cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီစျေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ပြည်တွင်းကြက်သွန်နီစျေးကွက်က အကျစျေး မှာပဲဆက်ရှိနေပြီး စျေးကွက်အေးနေရခြင်းမှာ ပြည်ပတင်ပို့မှုမရှိနည်းနေခြင်းကြောင့်လည်းကောင်း၊ FOB စျေးလည်းကျလာတာကြောင့်လဲ ဖြစ်နိုင်ကြောင်း ပွဲရုံတွေက သုံးသပ်ထားကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။
  • ရန်ကုန်ဈေးကွက်ရှိ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၆၀၀/-ကျပ်၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၅၀၀/-ကျပ်၊ ဆိပ်ဖြူလတ်သန့် စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၄၀၀/-ကျပ်၊ ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၈၅၀/-ကျပ်အထိလည်းကောင်း၊ အသီးသီးဈေးပေါက်နေပါတယ်။  

    ၂၀၂၅ ခုနှစ်၊ ဇွန်လနှင့် ဇူလိုင်လ နှိုင်းယှဉ်ခြင်း  

    ၂၀၂၅ ခုနှစ်၊ မေလ ကြက်သွန်နီ ပျမ်းမျှဈေးနှုန်းကို ယခင်လ ( ဇွန်လ) ပျမ်းမျှဈေးနှုန်းနှင့် နှိုင်းယှဉ်သော် အမျိုးအစားအားလုံးနီးပါးစျေးငြိမ်နေပြီး စျေးအပြောင်းအလဲကတော့ တော်တော်နည်းတာ တွေ့ရပါတယ်။ ဆိပ်ဖြူရှယ်(သစ်)၊ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) စျေး နှုန်းမှာ တစ်ပိဿာလျှင် ၁၀/-ကျပ် တက်လာပြီး၊ ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ တစ်ပိဿာ လျှင် ၁၄/-ကျပ်နှုန်း တက်လာသော်လည်း ဆိပ်ဖြူလတ်ချော စျေး နှုန်းမှာ တစ်ပိဿာလျှင် ၈၈/-ကျပ် နီးပါး ကျဆင်းလာတာကို တွေ့ရပါတယ်။  

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း  

    ၂၀၂၅ ခုနှစ် ဇူလိုင်လ ပထမပတ် အထိ ပျမ်းမျှဈေးနှုန်းများကို လေ့လာသော် ဆိပ်ဖြူရှယ်(သစ်) ၏ ဇန်နဝါရီလ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၇၂/-ကျပ်၊ ဖေဖော်ဝါရီ တွင်တစ်ပိဿာ ပျမ်းမျှဈေးနှုန်းမှာ ၂၈၀၅/-ကျပ်နှင့် မတ်လတွင် ၂၀၃၆/- ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၈၀၀/ကျပ် နှင့် မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၆၈၀/ကျပ်၊ ဇွန်လတွင်တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၅၉၀/ကျပ်၊ ဇူလိုင်လတွင်တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၆၀၀/ကျပ် ဖြင့် သီးသီးဈေး ပေါက်နေပါတယ်။  

    ဆိပ်ဖြူလတ်ကြီး ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၉၀၆/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၈၈/- ကျပ်၊ မတ်လတွင် ၂၀၆၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၇၃၄/ကျပ် နှင့် မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၅၈၁/ကျပ်၊ ဇွန်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၄၈၆/ကျပ်၊ဇူလိုင်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၅၀၀/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။  

    ဆိပ်ဖြူလတ်သန့် ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၂၆၇၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၂၇၀၂/- ကျပ်၊ မတ်လတွင် ၁၉၉၆/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၆၂၀/ကျပ် နှင့် မေလတွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၄၇၄/ကျပ်၊ ဇွန်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၃၉၀/ကျပ်၊ဇူလိုင်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၁၄၀၀/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။  

    ဆိပ်ဖြူလတ်ချော ပျမ်းမျှဈေးနှုန်းမှာ ဇန်နဝါရီလ တွင် တစ်ပိဿာ လျှင် ၁၈၂၂/- ကျပ်၊ ဖေဖော်ဝါရီလ တွင် တစ်ပိဿာ လျှင် ၁၉၁၂/- ကျပ်၊ မတ်လတွင် ၁၄၃၉/-ကျပ်၊ ဧပြီလတွင် တစ်ပိဿာ ပျမ်းမျှစျေးနှုန်းမှာ ၁၁၃၄/ကျပ် နှင့် မေလ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၉၇၄/ကျပ်၊ ဇွန်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၉၁၉/ကျပ်၊ဇူလိုင်လ တွင် တစ်ပိဿာ ပျှမ်းမျှစျေးနှုန်းမှာ ၈၁၃/ကျပ် ဖြင့် အသီးသီးဈေး ပေါက်နေပါတယ်။  

    ဈေးကွက် သုံးသပ် ခန့်မှန်းချက် 

    စားဖိုဆောင်သီးနှံ ကြက်သွန်နီ၏ တစ်ပိသာ စျေးနှုန်းများကို သုံးသပ်ကြည့်ပါက ပထမ ခြောက်လအတွင်း စျေးက တဖြေးဖြေး နဲ့ ကျလာတာတွေ့ရပါတယ်။ ပြည်တွင်းကြက်သွန်နီစျေးကွက်က အကျစျေး မှာပဲဆက်ရှိနေပြီး စျေးကွက်အေးနေရခြင်းမှာ ပြည်ပတင်ပို့မှုမရှိနည်းနေခြင်းကြောင့် လည်းကောင်း FOB စျေးလည်းကျလာတာကြောင့်လဲ ဖြစ်နိုင်ကြောင်း ပွဲရုံတွေကသုံးသပ်ထားကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာ။ 

    ကျေးဇူးတင်ပါတယ်ခင်ဗျာ။  

    ထွက်တိုး  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 


  • article
likes
2
comments
1
views
2557
cover
cover
cover
cover
cover