cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ ပဲတီစိမ်း ဈေးနှုန်း သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ရန်ကုန်ဈေးကွက်ရှိ ပဲတီးစိမ်း ဈေးနှုန်းများ ယခင်လထက် အနည်းငယ်စျေးတက်လာတာတွေ့ရပါတယ်။ ပဲတီစိမ်းကပြည်ပ၀ယ်လိုအား နှင့် ပြည်တွင်းရောင်းအားရှိသော သီးနှံဖြစ်ပါသည်။ ဇွန်လကုန်နှင့် ဇူလိုင်လ ဆန်းပိုင်းတွင် အဝင်နည်းသောကြောင့် စျေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် ဈေးငြိမ်နေကြောင်း သုံးသပ်ရပါတယ်။
  • ရန်ကုန်ဈေးကွက်ရှိ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ပဲတီစိမ်း(ပဲခူးရွှေဝါ) နှင့် ပဲတီစိမ်း(ဝါးခယ်မ) တို့၏ တစ်ပိဿာစျေးနှုန်းများကို လေ့လာ သော် ဇူလိုင်လ ၂၄ ရက်နေ့ ပေါက်စျေးအရ ပဲတီစိမ်း(ခရမ်းရွှေဝါ) နှင့် ပဲတီစိမ်း(ပဲခူးရွှေဝါ) စျေးနှုန်းတို့မှာ ၇၃၃၀ ကျပ် ဝန်းကျင်စျေးပေါက်နေပြီး၊ ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) ဈေးနှုန်းမှာ ၆၃၃၀ ကျပ်မှ ၈၃၅၀ ကျပ် ဝန်းကျင် ဖြင့် အသီးသီးဈေးပေါက်နေပါတယ်။  

    ယခင်လ (ဇွန်လ)နဲ့ ယခုလ (ဇူလိုင်လ) နှိုင်းယှဉ်ချက်  

    ၂၀၂၅ ခုနှစ်၊ ဇွန်လ နှင့် ဇူလိုင်လ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့် မယ်ဆိုရင် ယခုလ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ နှင့် ပဲတီစိမ်း(ပဲခူးရွှေဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လထက် ၈၂၀ ကျပ် တက်တာကို တွေ့ရပါတယ်။ ထို့အတူ ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းလည်း ယခင်လ ထက် ၁၅၄၉/-ကျပ် နီးပါး တက်သွားပါတယ်။  

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ ဇူလိုင်လ အစ အထိ ပဲတီစိမ်း ပျှမ်းမျှစျေး နှုန်းများကို လေ့လာသော် ပဲတီစိမ်း(ခရမ်းရွှေဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ၅,၅၄၄/ကျပ်၊ ဖေဖော်ဝါရီတွင် ၅,၅၃၄- ကျပ်၊ မတ်လတွင် ၅,၅၃၅/-ကျပ်၊ ဧပြီလတွင် ၅,၉၉၄/-ကျပ်၊ မေလတွင် ၇,၀၂၆/ကျပ်၊ ဇွန်လ တွင် ၆,၅၁၀/ကျပ်၊ဇူလိုင်လ အစတွင် ၇,၃၃၀/ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။  

    ပဲတီစိမ်း(ပဲခူးရွှေဝါ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ၅,၄၈၂/ကျပ်၊ ဖေဖော်ဝါရီတွင် ၅,၅၃၄- ကျပ်၊ မတ်လတွင် ၅,၅၃၅/-ကျပ်၊ ဧပြီလတွင် ၅,၉၉၄/-ကျပ်၊မေလတွင် ၇,၀၂၆/ကျပ်၊ ဇွန်လ တွင် ၆,၅၁၀/ကျပ်၊ဇူလိုင်လ အစတွင် ၇,၃၃၀/ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။  

    ပဲတီစိမ်း(ဝါးခယ်မ)(အက်ဖ်အေကျူ၊အက်စ်ကျူ) တစ်ပိဿာလျှင် ပျမ်းမျှဈေးနှုန်းများမှာ ဇန်နဝါရီလ တွင် ၅,၆၀၆/ကျပ်၊ ဖေဖော်ဝါရီတွင် ၅,၆၆၈- ကျပ်၊ မတ်လတွင် ၅,၆၅၄/-ကျပ်၊ ဧပြီလတွင် ၆,၁၂၆/-ကျပ်၊မေလတွင် ၇,၄၇၅/ကျပ်၊ ဇွန်လ တွင် ၆,၈၀၁/ကျပ်၊ဇူလိုင်လ အစတွင် ၈၃၅၀/ကျပ် ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။  

    သုံးသပ်ခန့်မှန်းချက် 

    ရန်ကုန်ဈေးကွက်ရှိ ပဲတီးစိမ်း ဈေးနှုန်းများ ယခင်လထက် အနည်းငယ်စျေးတက်လာတာတွေ့ရပါတယ်။ ပဲတီစိမ်းကပြည်ပ၀ယ်လိုအား နှင့် ပြည်တွင်းရောင်းအားရှိသော သီးနှံဖြစ်ပါသည်။ ဇွန်လကုန်နှင့် ဇူလိုင်လ ဆန်းပိုင်းတွင် အဝင်နည်းသောကြောင့် စျေးနှုန်းအနည်းငယ် မြင့်တက်ခဲ့ပြီး ယခုရက်သတ္တပတ်တွင် ဈေးငြိမ်နေကြောင်း သုံးသပ်ရပါတယ်။ 

    ထွက်တိုး  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
  • article
  • article
  • article
likes
6
comments
1
views
2414
cover
cover
cover
cover
cover