cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

တစ်ပတ်အတွင်း သီးနှံဈေးကွက် သုံးသပ်ချက်

. ဈေးကွက်သုံးသပ်ချက်
မတ်ပဲစျေးတက်ပြီး ပဲစင်းငုံစျေးပြန်အေး ၊ စားတော်ပဲနဲ့ ပဲကြီး စျေးဆက်တိုက်တက်လာ
  • မတ်ပဲ

    မတ်ပဲကတော့ အခုတစ်ပတ်မှာလည်း စျေးတန်းအနည်းငယ် ထပ်တက်လာပြီး တစ်တန်ကို သိန်း ၃၀ အထက်ကို​မှာပဲ ဆက်ရှိနေ ပါတယ်။ အရင်နှစ်စျေးကွက်အရကြည့်မယ်ဆိုရင် ဇူလိုင်လကုန်လောက် ကနေစပြီး စျေးဆက်တိုက်မြင့်တက်လေ့ရှိပါတယ်။ ပဲလက်ကျန်နည်းလာတာနဲ့အမျှ အိန္ဒိယဘက်

    ဝယ်လိုအားအပေါ်လိုက်ပြီး စျေးတန်းက မြင့်တက်လာတာဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာ တနင်္လာမှ သောကြာနေ့အတွင်း ၃၀၀၉၀၀၀ မှ ၃၀၃၀၀၀၀ ကျပ်အတွင်း စျေးတန်းရှိပါတယ်။

    အရင်တစ်ပတ်က မတ်ပဲ FAQ တစ်တန်ကို တနင်္လာ မှ သောကြာနေ့အတွင်း ၂၉၉၀၀၀၀ မှ ၃၀၂၁၀၀၀ ကျပ်ရှိခဲ့တာကြောင့် ခုတစ်ပတ်မှာ တစ်တန်ကို ၁၀၀၀၀ ကျော်လောက်ထပ်တက်လာ ပါတယ်။

    ပဲစင်းငုံ

    ပဲစင်းငုံကတော့ အခုတစ်ပတ်မှာ စျေးတန်းအေးပါတယ်။တစ်တန်ကို ထောင်ဂဏန်းလောက်သာ ကျရိပ်ပြပါတယ်။ နယ်စျေးကွက်မှာတော့ ပဲစဥ်းငုံ တစ်တင်းကို ၈၀၀၀၀ ကျော်နဲ့ အရောင်းအဝယ် ဖြစ်နေပါတယ်။ ပစ္စည်းလက်ကျန်ကတော့ နည်းလာနေပါတယ်။ ပဲစင်းငုံကလည်း အိန္ဒိယဝယ်လိုအား ပေါ်လိုက်ပြီး စျေးတန်း အတက်အကျ ပြောင်းလဲမှုရှိနေတာ ဖြစ်ပါတယ်။

    ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၈၀၀၀၀၀ မှ ၂၈၁၈၀၀၀ ကျပ်ရှိပါတယ်။

    အရင်တစ်ပတ်တုန်းက တနင်္လာကနေ သောကြာနေ့အတွင်း ပဲစင်းငုံနီတစ်တန်ကို ၂၇၉၈၀၀၀ မှ ၂၈၂၀၀၀၀ ကျပ်ရှိခဲ့တာကြောင့် ၂၀၀၀ လောက်စျေးကျပါတယ်။

    ပဲကြီး

    ပြည်တွင်းသုံးပဲဖြစ်တဲ့ ပဲကြီးက ပြည်တွင်း စျေးကွက်မှာ ဝယ်လိုအားရှိပြီး ကုန်ပစ္စည်းအဝင်နည်းတာကြောင့် စျေးနှုန်းမြင့်တက်လာနေတယ်လို့ သိရပါတယ်။ လက်ရှိမှာ ပဲကြီးကို ရန်ကုန်မှ ကုန်သည်ဝယ်လက်ရှိခြင်း၊ အကြော်လှော်လုပ်ငန်းသမားများ ဝယ်ယူမှုရှိပြီး ဆောင်းပဲလက်ကျန်က နည်းလာတဲ့အပြင် မိုးပဲကလည်း စျေးကွက်အတွင်း မဝင်သေးတာကြောင့် စျေးတန်းမြင့်လာတာဖြစ်တယ်လို့သိရပါတယ်။

    မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာဆိုရင် ပဲကြီး (ကြီး ) က ၅၅.၂၅ ပိဿာကို ၃၈၀၀၀၀ ကျပ်မှ ၄၀၀၀၀၀ ကျပ်၊ ပဲကြီး (လတ်) ၃၅၀၀၀၀ မှ ၃၆၀၀၀၀ ကျပ်၊ ပဲကြီး (သေး)က ၃၀၀၀၀၀ မှ ၃၁၀၀၀၀ ကျပ်စျေးတန်းရှိလာတယ်လို့သိရပါတယ်။

    စားတော်ပဲ

    စားတော်ပဲကလည်း စျေးတန်းဆက်တိုက်မြင့်လာပါတယ်။ စားတော်ပဲ(ကျွန်း)က အထွက်နှုန်းနည်းပြီး လက်ကျန်နည်းတာကြောင့် စျေးကွက်အတွင်း ကုန်ပစ္စည်းအဝင်နည်းလာခြင်း ၊ စားတော်ပဲ (ယူကရိန်း)ကလည်း ပစ္စည်းအဝင်မရှိခြင်းကြောင့် ရောင်းလိုအားနဲ့ဝယ်လိုအား မျှတမှုမရှိတဲ့အတွက် စားတော်ပဲ ( ကနေဒါ) နဲ့ စားတော်ပဲ ( ကျွန်း) စျေးဆက်တိုက်မြင့်တက်လာတာဖြစ်တယ်လို့ သိရပါတယ်။

    စားတော်ပဲက ပြည်တွင်းစားသုံးတဲ့ပဲဖြစ်တာကြောင့် စားသုံးမှုများပြီးဝယ်လိုအားကောင်းပါက စျေးတန်းမြင့်တက်လာတယ်လို့ သိရပါတယ်။

    မန္တလေးကုန်စည်စျေးကွက်မှာဖြစ်ပေါ်တဲ့ ပြည်တွင်း ပဲစျေးကွက်မှာ စားတော်ပဲ (ကနေဒါ) ၅၉.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်ကို ၅၅၀၀၀၀ ကျပ်အထိရှိနေသလို စားတော်ပဲ ( ကျွန်း) ကလည်း တစ်အိတ်ကို ၆၂၅၀၀၀ မှ ၆၃၀၀၀၀ ကျပ်စျေးပေါက်နေပါတယ်။

    (၂၈. ၇.၂၀၂၅ မှ ၁.၈. ၂၀၂၅) 

    AMIA

    ------   

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12   

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.   

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437


  • article
likes
4
comments
0
views
3072
cover
cover
cover
cover
cover