cover

ထွက်တိုး

coverပင်မစာမျက်နာ
coverအဖွဲ့များ
coverစူးစမ်းရန်
coverစာတို
coverကျွန်ုပ်

ကိရိယာများ

coverစျေးနှုန်း
ရာသီဥတုအလိုက်သီးနှံခန့်မှန်းခြင်း
ရာသီဥတု
ငါးစာ တွက်ချက်ဖော်စပ်နည်း

ကျွန်ုပ်၏ အဖွဲ့များ


အဖွဲ့များအားလုံး

Privacy Policy

user profile image
ဆွေးနွေးမယ်image
ပြန်သွားပါ

ပြည်နယ်နှင့်တိုင်းအလိုက် မိုးလေဝသခန့်မှန်းချက်၊ စိုက်/မွေးအကြံပြုချက်

. ရာသီဥတု သတင်းများ
၂ဝ၂၅ ခုနှစ်၊ သြဂုတ်လ ၆ ရက် မှ သြဂုတ်လ ၁၂ ရက် နေ့အထိ ၇ ရက်တာ မိုးလေဝသ ခန့်မှန်းချက် အနေဖြင့်
  • ရန်ကုန်တိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၄) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၆၊ ၇၊ ၁၀ ရက်နေ့ တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းဝန်းကျင် ရှိပြီး သြဂုတ်လ ၉ ရက်နေ့တွင် ၈၀ ရာခိုင်နှုန်းကျော် ရှိနိုင်ပါသည်။ ကျန်ရက်များတွင် ၇၀ ရာခိုင်နှုန်းအောက်သာ ရှိပါသည်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။         

    မန္တလေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၂၂) ရာခိုင်နှုန်း မှ (၈၈) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၆ ရက်နေ့တွင် မိုးရွာရန် ၈၈ ရာခိုင်နှုန်းရှိပြီး ကျန်ရက်များတွင် မိုးရွာရန် ၇၀ ရာခိုင်နှုန်းအောက် ရှိသဖြင့် နေပြင်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။            

       နေပြည်တော်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၆၂) ရာခိုင်နှုန်း မှ (၉၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၆၊ ၈၊ ၉ ရက်နေ့တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းနီးပါး ရှိပြီး ကျန်ရက်များတွင် ၇၀ ရာခိုင်နှုန်းဝန်းကျင်သာ ရှိနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၃°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။            

       တောင်ကြီးအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၈) ရာခိုင်နှုန်း မှ (၉၀) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၆၊ ၁၂ ရက်နေ့တို့မှာ မိုးရွာရန် ၈၀ ရာခိုင်နှုန်းဝန်းကျင်ရှိပြီး ၈ ရက်နေ့တွင် ၉၀ ရာခိုင်နှုန်းအထိ ရှိနိုင်ပါသည်။ ကျန်ရက်များတွင် မိုးရွာနိုင်ချေ နည်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၂၅°C နှင့် အနိမ့်ဆုံးအပူချိန် ၁၆°C ရှိနိုင်ပါတယ် ခင်ဗျာ။           

       မကွေးတိုင်းအတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၇) ရာခိုင်နှုန်း မှ (၇၅) ရာခိုင်နှုန်း အထိရှိနိုင်ပါတယ်။ သြဂုတ်လ ၆ရက်နေ့မှ ၁၂ ရက်နေ့အထိ မိုးရွာရန်ရာခိုင်နှုန်း ၇၅ အောက်သာရှိပါသဖြင့် ယခုအပတ်အတွင်း မိုးရွာရန် ရာခိုင်နှုန်းနည်းနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၄°C နှင့် အနိမ့်ဆုံးအပူချိန် ၂၄°C ရှိနိုင်ပါတယ် ခင်ဗျာ။            

       ဧရာဝတီတိုင်း၊ ပုသိမ်အတွက် မိုးလေဝသခန့်မှန်းချက် အနေဖြင့် မိုးရွာရန် (၄၀) ရာခိုင်နှုန်း မှ (၉၆) ရာခိုင်နှုန်း အထိရှိနိုင်ပါသည်။ သြဂုတ်လ ၆၊ ၇၊ ၁၀ နေ့တို့တွင် မိုးရွာရန် ၉၀ ရာခိုင်နှုန်းကျော်ရှိပြီး သြဂုတ်လ ၁၁၊ ၁၂ ရက်နေ့တို့တွင် ၈၀ ရာခိုင်နှုန်းရှိပါသည်။ ၈ ရက်နေ့တွင် နေသာနိုင်ပါသည်။ ပျမ်းမျှအပူချိန်တွေကတော့ အမြင့်ဆုံး အပူချိန် ၃၂°C နှင့် အနိမ့်ဆုံးအပူချိန် ၂၅°C ရှိနိုင်ပါတယ် ခင်ဗျာ။    

       Global Flood Awareness and Global Flood Monitoring System များမှ ဩဂုတ် ၄ ရက်နေ့တွင် ရရှိသည့် update အချက်အလက်များအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ တောင်ပိုင်းနှင့်အရှေ့ပိုင်းရှိ သံလွင်မြစ်၊ အင်းလေးဒေသတွေမှာ အနီရောင်အဆင့် သတိပေးချက်(HIGH ALERT LEVEL) ဩဂုတ်လ ၁၈ ရက်အထိ ဆက်ရှိနေဦးမှာဖြစ်ကြောင်း တွေ့ရပါတယ်။

    သံလွင်မြစ် - ကွမ်းလုံ၊ တာကော် reporting station များတွင် ရေစီးနှုန်းအတက်ပြနေပြီး ကယားပြည်နယ် ဖားဆောင်းမှာ အကျ ပြနေပါတယ်။

    ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူခရိုင်အတွင်းမှာ ရေစီးနှုန်းတန့် နေပြီး ဩဂုတ်လ ၁၈ ရက်အထိ အနီရောင်အဆင့် သတိပေးချက်ဆက်ရှိနေမှာဖြစ်ကြောင်း တွေ့ရပါတယ်။

    ကယားပြည်နယ် ဖယ်ခုံ မှာလဲ အင်းလေးဘက်မှ စီးဆင်းလာတဲ့ရေစီးနှုန်း တန့်နေပြီး EXTREME LEVEL ALERT(ခရမ်းရောင်)မှာ ဩဂုတ်လ ၁၈ ရက်အထိ ဆက်ရှိနေနိုင်မှာဖြစ်ကြောင်း တွေ့ရပါတယ်။

    ဩဂုတ်လ ၅ ရက် မှ ၁၁ ရက်အထိ ၇ ရက် မိုးလေဝသခန့်မှန်းချက်များမှာ ပင်လယ်ပြင်တွင် ထူးခြားမိုးလေဝသအခြေအနေဖြစ်ပေါ်နိုင်ခြင်းမရှိ၊ တောင်တရုတ်ပင်လယ်မှာလည်း မုန်တိုင်းဖြစ်ပေါ်ခြင်းမရှိတာကြောင့် မိုးအားလျော့နည်းနေတာက မြစ်ရေမြင့်တက်လာနိုင်ချေကို လျော့ပါးစေပြီး သတိပေးချက်အဆင့်(ALERT LEVEL)တွေ လျော့လာနိုင်ပါတယ်။

    မိုးလယ်ကာလကုန်ဆုံးချိန် ဩဂုတ်လ ၃၁ ရက်နေ့အထိ နေရာကွက်ပြီး မိုးသည်းထန်နိုင်တာ၊ မိုးရေချိန်များနိုင်တာ၊ ရုတ်တရက်ရေကြီးခြင်း(Flash Flood)ဖြစ်နိုင်တာတွေကိုလည်း သတိရှိရှိနဲ့ ဆက်လက်စောင့်ကြည့်ပေးကြဘို့တိုက်တွန်းချင်ပါတယ်။

    (ဩဂုတ် ၄ ရက် ညနေ ၄ နာရီ ၃၀ မိနစ်)

    ကိုးကား။ Accweather ၊ ဆရာဦးဝင်းနိုင်   

    ကွမ်းစိုက်တောင်သူများထံသို့ စိုက်ပျိုးရေးဆိုင်ရာအကြံပြုချက်

    • လတ်တလော မိုးရွာသွန်းမှုနည်းပြီး အပူချိန်ပြန်လည်မြင့်တက်လာတာကြောင့် ကွမ်းခြံများတွင် ပျပိုးများကျရောက်လာသည်ကိုတွေ့ရသဖြင့် ကာကွယ်နှိမ်နင်းနည်းများကိုအကြံပြုဆွေးနွေးပေးလိုက်ပါတယ်။
    • ပျပိုးသည် စိုက်ခင်းအစိုဓာတ်များ၍ အပူချိန်မြင့်ချိန်တွင် အဓိကပွားများနှုန်းမြန်ပါတယ်။
    • လိင်မဲ့နည်းနဲ့လည်း မျိုးပွားနိုင်တာမို့ ပျကျနေတဲ့အညွန့်၊ကိုင်းတွေကိုမရှင်းဘဲ ဆေးပဲဖျန်းနေရင်မထိရောက်နိုင်ပါဘူး။
    • အရင်ဆုံးပျကပ်နေတဲ့အရွက်၊ ကိုင်းတွေကိုရှင်းလင်းပေးပါ။
    • နိုက်ထရိုဂျင်(N)အဓိကပါတဲ့ ရွက်ဖျန်းအားဆေးတွေဖျန်းတာကိုလည်း ရပ်ထားပေးပါ။
    • ပျအတွက် ဓာတုပိုးသတ်ဆေးအနေနဲ့ Acetamiprid, Spirotetramat တို့လိုဆေးမျိုးကို ရွေးချယ်ဖျန်းနိုင်ပါတယ်။ 

    ငါး၊ ပုစွန်ကန်များ ရေညှိပေါက်နေခြင်းအတွက် အကြံပြုချက်

    ခုတလော ငါး၊ပုစွန်မွေးမြူရေးကန်ပိုင်ရှင်များက ရေညှိဖယ်ရှားရန် နည်းလမ်းများ မေးလာတာကြောင့် ဖော်ပြပေးလိုက်ပါတယ်။

    ငါးမွေးကန်များတွင် ရေအရောင် စိမ်းနေရာမှ ရေညှိဖတ်များ/ ဂျယ်လီတုံးကလေးများ ဖြစ်လာခြင်းသည် အပင်မျှောလှေးများ သေကြေပျက်စီးခြင်းကြောင့် ဖြစ်သည်။ ထိုသို့ဖြစ်နေပါက တစ်ဧကလျှင် ဒုတ္တာ(ကောပါးဆာလဖိတ်) ၆၀ ကျပ်သားမှ ၈၀ ကျပ်သားအထိသုံးစွဲနိုင်ပါသည်။

    အသုံးပြုနည်းမှာ - ဒုတ္ထာ ၆၀ သားကို အင်္ကျီစ သို့မဟုတ် ပိတ်စလေးများနှင့် အထုပ်လေးတွေထုပ်ပြီး တိုင်မှာချည်ပါ။ ပြီးရင် ရေမျက်မှာပြင်အောက် ၄-၆ လက်မခန့်မှာ နှစ်ပြီးတိုင်ကို စိုက်ထားပေးပါ။ နေရာစိပ်စိပ်၊ တိုင်များများစိုက်နိုင်ရင် ပိုကောင်းပါသည်။။

    ထို့ကြောင့် ငါးမွေးမြူရေးနှင့်ပတ်သတ်ပြီး အကြံဉာဏ်ရယူလိုပါက ကောစင်တာနံပါတ် 09977910000 သို့ ဆက်သွယ်နိုင်ပါသည်။

    စိုက်ပျိုးရေး နှင့် မွေးမြူရေး နည်းပညာများနင့် ပတ်သတ်ပြီး ဆွေးနွေးတိုင်ပင်လိုပါက ထွက်တိုးကောစင်တာ 09977910000သို့ ဆက်သွယ်နိုင်ပါသည်။  

    ----------------         

    မိုးလေဝသအဖွဲ့ဝင်ရန် - https://htwettoe.com/organization/12           

    သီးနှံပေါက်စျေးနှင့် တိုင်းဒေသကြီးအလိုက် ပေါက်စျေးကြည့်ရှုလိုပါက_ https://htwettoe.com/market မှာ ကြည့်ရှုနိုင်သလို            

    ထွက်တိုး ဖုန်းဆော့ဝဲ _ https://www.htwettoe.com/download မှာ ကြည့်ရှုနိုင်ပါတယ်.           

    သီးနှံပေါက်စျေးကြည့်ရှုနည်း_ https://htwettoe.com/post/50437     


likes
8
comments
0
views
2322
cover
cover
cover
cover
cover