ပြောင်းစျေး ပြန်ကျလာ
- ထိုင်းနိုင်ငံသို့ ပြောင်း တင်ပို့ခွင့်ရသည့် နောက်ဆုံးလဖြစ်သည့် သြဂုတ်လတွင် ပြောင်းစျေး ကျဆင်းလာကြောင်း သိရပါသည်။ ဩဂုတ်လကုန်မှစ၍ မြန်မာနိုင်ငံမှ ပြောင်း အခွန်မဲ့တင်သွင်းခြင်းကို ပိတ်သိမ်းမည်ဖြစ်ပြီး လက်ရှိ ထိုင်း၀ယ်ယူဈေးဆက်တိုက်ဈေးပေးနည်းလာခြင်းမှ တဆင့် မြန်မာပြည်ဘက်ကပါ ဈေးမရတော့ခြင်းဖြစ်ကြောင်း သုံးသပ်ထားကြသည်။ - " ထိုင်းနိုင်ငံကို အခွန်ကင်းလွတ်ခွင့် နဲ့ ပြောင်းတင်းပို့လို့ရမဲ့ အချိန်က ဒီလနောက်ဆုံးပါ။ ထိုင်းက မြန်မာနိုင်ငံကို ပိတ်ပြီး အမေရိကန်က ပြောင်းကို ဩဂုတ်လကနေစတင်တင်သွင်းမယ်လို့လဲ သိရပါတယ်။ အခုက စျေးကျနေတယ် ဒေါ်လာဈေး အပြောင်းအလဲ နဲ့ မှုဝါဒပေါ်လစီ ပြောင်းလာချိန်တွင်တော့ ဈေးပြောင်းလဲမှုရှိတယ်။ '' ဟု ပြောင်းကုန်သည်တစ်ဉီးကပြောထားသည်။ - ဘုရင့်နောင်ကုန်စည်ဒိုင်စျေးကွက်မှာ ယခင်က ဇူလိုင်လ ၂၈ရက်နေ့တွင် ပြောင်း တစ်ပိဿာကို ၁၆၉၀ ကျပ် ထိရှိခဲ့ပြီး လက်ရှိ ပြောင်း တစ်ပိဿာကို ၁၆၃၀ မှ ၁၆၅၀ ကျပ် အထိ စျေးကျသွားကြောင်း တွေ့ရပါသည်။ - ယင်းအပြင် ပြောင်း FOB စျေး နှုန်း မှာ ၂၅၀ဒေါ်လာ မှ ၂၆၀ ဒေါ်လာ ပတ်ဝန်းကျင်ဖြင့် စျေးငြိမ်နေကြောင်း သိရပါသည်။ - ထိုင်းနိုင်ငံ အခွန် ကင်းလွတ်ခွင့် ပြီးသွားပါက ဗီယမ်နမ်နိုင်ငံအပြင် အခြားနိုင်ငံ အနည်းငယ်နှင့် ပြည်တွင်းတွင် တိရိစ္ဆာန်အစာချက်စက်ရုံများသို့ အဓိက အရောင်းအဝယ် ပြုလုပ်ရမည်ဖြစ်ကြောင်း ကုန်သည်အချို့က ပြောထားသည်။ သို့သော် အခြားနိင်ငံများသို့ ပြောင်းရောင်းရာတွင် ငွေ လွှဲခြင်းဆိုင်ရာ ပြဿာနာများရှိနေခြင်းကြောင့် အခက်ခဲရှိသေးကြောင်း ကုန်သည်တချို့ထံမှ သိရပါသည်။ - တောင်သူများအနေဖြင့်ယခုနှစ်မှာ သွင်းအားစုစျေးမြင့်တက်သည့်ဒဏ်ကို ကြံ့ကြံ့ခံ၍စိုက်ပျိုးခဲ့ကြခြင်း - ဖြစ်၍ စိုက်စရိတ် ယခင်နှစ်များထက် ပို၍ကုန်ကျခဲ့ကြောင်းလည်း သိရသည်။ ထိုင်းနိုင်ငံအနေဖြင့် ပြည်ပပြောင်းများကို တစ်နှစ်ပတ်လုံးဝယ်ယူခြင်း မရှိပဲ အကောက်ခွန်ကင်းလွတ်ကာလဖြစ်သည့် နှစ်စဉ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ဩဂုတ်လ ၃၁ အထိ၊ ၇ လ ပဲဝယ်ယူလျက်ရှိပြီး ယခု အခွန် ကင်းလွတ်ခွင့် တင်ပို့မှု ကာလမှာလည်း ကုန်လုနီးပါး ရှိနေပြီး ဖြစ်ကြောင်း သိရသည်။ - နှစ်စဉ် ပြည်တွင်း၌ တစ်နှစ်လျှင် ပြောင်း တန်ချိန် နှစ် ဒသမ သုံးသန်း နှင့် နှစ် ဒသမ ခြောက်သန်း ကြား ထွက်ရှိ လျက်ရှိကြောင်း သိရပါသည်။ - ဖိုးချဲ(AMIA) - ------ - မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12 - သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို - ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်. - သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437 
 

 ပင်မစာမျက်နာ
ပင်မစာမျက်နာ အဖွဲ့များ
အဖွဲ့များ စူးစမ်းရန်
စူးစမ်းရန် စာတို
စာတို ကျွန်ုပ်
ကျွန်ုပ် စျေးနှုန်း
စျေးနှုန်း
