲရှိ ပျော်ဝင်အောက်စီဂျင်ကို စုပ်ယူအသက်ရှူခြင်းလုပ်ငန်းကို ဆောင်ရွက်ရသဖြင့် အသက်ရှူခြင်းကိုလည်း ရေနောက်ကျိခြင်းက တိုက်ရိုက်ထိခိုက်စေပါသည်။ - -------- - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
