ပဲခူးတိုင်း တစ်ပတ်စာမိုးလေဝသခန့်မှန်းချက်နှင့် မွေးမြူရေးအကြံပြုချက်
- ဘင်္ဂလားပင်လယ်အော်မြောက်ပိုင်းမှာ လေဖိအားနည်းရပ်ဝန်းတစ်ခုဖြစ်ပေါ်လာနိုင်ကြောင်း အိန္ဒိယမိုးလေဝသဌာနထုတ်ပြန်ချက်က ၂၃ ရက်နေ့မှာ အရှေ့ဘက်မှ စတင်ဝင်ရောက်လာနိုင်သော တိုင်ဖွန်းမုန်တိုင်း WIPHA အကြွင်းအကျန်တိမ်တိုက်များနှင့် လေပွေလှိုင်းတို့ မြန်မာနိုင်ငံအရှေ့ဘက်မှဝင်ရောက်လာပြီး မိုးသည်းထန်နိုင်၊ မိုးနိုင်မည့်အချိန်ဖြစ်ပါသည်။ ဇူလိုင် ၂၃-၂၄ ရက်နေ့မှ ဇူလိုင် ၂၇ ရက်အထိဆက်လက်ရှိနေမည့် ဒီရေတက်ရက်(ရေထရက်)နှင့်လည်း တိုက်ဆိုင်နေလျှက်ရှိသောကြောင့် မိုးသည်းထန်ချိန်/မိုးများချိန်နှင့် ရေတက်ချိန်တိုက်ဆိုင်ပါက ဒီရေတောင့်ခံပြီးရေကြီးနိုင်ချေပိုမိုများလာနိုင်မည်ကို ဦးစွာသတိပြုရမှာဖြစ်ပါတယ်။ - ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှ သုံးဆယ်၊ သာယာဝတီ၊ လက်ပံတန်းနှင့် မင်းလှမြို့နယ်များအထိ ၇ ရက်အတွင်း မိုးရေချိန် ၃ လက်မအထက် ၅ လက်မအထက်အထိရရှိနိုင်ပြီး၊ ပဲခူးရိုးမတောင်ကြောင်း အနောက်ခြမ်းဧရိယာတလျှောက်မိုးရေချိန်ရရှိနိုင်ချေ များပါမယ်။ နတ်တလင်း၊ ပေါင်းတည်၊ ပြည်နှင့် အနောက်မြောက်ဘက်ဒေသများအားလုံးတွင် ၇ ရက်အတွင်းမိုးရေချိန်ရရှိမှု ၁ လက်မ ဝန်းကျင်ခန့်သာရှိပြီး မိုးနည်းနေနိုင်ပါမယ်။ - ပဲခူးတိုင်းအရှေ့ခြမ်းတစ်ခုလုံးတောင်ဘက် မုတ္တမကွေ့ပင်လယ်ကမ်းခြေမှ မြောက်ဘက်မန္တလေး(နေပြည်တော်)နယ်စပ်အထိ ၇ ရက်အတွင်း ရွာသွန်းရရှိနိုင်သည့် မိုးရေချိန် ၄ လက်မအထက်မှ ၁၅ လက်မအထိ ရရှိနိုင်ပါတယ်။ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း၊ ကျောက်ကြီးမြို့အရှေ့ဘက်၊ မူသဲချောင်းဖျားဒေသနှင့် ရွှေကျင်ဆည်ဧရိယာ၊ ပန်းတဉ်းတောင်တဝိုက်မှာ ဇူလိုင်လ လကုန်ရက်များအထိ နေ့စဉ်ပျမ်းမျှမိုးရေချိန် ၂ လက်မခန့်ရွာသွန်းရရှိနိုင်ပြီး၊ ဇူလိုင် ၂၄ ရက်နေ့မှာ ၄.၃၇ လက်မအထိ မိုးရေချိန်ရရှိနိုင်/မိုးသည်းထန်ပြီး မိုးများနိုင်ပါမယ်။ - ပဲခူးတိုင်းအရှေ့ခြမ်းဒေသများတွင် တောင်ဘက်မှလေတိုက်နှုန်း တစ်နာရီ ၃၅ မိုင်အထက်၊ ၄၀ မိုင်နှုန်းခန့်အထိရှိနိုင်ပြီး ပဲခူးတိုင်းအနောက်ဘက်ခြမ်းမှာလည်း တောင်ဘက်အရပ်မှ လေတိုက်နှုန်း တနာရီ မိုင် ၃၀ ခန့်အထိ ရှိနိုင်ပါတယ်။ - ယခုတစ်ပတ်အတွင်း ပဲခူးတိုင်းရဲ့ အမြင့်ဆုံးနေ့အပူချိန် ၃၁°C ရှိနိုင်ပြီး၊ အနိမ့်ဆုံးညအပူချိန် ၂၆°C ရှိနိုင်ကာ Apparent Temperature(ခံစားရသည့်အပူချိန်) ၃၇°C - ၃၈°C ရှိနိုင်ပါတယ်။ ပျမ်းမျှလေထုစိုထိုင်းဆ ၉၀% မှ ၁၀၀%အတွင်း ရှိနေပြီး လေထုညစ်ညမ်းမှုအညွှန်းကိန်းမြင့်မားခြင်းလည်းမရှိပါ။ - Win Naing - Administration Team, - MMWEATHER, - https://www.mmweather.org/home - ငါး၊ ပုစွန်ကန်များအတွက် အကြံပြုချက် - ရေ၏ချဉ်ဖန်နှုန်းကို တိုင်းတာပြီး pH ၅.၅ သို့ရောက်ရှိနေပါက တစ်ဧကလျှင် ထုံး ၁၅ မှ ၂၀ပိဿာအထိ ထည့်သွင်းပေးရန် အကြံပြုအပ်ပါသည်။ မိုးအုံ့သော/ မိုးရွာသောအချိန်များတွင် အစာကျွေးခြင်း မပြုလုပ်ရန် အကြံပြုပါသည်။ အစာကျွေးပါကလည်း ယခင်ကျွေးသောနှုန်းထက် အနည်းဆုံး ၂၀ ရာခိုင်နှုန်း လျှော့ကျွေးပေးပါရန် အကြံပြုအပ်ပါသည်။ - ယခုနှစ်ရာသီသည် မိုးများနိုင်သဖြင့် ငါးမွေးကန်ဘောင်များအား မြှင့်ထားရန်လိုအပ်ပါသည်။ ငါး မွေးကန်၏ ဘောင်ထိပ်မှ (၆)လက်မအကွာအောက်တွင် ရေလျှံပေါက်များ ကြိုတင်တပ်ဆင်ထားရှိရန် အကြံပြုအပ်ပါသည်။ ကန်ဘောင်ပေါ်မှ ရေလျှံထွက်ခြင်း နှင့် ပြင်ပမှ ရေကျော်ဝင်ခြင်းများ ဟန့်တားရန် သဲအိတ်များကို စီချထားသင့်သည်။ ကန်ပတ်ပတ်တွင် အမြင့် (၄)ပေရှိ ပိုက်စိမ်းများကို ခိုင်ခံ့စွာ ကာရန်ပေးထားခြင်းဖြင့် သဘာဝဘေးကိုကြိုတင်ကာကွယ်နိုင်ပါသည်။ - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလိ - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
