cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ရန်ကုန်၊ ဘုရင့်နောင်ဈေးကွက်ရှိ မတ်ပဲစျေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
ရန်ကုန်၊ ဘုရင့်နောင် ဈေးကွက်ရှိ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ)နှင့် မတ်ပဲ(အက်စ်ကျူ၊အာစီ) တို့၏ တစ်တန်စျေးနှုန်းများကို လေ့လာသော် ဇူလိုင်လ ၃၁ ရက်နေ့ ပေါက်စျေးအရ ၃၀၂၅၀၀၀ ကျပ်၊ ၃၃၄၅၀၀၀ ကျပ် ဖြင့် ပေါက်စျေးအသီးသီး စျေးပေါက်နေပါတယ်။
  • ယခင်လ (ဇွန်လ)နဲ့ ယခုလ (ဇူလိုင်လ) နှိုင်းယှဉ်ချက်  

    ၂၀၂၅ ခုနှစ်၊ ဇွန်လ နှင့် ဇူလိုင်လ ဈေးနှုန်းများကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ယခုလ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) တစ်တန်လျှင် ပျမ်းမျှဈေးနှုန်းများမှာ ယခင်လထက်၂၉၀၀၀ ကျပ်ဝန်းကျင် ကျလာတာကို တွေ့ရပါတယ်။ သို့ပေမယ့် မတ်ပဲ(အက်စ်ကျူ၊အာစီ) တစ်တန်လျှင် ပျမ်းမျှဈေးနှုန်း ယခင်လ ထက် ၁၀၀၀၀ ကျပ် ဝန်းကျင် တက်လာပါတယ်။  

    ၂၀၂၅ ခုနှစ် လအလိုက်သုံးသပ်ခြင်း 

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ ဇူလိုင်လ အထိ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) တစ်တန်စျေးနှုန်းကို လေ့လာသော်  ဇန်နဝါရီလ ၃၀၄၃၀၀၀ကျပ်၊ ဖေဖော်ဝါရီတွင်၂၉၅၇၇၈၉ ကျပ်၊ မတ်လတွင် ၃၀၁၈၁၀၅ကျပ်၊ ဧပြီလတွင် ၃၀၄၀၃၄၃ကျပ်၊ မေလတွင် ၃၀၁၉၆၁၉ကျပ်၊ ဇွန်လတွင်၂၉၈၈,၀၄၈ ကျပ် ၊ ဇူလိုင်လတွင် ၃၀၀၀၅၆၅ ကျပ်ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။  

    ၂၀၂၅ ခုနှစ်၊ နှစ်စမှ လက်ရှိ ဇူလိုင်လ အထိ မတ်ပဲ(အက်စ်ကျူ၊အာစီ)  တစ်တန်စျေးနှုန်းကို လေ့လာသော်  ဇန်နဝါရီလ ၃၃၈၅၂၂၂ကျပ်၊ ဖေဖော်ဝါရီတွင် ၃၁၀၉၅၄၂ကျပ်၊ မတ်လတွင်  ၃၃၂၀၆၃၁ကျပ်၊ ဧပြီလတွင် ၃၃၅၁၀၉၃ ကျပ်၊ မေလတွင်  ၃၂၆၂၈၈၀ကျပ်၊ ဇွန်လတွင် ၃၃၀၂၈၁၀ကျပ်၊ ဇူလိုင်လတွင် ၃၃၁၇၂၆၁ ကျပ်ဖြင့် အသီးသီး ဈေးပေါက်ခဲ့ပါတယ်။ 

    သုံးသပ်ခန့်မှန်းချက် 

    နှစ်အစမှာ မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) တစ်တန်စျေး သိန်း ၃၀ကျပ်အကျော်မှာ ရှိနေပြီး နောက်လများမှာ အနည်းငယ်ပြန်ကျလာတာကို တွေ့ရပါတယ်။ ဇူလိုင်လ ၂၂ရက်နေ့က တစ်တန်ကို ၂၉၉၃၀၀၀ ကျပ် ထိ ကျဆင်းသွားခဲ့ခြင်းဖြစ်ပြီး ၃၁ ရက်နေ့မှာ တစ်တန်ကို ၃၀၂၅၀၀၀ ကျပ်အထိ ပြန်တက်လာတာကို တွေ့ရသဖြင့် ယခုလမှာ စျေးအနည်းငယ်ပြန်လှုပ်လာပါတယ်။  အိန္ဒိယအစိုးရ အနေနဲ့ မတ်ပဲ လွတ်လပ်စွာ တင်သွင်းခွင့်ကို ၂၀၂၆ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ သက်တမ်းတိုးထားပါတယ်။ မြန်မာနိုင်ငံ မှ ပဲများကို အိန္ဒိယနိုင်ငံသို့ ၇၅ ရာခိုင်နှုန်းထိ တင်ပို့နေပြီး သီရိလင်္ကာ၊ နီပေါ၊ မလေးရှား၊ ထိုင်းနဲ့ UAE နိုင်ငံများ ကိုလည်း ပဲမျိုးစုံ တင်ပို့နေကြောင်းသိရပါတယ်။  

    ======== 

    ထွက်တိုး  

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. 

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437  


  • article
likes
6
comments
0
views
2593
cover
cover
cover
cover
cover